စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ထိမ်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအစည်းအဝေးမတိုင်ခင် ရက်ပိုင်းအလို တွေ့ဆုံခဲ့တဲ့အပေါ် ဘယ်လိုတုံ့ပြန်မှုတွေ ရှိပါလဲ။ ရန်ကုန်ကပေးပို့ထားတဲ့ သတင်းထောက်မှတ်စု ကိုသားညွန့်ဦး ပြောပြပါမယ်။
အလုပ်အကိုင် ရှားပါးမှုနဲ့ ကျပ်ငွေတန်ဖိုး ဆက်ပြီးကျနိုင်ခြေရှိတာကြောင့် ရွှေ၊ ကားနဲ့ အိမ်ခြံမြေ ဝယ်ယူ စုဆောင်းသူတွေ သိသိသာသာ ပိုများလာပြီး ဈေးတွေထိုးတက်နေတယ်လို့ လုပ်ငန်းရှင်တွေကပြောပါတယ်။ နိုင်ငံရေးအခြေအနေကြောင့် ကာလတခုအထိ ဒီလုပ်ငန်းတွေမှာ စျေးနှုန်း ဆက်တက်နေဦးမယ်လို့လည်း အများက ခန့်မှန်းနေကြပါတယ်။
မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးပြဿနာတွေ ကြုံနေကြပါတယ်။ ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျားရောဂါတွေအဖြစ်များနေတာမို့ ကျန်းမာရေးအကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေ ပြောနေတဲ့အကြောင်းသတင်းထောက်မှတ်စုအစီအစဉ်မှာ ကိုသားညွှန့်ဦးပြောပြထားပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အနီးက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဖက်က လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ အများစု နေရပ်မပြန်နိုင် ကြသေးသလို၊ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ နေထိုင်စားသောက်ရေး အခြေခံလိုအပ်ချက်တွေနဲ့ အခက်အခဲတွေလည်း ပိုပြီး များလာနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ဆန့်ကျင်မှုတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေကြရသူ အများစု နေရပ် မပြန်နိုင်ကြသေးပါဘူး။ စစ်ကိုင်းတိုင်းထဲက စစ်ပြေး ဒုက္ခသည်တွေကြုံတွေ့နေရတဲ့ အခြေအနေကို သတင်းထောက်မှတ်စု အစီအစဉ်မှာ ကိုသားညွန့်ဦး တင်ပြထားပါတယ်။
ဂျာမန် အားကစားအဝတ်အထည် ကုမ္ပဏီ Jako အတွက် အထည်တွေ ချုပ်ပေးနေတဲ့ မြန်မာပြည်တွင်း စက်ရုံတခုက ဝန်ထမ်းနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီးတဲ့နောက်၊ မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေရပ်ဖို့ စီစဥ်နေပြီလို့ Jako ကုမ္ပဏီက ကြေညာပါတယ်။
စ်ကိုင်းတိုင်း စစ်ကိုင်းမြို့ စဉ့်ကိုင်ရွာအနီး ဒေသခံကာကွယ်ရေး တပ်စခန်းတခုကို စစ်တပ်က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
" အရန်ဒေါ်လာတွေ အစိုးရက ထုတ်ရောင်းနေတယ်။ လောလောဆယ်တော့ တလလောက်တော့ သိပ်ပြီးတော့ ဆိုးဆိုးဝါးဝါးတော့ မဖြစ်နိုင်သေးပါဘူး။ တလကျော်ရင်တော့ မပြောတတ်ဘူး။ ကျနော်တို့ အမြင်ကတော့ ဖြစ်ရင် (လုပ်ငန်းတွေအပေါ် ရိုက်ခတ်နိုင်ခြေ) နောက်လလောက်မှ ဖြစ်မယ်။"
ကျောက်ဖြူမြို့နယ် ကျောက်တလုံးမွတ်ဆလင်ဒုက္ခသည်စခန်းကို နေရာသစ်မှာ ပြောင်းရွှေ့လိုက်တဲ့နောက် ဒုက္ခသည်တွေ နေထိုင်ရေးခက်ခဲနေကြပါတယ်။
မုန်တိုင်းကြောင့်တန်ဖိုး ကျပ် ၅၂၂ ဘီလီယံကျော်ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မှာ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေအတွက် လက်ရှိအချိန်ထိ ပြည်ထောင်စုက ကျပ် ၁၂ဘီလီယံ လောက်သာ သုံးစွဲခွင့်ပြုထားတယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံတော်လှန်ရေး အင်အားစုတွေကြား လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်တဲ့ ဒေသဖြစ်တဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်မှာ ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ဖွဲ့စည်းလိုက်ပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ သတင်းထောက်မှတ်စု ကိုသားညွန့်ဦး ပြောပြပါမယ်။
စစ်ရေးပဋိပက္ခကြောင့် ရှမ်းပြည်တောင်ပိုင်းမှာ ကာလကြာရှည် တိမ်းရှောင်နေရတဲ့ သောင်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ ပြတ်လပ်ပြီး၊ ဒုက္ခကြုံနေ ကြရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦး ပြောပြမှာပါ။
အထည်ချုပ်စက်ရုံတွေဟာ အခု မေလထဲ ဥရောပနဲ့အမေရိကန်ကအပ်ထည်တွေကို ချုပ်ပေးနေရပြီး၊ အရင်ကထက် အော်ဒါ ပိုရလာတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ သတင်းအရင်းအမြစ်တွေကတဆင့်သိရပါတယ်။
မန္တလေးတိုင်း စဥ့်ကူးမြို့နယ်အောက်ပိုင်းက သဲအင်းကျေးရွာကို မေလ ၂၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက် ကိုသားညွန့်ဦးပြောပြမှာပါ။
မန္တလေးတိုင်း စဥ့်ကူးမြို့နယ်အောက်ပိုင်းက သဲအင်းကျေးရွာကို မေလ ၂၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ကျွန်းကြီးနဲ့ သဲအင်းကျေးရွာတို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့ ၁၆ မိုင်ကွာဝေးတဲ့ မကျီးစုကျေးရွာကို မေ ၂၄ ရက်၊ မနက် ၁ နာရီကျော် အချိန်က စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူပျူစောထီးတွေ ကား ၃ စီးနဲ့ ရောက်လာပြီး လာရောက်မီးရှို့သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်အထွက် မင်းကန်ရွာအနီးက ဓါတ်ငွေ့ပိုက်လိုင်း လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက မေလ ၂၃ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ကနီမြို့နယ် ချောင်းမအနောက်ရွာကို Yak 130 နဲ့ ဗုံး ၂ ကြိမ် လာကြဲသွားတယ်။ အဲ့မှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ အကြောင်းပြချက် ဘာရယ်လို့ကိုမရှိဘူး။ ကြဲချင်လို့လာကြဲသွားတာ။ ထိခိုက်ပျက်စီးမှုက ချောင်းမအနောက်ရွာက စာသင်ကျောင်းရယ်၊ နေအိမ် ၃ လုံးရယ် ပျက်စီးသွားတယ်။" (ကျောက်လုံးကြီးကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ)
မကွေးတိုင်း စလင်းမြို့ သရက်တောကျေးရွာ နယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ အရပ်သားအပါအဝင် ထိခိုက်သေဆုံးမှုတွေရှိကြောင်းသိရသလို စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာလည်း စစ်ကောင်စီလိုလားတဲ့ ပျူစောထီးတပ်စွဲရာ ဇီးဖြူကုန်းရွာကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်