ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့် MNDAA ၊ တအာင်း TNLA နဲ့ ရခိုင်တပ်တော် AA စတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲ တပတ်အတွင်း အခြေအနေတွေ ဘယ်လို ဖြစ်ထွန်းမှု ရှိခဲ့ပါလဲ။ ရန်ကုန်က သတင်းထောက်မှတ်စု ကိုသားညွန့်ဦး တင်ပြထားပါတယ်။
စစ်ကောင်စီက အာဏာသိမ်းအုပ်ချုပ်လာတာ ရက်ပေါင်း ၁,၀၀၀ ရှိပါပြီ။ စစ်အာဏာသိမ်း လိုက်တာကြောင့် ပြည်တွင်းနိုင်ငံရေး အကြပ်အတည်းတွေနဲ့ ပြည်ပဖိအားတွေ ကြုံလာရသလို၊ ပြည်တွင်း အခြေခံလူတန်းစားတွေရဲ့ လူမှုဘဝကလည်း အဘက်ဘက်က ပိုပြီးခက်ခဲလာနေပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စု ကိုသားညွန့်ဦးတင်ပြထားပါတယ်။
ဗောထိကုန်းရွာကို သူတို့အထိုင်ချဖို့ရာ ကတုတ်ကျင်းတွေဘာတွေတူး၊ ဘန်ကာတွေဘာတွေ ဆောက်ဖို့လည်း စီမံနေတယ်။ နောက်ထပ်လည်း ထန်းကုန်းတိုက်နယ်ထဲဝင်သွားပြီး နေရာချဖို့တွေ စီစဥ်နေတယ်။ သူတို့ဘာလုပ်နေလဲဆိုရင် ရထားသံလမ်းကိုအရယူတဲ့ အနေအထားမျိုးဗျ။ ရထားသံလမ်းတလျှောက်ကို အထိုင်ချနေတဲ့ပုံစံရွှေ့နေတယ်ဗျ၊ (ကိုဇော်- KB 3)
တရုတ်နိုင်ငံရဲ့ဖိအားတွေကြောင့် 'ဝ'ဒေသ အာဏာပိုင်တွေဟာ ထိန်းချုပ်နယ်မြေတွေထဲက အွန်လိုင်း ငွေလိမ်ဂိုဏ်းမျိုးစုံကို ဆက်တိုက် ဖမ်းဆီးလာတဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့က ကျေးရွာတွေဆီ ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသားတွေ အများအပြားရှိနေပါတယ်။
စစ်အာဏာသိမ်းတာကို တော်လှန်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ပြေးရတဲ့ ပြည်သူသန်းချီ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ် လိုအပ်နေချိန်မှာပဲ စစ်ကောင်စီကတော့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ၈ နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စု ကိုသားညွန့်ဦး တင်ပြထားပါတယ်။
မုံရွာအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းသားအခွင့်အရေးတွေ ချိုးဖောက်ခံကြရသလို အကျဉ်းသားအခွင့်အရေး တောင်းဆိုဆန္ဒပြသူတွေကိုလည်း ထောင်တွင်းအပြစ်ဒဏ်ပေးတာ၊ ထပ်တိုးပုဒ်မတွေနဲ့ တရားစွဲဆိုခံကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက်က ပြောပါတယ်။
