ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ရောက်လာခဲ့ပြီး စစ်ကောင်စီအကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ခရီးစဉ်အပြီး သူ့ရဲ့ ထုတ်ပြန်ချက်ကိုတော့ စစ်ကောင်စီက ဝေဖန်ခဲ့တာပါ။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
" လက်ရှိကျနော်တို့ ဆီလုပ်ငန်းလုပ်တဲ့ တလျှောက်ကတော့ ဒီနှစ်ဈေး အများဆုံးပဲ၊ ကိုယ်ရောင်းချင်တဲ့ဈေးနဲ့ ရောင်းမယ်ဆိုရင် ဘယ်ပန့်ဆိုင်မှမပိတ်ဘူး ဖွင့်နိုင်တာပေါ့။ ဝယ်ရတဲ့ဈေးတွေကြီးပြီး ပြန်ရောင်းတဲ့ဈေးက နည်းနေတဲ့အခါကျတော့ မရောင်းနိုင်ကြဘူး။ အရှုံးခံပြီး မရောင်းကြဘူး၊ ပိတ်တာပေါ့။”(စက်သုံးဆီလုပ်ငန်းရှင်)
NCA ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးတဲ့အခါကျတော့ ဖက်ဒရယ်စနစ်တည်ဆောက်ဖို့အတွက် အခြေခံဥပဒေမှာ ဘာတွေ ပြင်ရမလဲ၊ ဘာတွေဖြစ်ရမလဲဆိုတာကို အဓိက ဆွေးနွေးနေကြတာ။ အဲဒါဆွေးနွေးရင်းနဲ့မှ တပ်တွေ အသွင်ပြောင်းရေးကိစ္စကို လုပ်ရမှာ။ အဲဒါက NCA စာချုပ်ထဲမှာလည်း ရှင်းရှင်းလင်းလင်းပါပြီးသား။” (ဦးရဲထွန်း-နိုင်ငံရေးသုံးသပ်သူ)
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နဲ့ကနီမြို့တွေမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေသလိုချင်းတွင်းမြစ်ကြောင်းကိုသုံးပြီး အထက်ပိုင်းအထိ လူနဲ့လက်နက်ရိက္ခာတွေ ပို့ဆောင်နေတဲ့ မြစ်ကြောင်းတလျှောက်က ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြောင်း ဒေသခံတွေက ပြောနေကြပါတယ်။
နိုင်ငံတော်အရေးပေါ် အခြေအနေသက်တမ်းတိုးထားတဲ့ ၆ လ အတွင်း စီးပွားရေးဦးမော့အောင် လုပ်သွားမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောထားပါတယ်။ ပြီးခဲ့တဲ့ကာလတွေအတွင်း ပြည်သူတွေ ဘယ်လိုအခြေအနေကြုံခဲ့ရပါသလဲ။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
ထင်ရှားတဲ့နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို “ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီး” ဆိုပြီး စစ်ကောင်စီက ကွက်မျက်လိုက်လို့ ပြင်းပြင်းထန်ထန်ရှုတ်ချခံရပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ကျင်းပခဲ့တဲ့ အာဇာနည်နေ့မှာ အာဇာနည်ခေါင်းဆောင် ကိုးဦးထက်မကဘဲ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေကိုပါ အာဇာနည်အဖြစ် နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေ ဦးညွတ်အလေးပြုခဲ့ကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား ဒီနေ့ မနက်ပိုင်းက တိုက်ပွဲ ၃ကြိမ်လောက် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ KIO ဘက်ကတော့ ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေတာ ၁၀ရက်ကျော်လာနေပြီး စစ်ရေးအခြေအနေဟာ ဆက်လက် တင်းမာနေေကြောင်း ပြောပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေအတွင်းက ကလေးသူငယ်အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အမည်မဲ နာမည်ပျက်စာရင်းမှာ မြန်မာနိုင်ငံကိုပါ ထည့်သွင်းလိုက်ပါတယ်။ မြန်မာကလေးတွေဟာ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေရဲ့ အကျိုးဆက်တွေကြားမှာ နေထိုင်နေရလို့ ဖြစ်ပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
“ခုကျန်းမာရေးအခြေအနေအရ ကိုဗစ်ကိုပျောက်သွားပြီ၊ ငြိမ်သွားပြီ၊ သက်သာသွားပြီဆိုပြီးတော့ သူ့ရဲ့မျိုးကွဲတွေက ဟိုဘက်ကပေါ်လာလိုက်၊ ဒီဘက်ကပေါ်လာလိုက်ဖြစ်နေချိန်မှာ အရပ်ထဲမှာ ပြဿနာမရှိပေမယ့် ကျနော်တို့နေရာမှာ သူများထက် ဂရုစိုက်ပေးရပါတယ်။ အဲဒါကိုဆိုလိုတာပါ။” (ဒု ညွှန်ချုပ်- အကျဉ်းဦးစီးဌာန)
