လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတာကြောင့်ဆိုပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းမီဒီယာသမားတွေနဲ့ တတ်ကြွလှုပ်ရှားသူတွေက ကန့်ကွက်နေကြတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ပါဝင်တဲ့ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ချက်မူကြမ်း ထွက်ပေါ်လာပါပြီ။
ခွေးနဲ့ ကလေးကျန်းမာရေး
တနှစ်ကျော် သက်တမ်းရှိလာပြီဖြစ်တဲ့ NLD အစိုးရလက်ထက်မှာ အများကမျှော်လင့်သလို စီးပွားရေး လူမှုရေးတိုးတက်မှုတွေ သိသာထင်ရှားတဲ့ပြုပြင်ပြောင်းလဲမှုတွေ မတွေ့ရဘူးလို့ သုံးသပ်ဝေဖန်မှုတွေရှိသလို၊ လူမှုစီးပွားဘဝအခြေအနေဟာ ပိုဆိုးလာတယ်လို့ အတိုက်အခံပါတီကြီးကပါ ဝေဖန်နေပါတယ်။
နိုင်ငံအကြီးအကဲတွေနဲ့ သူတို့မူဝါဒတွေအပေါ် လွတ်လပ်ရေး ရေးသားပြောဆိုခွင့်နဲ့ လွတ်လပ်စွာဝေဖန်ဆန်းစစ်ခွင့်ဟာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအယူအဆတရပ်ဖြစ်ပါတယ်။
လူနည်းစုဘာသာဝင်တွေရဲ့ ဝတ်ပြုကိုးကွယ်မှုတွေအပေါ် ကန့်သတ်ထားတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေကို ပယ်ဖျက်ဖို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံအတွင်း “ ပြည်ထောင်စုကခွဲမထွက်ရဆိုတဲ့ “ အသုံးအနှုန်းအပေါ်မှာ တတ်ရောက်လာတဲ့ ကိုယ်စားလှယ်တွေအကြား အတော်လေးကို အချေအတင်ဆွေးနွေးခဲ့ရပြီး၊ အဆုံးမှာ သဘောတူညီမှုမရပဲ ညီလာခံကို အဆုံးသတ်ခဲ့ရပြန်ပါတယ်။
၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့ ဆွေးနွေးပွဲ နောက်ဆုံးရက်မှာ အပြန်အလှန်ညှိုနှိုင်းလို့မရတဲ့ အချက်အချို့ကို နောက်တကြိမ် ဆွေးနွေးပွဲမှာ ပြန်လည်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပြီး၊ မနက်ဖြန်တနင်္လာနေ့မှာတော့ ဒုတိယအကျော့ ငြိမ်းချမ်းရေးညီလာခံ ပိတ်ပွဲ ပြုလုပ်မှာဖြစ်ပါတယ်။
ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ မြောက်ပိုင်းစစ်ရေးမဟာမိတ်အဖွဲ့တွေ တတ်ရောက်နိုင်ဖို့ တရုတ်အထူးကိုယ်စားလှယ်က ကြိုးပမ်းခဲ့တာရှိသလို၊ ဒီကနေ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းစစ်ရေးမဟာမိတ်အဖွဲ့ဝင်တို့တွေ့ဆုံပြီး ဒေါ်စုနဲ့တွေဖိုကိစ္စမှာလည်း တရုတ်သံအမတ်ကြီးူကိုယ်တိုင်ကြားဝင်ညှိုနှိုင်းခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။
ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ ဂီတဖျော်ဖြေပွဲတခုမှာ မနေ့တုန်းက ပေါက်ကွဲမှုဖြစ်တာကြောင့် လူပေါင်း ၂၂ ဦးထက်မနည်းသေဆုံးပြီး ၆၀နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မန်ချက်စတာမြို့နဲ့ အနီးအနား မှာတော့ မြန်မာလူမျိုး အသိုင်းအဝိုင်း အတော်များများနေထိုင်ကြပေမယ့် မြန်မာလူမျိုးတွေထဲက အထိအခိုက်ရှိတာတော့ မကြားရပါဘူး။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နှစ်ဦး ဒီကနေ့ တွေ့ဆုံရာမှာ၊ နယ်စပ်တည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သလို၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လိုအပ်တဲ့အကူအညီတွေပေးလိုတယ်လို့ တရုတ်သမ္မတက ပြောခဲ့ပါတယ်။
ပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသကို VOA အနေနဲ့ ပဋိပက္ခတွေဖြစ်ပြီနောက်ပိုင်းမှာ ပထမဦးဆုံးအကြိမ် တခြားသတင်းထောက်တွေနဲ့အတူ မြေပြင်အခြေအနေတွေကို လေ့လာခွင့်ရခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Tillerson ဟာ မနက်ဖြန် စနေနဲ့ တနင်္ဂနွေနှစ်ရက် တရုတ်နိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ နှစ်နိုင်ငံကြား သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့ ကုန်သွယ်ရေးဆိုင်ရာကိစ္စကို အဓိကထား ဆွေးနွေးဖို့ ရှိနေပါတယ်။ Bill Ide သတင်းကို ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။
ရခိုင်အရေးကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်တရပ်ဖွဲ့ဖို့ အဆိုပြုချက်တွေကို မြန်မာအစိုးရက ပယ်ချလိုက်ပြီး၊ အင်မတန်ရှုပ်ထွေးတဲ့ ရခိုင်ပြည်နယ်အခြေအနေအပေါ်မှာ နိုင်ငံတကာက ပိုပြီး နားလည်မှုပေးကြဖို့ မြန်မာကိုယ်စားလှယ်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာပြောခဲ့ပါတယ်။
အကြမ်းဖက်မှုတွေဖြစ်ခဲ့ပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်လို့ စွပ်စွဲ ခံနေရတဲ့ မောင်တောမြို့နယ် အတွင်းမှာ ဒဏ်ရာနဲ့ မြေမြုပ်ထားတဲ့ အလောင်းအချို့ကို တူးဖော်တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူအချို့က ပြောပါတယ်။
မူဆလင်နိုင်ငံ ၇ နိုင်ငံက ပြည်သူတွေအပေါ် ပြည်ဝင်ခွင့်တားမြစ်တဲ့ သမ္မတ Donald Trump အမိန့်ကို ဆိုင်းထားဖို့ ဖယ်ဒရယ်အယူခံတရားရုံးက ဆုံးဖြတ်လိုက်ပေမယ့်၊ သမ္မတအိမ်ဖြူတော်ကတော့ ပြည်ဝင်ခွင့်ကန့်သတ်ဖို့ ကြိုးစားမှုတွေ မလျှော့သေးပါဘူး။ ဒီအကြောင်း Michael Bowman ပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
ဒီတရားသူကြီးချုပ်ကနေပြီးတော့ သမ္မတထရမ့်ရဲ့ အမိန့်ကိုပေါ့ဗျာ reject သဘောမျိုးလုပ်လိုက်တယ်။ လုပ်လိုက်တဲ့အတွက် ငါတို့မိသားစုတွေကတော့ တချိန်ချိန်တော့ ပြန်ဆုံရမှာပဲ။ အခု ချက်ခြင်းကြီး မဆုံရင်တောင် တချိန်ချိန်တော့ ပြန်ဆုံရမှာဆိုတဲ့ မျှော်လင့်ချက်တွေက ရှိတယ်ဗျ။
ရခိုင်ပြည်နယ်အရေးအကြံပေးကော်မရှင်က ကော်မရှင်အဖွဲ့ဝင်သုံးဦးဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံနယ်စပ်မှာရှိတဲ့ မြန်မာဖက်က ဒုက္ခသည်တွေကို ထားတယ်ဆိုတဲ စခန်းတွေကို အခု သီတင်းပတ်အတွင်း သွားရောက်ကွင်းဆင်းကြည့်ခဲ့ပါတယ်။
အမေရိကန်သမ္မတ Trump တက်လာပြီး သီတင်းနှစ်ပတ်တောင် မပြည့်သေးခင် သူ့အပေါ် တရားစွဲဆိုမှုတွေ အတော်များများ ဖြစ်လာပါတယ်။ မူစလင်တွေကို ပြည်ဝင်ခွင့်တားမြစ်တာလို့ လူအများအပြား ရည်ညွှန်းပြောဆိုနေတဲ့ သမ္မတရဲ့အမိန့်ညွှန်ကြားချက်နဲ့ ဆက်နွယ်ပြီး တရားစွဲဆိုကြတာပါ။ Zlatica Hoke ရဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ အစွန်းရောက်အကြမ်းဖက်မှုတွေဟာ ခွဲခြားဆက်ဆံခံရမှုကြောင့်မဟုတ်ပဲ၊ တိုင်းပြည်အချုပ်အခြာအာဏာကို ထိခိုက်စေမယ့် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်မှုတွေဖြစ်တယ်လို့ မောင်တောအရေး အစိုးရစုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်ကြည်က ပြောပါတယ်။
အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပဖို့ရက်ပိုင်းပဲ လိုတော့တဲ့အချိန်အထိ ရွေးကောက်ခံသမ္မတ Trump နဲ့ ရုရှားအစိုးရကြား ဆက်ဆံရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေကတော့ ဆက်ပြီး ရှိနေပါတယ်။ ရုရှားသမ္မတရဲ့ခေါင်းဆောင်မှုကို Trump ကချီးကျူးထားတာပါ။ZlaticaHoke ပေးပို့တဲ့သတင်းကိုကိုသားညွှန့်ဦးက တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်