"၂ နှစ်ကျော်၊ ၃ နှစ်နီးပါးအတွင်း ကျနော်တို့ ချင်းလူမျိုးက ၅၀၀ ကျော်အထိ သေဆုံးခဲ့ပြီ။ နိုင်ငံတကာ အဖွဲ့တွေက လက်ပိုက်ကြည့်နေရုံ... စိုးရိမ်ပေးနေရုံမဟုတ်တော့ဘဲနဲ့ အမှန်တကယ် ထိရောက်တဲ့ အရေးယူမှုတွေလုပ်ပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို လှုံ့ဆော်ချင်ပါတယ် ခင်ဗျ။" (ဆလိုင်းဗန်ဆွီးဆန်-ချင်းရေးရာအဖွဲ့ချုပ်)
"၃၀၀ ကျော်တယ်ဗျ။ ရန်လုံကျိုင်းဂိတ်ကနေ ပြန် ရဲလက်အပ်ပေးတာ။ လောက်ကိုင်မြို့မှာ မြန်မာရဲတွေလည်း အရမ်းခြေရှုပ်နေတယ်၊ တရုတ်ပြည်ကနေ နိုင်ငံကူးလက်မှတ်မပါဘဲနဲ့ without ဝင်ခဲ့တဲ့ တရုတ်တွေပေါ့၊ အဲဒါကိုမှ ကုမ္ပဏီတွေကနေ ပြန်ပြီးဖမ်းဆီးပြီးတော့မှ တရုတ်ပြည်ကို ပြန်ပို့ပေးတာ။" (လုပ်ငန်းရှင်တဦး-လောက်ကိုင်မြို့)
မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခနဲ့ သဘာဝဘေးဒဏ်ကြောင့် အိုးအိမ်စွန့်ခွာပြေးရသူ ၂ သန်းနီးပါးအတွက် နိုင်ငံတကာက ပေးအပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေ မလောက်ငဘဲ အကူအညီတွေ အရေးတကြီး လိုအပ်နေသလို၊ ကျန်တဲ့ လူထုရဲ့ စားဝတ်နေရေး အထူးကြပ်တည်းနေပါတယ်။ ရန်ကုန်ကသတင်းထောက်မှတ်စု ကိုသားညွန့်ဦး ပြောပြပေးပါမယ်။
"ကောလင်းနဲ့ ဝန်းသိုမြို့နယ်နဲ့အစပ်ပေါ့ အဲ့နားက ကျွန်းလှခုံရွာ ကန်ဘောင်ပေါ်က လက်ဖက်ရည်ဆိုင်မှာဖြစ်တာ။ အဲ့မှာက မီးရထားရဲတွေရှိတာရော၊ နောက်ပျူလုပ်နေတဲ့အဖွဲ့တွေပေါ့၊ အဲ့ဒီအဖွဲ့တွေကို လက်နက်တွေနဲ့ဝင်ပြီးမှ ပစ်ခတ်လိုက်တာ။" (ကောလင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်)
"ကျေးရွာစုစုပေါင်းက ကျနော် ပြောပြမယ်။ ပျော်ဘွယ် ၊ ကုန်းပိုင်း ၊ မြင်သာကုန်း ရုံးပင်ရိုး ၊ ဆင်ဖြူခြေ ၊ အောင်ချမ်းသာ ၊ ရွာသစ်ကုန်း ၊ သမ္မတော် ၊ ရွှေသမင် ၊ ဘိုက်သရက် ၁၀ ရွာလောက် ပြေးရတယ်။ ဆားလင်းကြီးထဲမှာ အဲ့ ၁၀ ရွာပြေးရတာဆိုတော့ ၁ သောင်းခွဲ ၂ သောင်း ဝန်းကျင်လောက်ရှိတယ်။” (ဆားလင်းကြီး ဒေသခံ)
"တပတ်ကတ်နဲ့ ဒီကိုဝင်လာကြတယ်။ ခြောက်ရက်နေပြီး ပြန်ထွက်တယ်၊ ရွှေလီထဲမှာ လုပ်လို့ရသမျှ အလုပ်လေးတွေ ဝင်လုပ်ကြတယ်။။ တချို့ကျတော့လည်း စက်ရုံတွေက ခေါ်ထားတယ်။ ဖမ်းကာမှဖမ်းတော့ ပြန်မထွက်တော့ဘူးဆိုပြီး။ တရုတ်ပြည်က ဘယ်အချိန်ဖြစ်ဖြစ် မူဝါဒကပြောင်းနေတာ။" (ရွှေလီမြို့နေ လုပ်ငန်းရှင်)
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင်း စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရေးလုပ်နေချိန် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်အပါအ၀◌င် လူ သုံးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေပြောပါတယ်။
