အကြမ်းဖက် အစွန်းရောက်မှုတွေ ပျံ့နှံ့သွားနိုင်မယ့် အန္တရာယ်ရှိနေတာကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းပဋိပက္ခနဲ့ပတ်သက်လို့ အရင်းခံအကြောင်းတရားတွေကို အမြန်ဆုံးဖြေရှင်းဖို့ အထူးသဖြင့် အကြမ်းဖက်မှုတွေ ရပ်တန့်အောင် အရင်ဆုံးဆောင်ရွက် ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက မြန်မာအစိုးရကို တိုက်တွန်းပြောဆို လိုက်ပါတယ်။ ကုလသမဂ္ဂမဟာမင်းကြီးဟာ သူ့ရဲ့ ပြီးခဲ့တဲ့ ဘင်္ဂလားဒေ့ရ်ှခရီးစဉ် နဲ့ပတ်သက်ပြီး ဆွီဇာလန်နိုင်ငံ Geneva မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားတာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင်း ရဲဘော်ကျားကျေးရွာအနီးမှာ လူသေအလောင်းတွေ မြုပ်နှံထားတဲ့ကျင်းကြီးတွေကို တူးဖော်စစ်ဆေးရာမှာ ဟိန္ဒူလူမျိုး ရုပ်အလောင်း စုစုပေါင်း ၄၅ လောင်းကို ပြန်ဖော် တွေ့ရှိထားပြီဖြစ်ပါတယ်။ ရခိုင်ဒေသမှာ သြဂုတ်လ ၂၅ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက် အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ဟိန္ဒူလူမျိုး ၁၀၀နီးပါး ပျောက်ဆုံးနေတာကြောင့်၊ နောက်ထပ် အလောင်းတွေလည်း ထပ်တွေ့မယ်လို့ မျှော်လင့်နေရပါတယ်။
စက်တင်ဘာ ၂၄၊ ၂၀၁၇ - အစိုးရဦးဆောင်တဲ့ ကြက်ခြေနီလှုပ်ရှားမှုနဲ့ အကူအညီပေးရေး ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေ ရှိနေပေမယ့် ဒေသခံတွေကို စည်းရုံးပညာပေးပြီး စိန်ခေါ်ချက်တွေကို ကျော်လွှာရမှာဖြစ်တယ်လို့လည်း မြန်မာ ဒု-နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ရခိုင်မြောက်ပိုင်းက ဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၃၂သန်းထောက်ပံ့မယ့်အစီအစဉ်ဟာ လူမှုအသိုင်းအဝိုင်းအားလုံးအတွက် မျှတဖို့ လိုမယ်လို့ ဒုနိုင်ငံခြားရေးဝန်ကြီးဦးကျော်တင် က ပြောပါတယ်။ နယူးရောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တတ်ရောက်လာချိန်မှာ ဗွီအိုအေ ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။
ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဖိအားတွေကို ထိပ်တိုက် ရင်ဆိုင်တာထက်၊ ထိတွေ့ဆက်ဆံညှိနှိုင်းဖြေရှင်း သွားမှာဖြစ်တယ်လို့ မြန်မာ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က ပြောပါတယ် ရခိုင်ပြဿနာနဲ့ပတ်သက်လို့ အစိုးရမှာ ပြည်ပဖိအားတွေ အပြင် ပြည်တွင်းဖိအားတွေပါ ရှိနေတာကြောင့် တိုင်းပြည်တည်ငြိမ်ရေးကို အလေးထား ကိုင်တွယ်ရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။
ရခိုင်အရေးမှာ ပြည်ပက ပြောဆိုလုပ်ဆောင်မှုတွေကို ယခင်စစ်အစိုးရတွေလက်ထက်တုန်းကလို မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်လို့ သဘောမထားပဲ ပြေပြေလည်လည် ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးကျော်တင်က ပြောကြားလိုက်ပါတယ်။ ဒုက္ခသည်တွေလက်ထဲ လူသားချင်းစာနာမှုဆိုင်ရာအကူညီတွေ ရောက်ရှိနိုင်ရေးနဲ့ပတ်သက်ပြီးလည်း ICRC ခေါ် နိုင်ငံတကာကြက်ခြေနီအဖွဲ့ကနေတဆင့် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ကုလအပါအဝင် နိုင်ငံတကာက မြန်မာအစိုးရပေါ် ဝိုင်းဝန်း အဖြေရှာပေးကြဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေတဲ့ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့ ဆန္ဒပြသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဝါရှင်တန်ဒီစီအနီး ရိုဟင်ဂျာအရေး တောင်းဆိုလှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြပါတယ်။ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။
ကျနော်တို့ ဒီကို လာတယ် ဆိုတာ အပြစ်တွေ ပြောနေဖို့ မဟုတ်ဘူး။ လက်ညှိုးထိုးနေဖို့ မဟုတ်ဘူး။ ရှုတ်ချဖို့ မဟုတ်ဘူး။ ပြေလည်ရာ ပြေလည်ကြောင်းကို အဖြေရှာဖို့ လာပြောနေခြင်း ဖြစ်တယ်။
