ပြည်တွင်းက နိုင်ငံခြားကုမ္ပဏီတွေနဲ့ NGO အခြေပြု ပရော့ဂျက်လုပ်ငန်း ဖျက်သိမ်းတာတွေ ဒီလပိုင်းမှာ အရင်ကနဲ့စာရင် ပိုပြီးများလာတယ်လို့ ကုမ္ပဏီရေးရာဝန်ဆောင်မှု MES လုပ်ငန်း လုပ်နေသူတွေက ဗွီအိုအေကို ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာက အရေးယူဒဏ်ခတ်မှုတွေချထားချိန် ပြည်တွင်းစီးပွားရေး အခြေအနေ ဘယ်လိုရှိနေပါလဲ။ စစ်ကောင်စီဥက္ကဋ္ဌကတော့ နိုင်ငံတော်အရေးပေါ် အခြေအနေသက်တမ်း တိုးထားတဲ့ ၆ လအတွင်းမှာ စီးပွားရေးဦးမော့အောင် လုပ်မယ်လို့ ပြောထားပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ပေးပါမယ်။
“အကုန်လုံးကောင်းကောင်းမွန်မွန်ရှိတယ်။ နေမှုထိုင်မှုကော ကျွေးမွေးမှုကော၊ ဆေးကုသမှုကော အကုန်လုံးအဆင်ပြေတယ်။ အကျဉ်းကနေ အကျယ်ဆိုတော့ပျော်တာပေါ့။ အပြင်ရောက်တော့ ပိုပျော်တာပေါ့။ နောက်နောင် ဒီလို အဖြစ်တွေမဖြစ်ပါစေနဲ့ဆုတောင်းရတာပေါ့။ သေတွင်းကနေ ထွက်လာရတာဆိုတော့ ကံကောင်းလို့ထွက်လာရတာလေ။” (မိဘတဦး)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတာတွေကြောင့် ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေ တစထက်တစ တိုးလာနေပြီး ဒုက္ခသည်တွေအတွက် လိုအပ်ချက်ကလည်း အရင်ကထက် ပိုများလာပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ပေးပါမယ်။
“၁၀ နာရီ ၃၅ မိနစ်လောက်မှာ ကင်မွန်းစခန်းကားဂိတ်မှာ ဖြစ်တာ။ ဘုရားဖူးတွေ ထိတယ်ဗျ။ သေတာ ၃ ယောက်ပါ။ ၁၈ ယောက် ထိသွားပါတယ်။ ကျိုက်ထိုဆေးရုံကို အကုန်လုံး ပို့ပြီးတော့ လိုအပ်တာကို မြို့နယ်အုပ်ချုပ်ရေးကော၊ တပ်ကော။ ဂေါပက အဖွဲ့ကော၊ ရပ်မိရပ်ဖတွေကော လိုအပ်တာတွေ အကုန်လုံးပံ့ပိုးနေပါတယ်။” (ဂေါပကအဖွဲ့ဝင်)
မြန်မာနိုင်ငံအခြေအနေအပေါ် နိုင်ငံတကာစောင့်ကြည့်ဝေဖန်နေကြချိန်မှာပဲ၊ အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေအပေါ် ပြည်တွင်း၊ ပြည်ပ တိုင်းရင်းသားအင်အားစုတွေ ဒီမိုကရေစီတတ်ကြွလှုပ်ရှားသူတွေရဲ့ ဖိအားတွေ ရှိနေပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ပေးပါမယ်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းနဲ့ ငါးနှစ်အရွယ် ကလေးတဦးအပါအဝင် မိသားစုဝင်ငါးဦးစလုံးကို အောက်တိုဘာလ ၅ ရက် ည ၈ နာရီလောက်က ပုန်းခိုနေတဲ့ နေရာမှာ စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဆွေမျိုးတော်စပ်သူ တဦးက ဗွီအိုအေကို ပြောပါတယ်။
မန္တလေးတိုင်း ညောင်ဦးမြို့နယ်မှာ အောက်တိုဘာပထမပတ်အတွင်း နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့သူတွေကို အမည်မသိ လက်နက်ကိုင်တွေက ဝင်ရောက်ဖမ်းဆီး သတ်ဖြတ်တဲ့ လူသတ်မှု ၇ မှု ဖြစ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးထောင်ဘို့တိုက်နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မြန်မာစစ်တပ်က ညွှန်ကြားခဲ့ပြီးနောက် ယာယီခိုလှုံနေတဲ့ တဲသုံးလုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ကြပါတယ်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုနိုင်ဖို့ စစ်ကောင်စီနဲ့ NUG ကြား အားပြိုင်မှုတွေလည်း ရှိနေပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ပေးပါမယ်။