“အဓိကက ၂ ခုပဲ ဆွေးနွေးတာပါ။ ပထမအချက်က မိုင်းရှူးမြို့နယ်ထဲမှာရှိတဲ့ တပ်စခန်း ရွှေ့ဖို့၊ ဘယ်လိုအခြေအနေ ရှိလဲဆိုတာ လာပြီး update လုပ်တာပေါ့ဗျာ။ နောက်တခုက မူးယစ်တရားခံတယောက်ဖမ်းလာပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေ လာပြောတာပေါ့ဗျာ။ ငြိမ်းချမ်းရေးကိစ္စဘာမှမရှိပါဘူး။” (ဗိုလ်မှူးစိုင်းဖုန်းဟန်- SSPP ပြောခွင့်ရ)
မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခ ပိုတင်းမာနေတဲ့ အခြေအနေရဲ့ ရိုက်ခတ်မှုအဖြစ် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေလည်း ပိုများလာပြီး အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးပြဿနာလို အသက်ရှင်ရပ်တည်ရေးအတွက် အခြေခံလိုအပ်ချက်တွေမှာ ပိုထိခိုက်လာရပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
“ဦးကျော်မျိုးမင်းရယ်၊ ဦးပန်းမြင့်ရယ်၊ ဦးကိုကိုမောင်ရယ်၊ ရွာသားတဦးရယ်။ ဦးကျော်မျိုးမင်းအလောင်းကိုတော့ ဒီနေ့မှ ပြန်တွေ့တာပေါ့။ လက်ပြန်ကြိုးတွေတုပ်ထားတယ်။ လည်ပင်းတွေလည်း ကြိုးတုပ်ထားတယ်။ နောက်သူ့ရဲ့ မျက်နှာကိုကျတော့ ရေမြောင်းထဲမှာ မှောက်လျက်ပေါ့နော်၊ ရေနှစ်ထားတဲ့ပုံစံပေါ့။” (မိသားစုနဲ့နီးစပ်သူ)
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှာ အိန္ဒိယနိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရပြီးနောက် နယ်စပ်အခြေအနေတင်းမာနေပါတယ်။ အိန္ဒိယနိုင်ငံ မိုးရေးမြို့မှာ ဒေသခံတွေ ဆန္ဒပြခဲ့ကြသလို မြန်မာနိုင်ငံ နမ့်ဖာလုံဘက်က ရဲကင်းတခုကိုလည်း မီးရှို့ခဲ့ကြပါတယ်။
စစ်တပ်က အကြီးအကျယ် နယ်မြေရှင်းလင်းနေတဲ့ စစ်ကိုင်းတိုင်း နေရာအချို့မှာ မိုဘိုင်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ခံ ထားရတဲ့အတွက် စစ်ဘေးရှောင်ဒေသခံတွေဟာ သတင်းအချက်အလက်တွေ သိရဖို့ အတွက် ခက်ခက်ခဲခဲ လုပ်ဆောင်နေရပါတယ်။
ချင်းပြည်နယ်၊ လိုင်လင်းမီမြို့နယ်ကနေ မတူပီမြို့နယ်ဘက် ချီတက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးတပ် CDF တို့ ဒီနေ့ ဇူလိုင်၆ရက် မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ရခိုင်လက်နက်ကိုင် AAအဖွဲ့ စခန်းတခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင် ၆ဦး သေဆုံးသွားတဲ့အပေါ် လက်တုန့်ပြန်မယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေ ပြည်သူတွေကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တာတွေ ရပ်တန့်ဖို့ နိုင်ငံတကာ ညှဉ်းပန်းနှိပ်စက်ခံရသူများ ကူညီထောက်ပံ့ရေးနေ့မှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အာဆီယံအထူးသံတမန်နဲ့ တိုင်းရင်းသားလက်နက် ကိုင် ၇ ဖွဲ့တို့ ဒီကနေ့ တွေ့ဆုံခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာမှုအကူအညီတွေပေးအပ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးဆိုတဲ့ အချက်သုံးချက်ကို သူ့အနေနဲ့ အဓိကထားဆောင်ရွက်သွားမယ်လို့ အာဆီယံအထူးသံက ရှင်းလင်းပြောဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေကြောင့် လူထုနေ့စဉ်ဘဝ လုံခြုံရေးအတွက် စိုးရိမ်နေကြရပါတယ်။ လူနေထူထပ်တဲ့ မြို့ကြီးတွေမှာ တရားဥပဒေစို;မိုးမှု အားနည်းနေသလို၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ကြုံနေရတဲ့ဒေသတွေမှာလည်း လုံခြုံမှုမဲ့နေတာပါ။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး ဆက်ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်