“၁၁ ခွဲ ဝန်းကျင်လောက်က စပစ်တာပေါ့နော်။ မရကန်ကို ပစ်တယ်။ ညောင်လှဘုန်းကြီးကျောင်းနား ဝန်းကျင်ကိုလည်း ပစ်တယ်။ ၁ စီးထဲခင်ဗျ။ MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစီးတည်းနဲ့ ပစ်တာ။ ပျံသန်းချိန်တနာရီလောက်။ ထားပါတော့ မိနစ် ၅၀ လောက်ပတ်ဝဲပြီးပစ်တာ။" (ဒီပဲယင်းဒေသခံ)
မြန်မာနိုင်ငံမှာ ပညာရေးပတ်သက်ပြီး တိုက်ခိုက်ခံရမှုဟာ ကမ္ဘာ့ဒုတိယ နေရာမှာ ရှိနေပါတယ်။ ပညာရေးကဏ္ဍ စောင့်ကြည့်တဲ့ အဖွဲ့အစည်းက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ၂၀၂၂ ခုနှစ်ထဲ စာသင်ကျောင်း တိုက်ခိုက်မှု အများဆုံးစာရင်းထဲမှာ မြန်မာနိုင်ငံက ပါဝင်နေတာပါ။ ရန်ကုန်က သတင်းထောက်မှတ်စု ကိုသားညွန့်ဦး တင်ပြထားပါတယ်။
“မရောက်ခင်ကတည်းက ကြောက်လို့ ကြိုတင်ပြေးတာပေါ့။ မိုးတွေရွာတဲ့ဗွက်ထဲမှာ အခုမှ လမ်းပဲရှိသေးတယ်။” (စစ်ဘေးရှောင်အဖွားတဦး)
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတွေ ပူးတွဲကိုင်တွယ်ဖြေရှင်းသွားဖို့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ သဘောတူခဲ့ကြပါတယ်။ မြန်မာစစ်ကောင်စီကတော့ အာဆီယံ ဆုံးဖြတ်တဲ့ မြန်မာ့အရေးနဲ့ သဘောတူညီချက်မှန်သမျှကို ကန့်ကွက်ထားပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စု ကိုသားညွန့်ဦး တင်ပြထားပါတယ်။
"ကာကွယ်ရေးအဖွဲ့တွေက အဲ့ကျောင်းကို ဒရုန်းနဲ့သွားချတာ။ ၁ ရက်နေ့ကကိုပဲ ဒရုန်းချသေးတယ်။ ချတော့ မနေ့ကစပြီးတော့ ဖမ်းတာပဲ။ ရွာသားတွေ ပြောပြချက် ကတော့ ၅၀ နီးပါး- ၅၀ ဝန်းကျင်ပေါ့။ အသက် ၆၀ ကျော်တွေလည်း ပါမယ်။ အများအားဖြင့် သူတို့ပြောနေတာက ၂၀ ဝန်းကျင် လူငယ်လူရွယ်တွေ အများဆုံး ပါမယ်ကြားတာပဲ။ (ဒေသခံ)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက ပြစ်ဒဏ်လျှော့ပေါ့၊ တချို့ကိုလွတ်ငြိမ်းခွင့်ပေးပေမဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ မတရားဖမ်းဆီးထားသူအားလုံး အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။
ဗဟိုဘဏ်ကနေ နှစ်သောင်းကျပ်တန် ငွေစက္ကူသစ် ထုတ်ဖို့ ကြေညာလိုက်လို့ အစကတည်းက မခိုင်တဲ့ ပြည်တွင်းကျပ်ငွေတန်ဖိုး သိသိသာသာ ကျဆင်းသွားပါတယ်။ စစ်ကောင်စီကတော့ ငွေကြေးဖောင်းပွ တာမျိုး မဖြစ်နိုင်ဘူးလို့ အာမခံထားပါတယ်။ ရန်ကုန်ကနေ ပေးပို့ထားတဲ့ သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်