မြန်မာနိုင်ငံထဲကနေ ပြည်ပကို အလုပ်သွားလုပ်ဖို့ ကြိုးစားတဲ့သူတွေ များလာနေချိန်မှာ အလုပ်ရှာပေးမယ်ဆိုတဲ့ အကျိုးဆောင်ပွဲစားတွေရဲ့ လိမ်လည်မှု ခံရသူတွေ အများအပြား ရှိနေပါတယ်။ နိုင်ငံကူးလက်မှတ် လျှောက်ရာမှာ အခက်အခဲတွေ ရှိတာကြောင့် လိမ်လည်သူတွေ အကျိုးဆောင်တွေ အမြတ်ထုတ်စရာဖြစ်နေတယ်လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ တကျော့ပြန် နယ်မြေရှင်းလင်းနေတာ ၁ လ ကျော် ရှိသွားပြီး စက်တင်ဘာ ၁၆ ရက်ကနေ ၂၈ ရက်အထိ ၁၃ ရက်အတွင်း ကျေးရွာ ၂၁ ရွာက နေအိမ်ပေါင်း ၈၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ တန့်ဆည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။
ရခိုင်မြောက်ပိုင်းက မောင်တောမြို့နယ်၊ ကျောက်တော်နဲ့ မင်းပြားစတဲ့မြို့တွေက ကျေးရွာတချို့မှာ မြန်မာစစ်တပ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျတဲ့အတွက် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရတဲ့အကြောင်း ရခိုင်ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတကာဖယ်ကျဉ်မှု တိုးလာနေချိန်မှာ စစ်ကောင်စီဟာ ရုရှားနဲ့ ပိုနီးကပ်တဲ့ ဆက်ဆံရေးရှိပြီး စစ်ကောင်စီခေါင်းဆောင် ရုရှားနိုင်ငံကို သွားခဲ့ပြီးနောက် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို ကြေညာသွားပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ပေးပါမယ်။
"အခုနေပေါ့ ၂၅ မှတ်ဆန် ရိုးရိုးဆိုရင် ၃၆၂ ဒေါ်လာလောက်ရှိတယ်။ အခုလက်ရှိ ဒေါ်လာဈေးနဲ့ အခု local ဆန်ဈေးနဲ့က မကိုက်ဘူးဖြစ်နေတယ်။ sea trade ကိုပျက်စီးသွားတဲ့ပုံစံ ဖြစ်နေတယ်။ အဲဒီ sea trade သွားလို့မရအောင် ဘင်္ဂလားဒေ့ရှ်က ထောက်ထားတာ။ ဒါကြောင့်စပါးဈေးက ပိုးစိုးပက်စက် မကျနိုင်တော့ဘူး။"(ဆန်ကုန်သည်)
“လူကြီး ၅ ယောက် ကလေး ၁၂ ယောက်ခင်ဗျ။ မိဘတွေနဲ့ အဆက်အသွယ်ရတာ ကလေး ၂ ယောက်လောက်ပဲရှိတယ်။ အဆင်ပြေတယ်။ ဆေးကုပေးတယ်ဆိုတဲ့အကြောင်းကို လှမ်းသတင်းပို့တယ်။ အသက်အန္တရာယ် အာမခံချက်မရှိတော့ စိုးရိမ်တာပေါ့။ ဘယ်လိုနေထိုင်ရလဲဆိုတာ ဘာမှ သတင်းမရတော့ အကုန်လုံး စိုးရိမ်နေကြတယ် တရွာလုံးပဲ။” (လက်ယာက်ကုန်းရွာသား)
တရုတ်-မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင် ၇ ဖွဲ့ဟာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ်မှာ တွေ့ဆုံခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေး ပိုမိုခိုင်မာစေဖို့နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း AA ဒုတိယခေါင်းဆောင်က ဒီကနေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကျပ်ငွေဈေး အဆမတန်ကျဆင်းမှုက အထွေထွေစားဝတ်နေရေး ကိစ္စတွေအားလုံးကို ရိုက်ခတ်မှု ကြီးမားတယ်လို့ ကိုယ်တိုင်ကြုံနေရသူတွေက ပြောပါတယ်။ ဗဟိုဘဏ်ငွေလဲနှုန်းနဲ့ အပြင်ပေါက်တဲ့ ဒေါ်လာဈေး အဆမတန်ကွာဟတာကြောင့် ပိုအထိနာစေတာပါ။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
“ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ဖို့အတွက်လည်း အဲဒီမှာ ပစ်သံကြားရင် မနေရဲဘူး။ ကလေးတွေ၊ သက်ကြီးတွေနဲ့ဆိုတော့လေ။ နေရတာကလည်း နှစ်ဘက်တပ်တွေရဲ့ ကြားထဲမှာဆိုတော့ မနေရဲလို့ ထွက်ပြေးနေကြတာ။” (စစ်ဘေးရှောင်ဒုက္ခသည်)
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေဆဲမှာ စစ်ကောင်စီတပ်တွေ ဝေဟင်၊ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ အထူးအထိနာရတာပါ။ ထွက်ပြေးရသူတွေ နေရပ်မပြန်နိုင်၊ နေရပ်မှာကျန်သူတွေ တိုက်ခိုက်ခံရ ဖြစ်ပါတယ်။ သတင်းထောက်မှတ်စုမှာ ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်