မြန်မာနိုင်ငံက ဘင်္ဂလားဒေ့်ရ်ှနိုင်ငံကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေထဲက လူမှုသဟာဇာတရှိရှိ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လိုတဲ့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူ ကျေးရွာသားတွေအားလုံးကို စီစစ်ပြီး ပြန်လည် လက်ခံ ခေါ်ယူမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောလိုက်ပါတယ်။ ဒီအတွက် သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရ်ှအစိုးရနဲ့ ညှိုနှိုင်းဆောင်ရွက်မှာဖြစ်သလို၊ မြန်မာနိုင်ငံထဲမှာဆိုရင်လည်း ရခိုင်အရေးအကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာအကြံပြုချက်ပါ နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည် လေးသိန်းနီးပါးရှိပြီလို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး၊ ဒီ ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီတွေ ပေးနိုင်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကူညီရေးအဖွဲ့အစည်းတွေက အပြင်းအထန်ကြိုးစားနေကြပါတယ်။
အင်အားပြင်းထန်ပြီး ထုထည်ကြီးမားကျယ်ပြန့်တဲ့ Irma ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စု တောင်ဖက်စွန်း ဖလော်ရီဒါ ပြည်နယ်ကို စတင် ဝင်ရောက်နေပါပြီ။ မုန်တိုင်း ဗဟို ဖြတ်သန်းမယ့်နေရာနဲ့ ဖလော်ရီဒါ ကမ်းခြေနေ ဒေသခံတွေကိုတော့ မုန်တိုင်းမဝင်ခင်ကတည်းက ပြောင်းရွေ့နေရာချမှုတွေ လုပ်ထားပါတယ်။
အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးကြရတဲ့ ရခိုင်ဒုက္ခသည်တွေဟာ စာသင်ကျောင်းအချို့မှာ ကျဉ်းကျဉ်းကြပ်ကြပ် စုပြုံနေရပြီး နေထိုင်ရေးမှာ အခက်အခဲရှိနေတယ်လို့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။ မောင်တောအနားမှာရှိတဲ့မွတ်ဆလင်ကျေးရွာကြီးဖြစ်တဲ့ မြို့သူကြီးရွာကတော့ မီးလောင်ပြင်ဖြစ်နေပြီး လူသူကင်းမဲ့နေတယ်လို့လည်း ပြောပါတယ်။
အကြမ်းဖက်ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည် မြောက်ပိုင်း မောင်တောနဲ့ ဘူးသီတောင်းမြို့နယ်တွေအတွင်းမှာ ဒီကနေ့အထိ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။
မြန်မာလွတ်လပ်ရေးသမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အဦးပြန်လည်ဆောက်လုပ်ရေးဟာ လူထုက ရွေးချယ်တဲ့ NLD အစိုးရလက်ထက်မှာ ပိုကျယ်လောင်လာပါတယ်။
ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးရဲ့ မျှော်လင့်ချက်တွေနဲ့ ရှစ်လေးလုံးလှုပ်ရှားမှုခေါင်းဆောင်တွေရဲ့ ရည်မှန်းချက်တွေ အခု ဘယ်လောက်အထိ လက်တွေ့ ပေါက်မြောက်လာပါပြီလဲ။
မြန်မာတနိုင်ငံလုံးက ဒီမိုကရေစီရေးအုံကြွတောင်းဆိုခဲ့ကြတဲ့ ရှစ်လေးလုံးအရေးတော်ပုံသမိုင်းပြတိုက် တည်ဆောက်ဖို့အတွက် ကြိုးပမ်းနေကြရာမှာ အခုတော့ ပြည်ထောင်စုအစိုးရအဆင့်နဲ့ ညှိုနှိုင်းဆောင်ရွက်မှုတွေ စတင်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် မနက်ဖြန်ကျရောက်မယ့် ရှစ်လေးလုံးနှစ်ပတ်လည်နေ့ကိုလည်း မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်နိုင်ဖို့ တတ်ကြွလှုပ်ရှားသူတွေက တောင်းဆိုလှုပ်ရှားနေကြပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ တပ်မတော်ကာကွယ်ဦးစီးချုပ် အခန်းကဏ္ဍနဲ့ပတ်သက်လို့ မှတ်ချက်စကားအပေါ် တပ်မတော်ကနေကြေညာချက်တွေ ထုတ် ကန့်ကွက်လာတဲ့နောက် ဒီစကားအပေါ် ရန်ကုန်တိုင်းဝန်ကြီးချုပ်က တောင်းပန်ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ NLD အစိုးရနဲ့ တပ်မတော်အကြားဆက်ဆံရေးအခြေအနေ၊ အထူးသဖြင့် NLD အစိုးရ အလေးထားဆောင်ရွက်နေတဲ့ တပ်မတော်နဲ့အမျိုးသားရင်ကြားစေ့ရေးဆိုတာ ဘယ်အထိ ခရီးပေါက်နေပြီလဲဆိုတာ မေးခွန်းဖြစ်လာပါတယ်။
ဇူလိုင် ၁၇၊ ၂၀၁၇ - ဦးသိန်းစိန်အစိုးရအချိန်ဟာ အသွင်ကူးပြောင်းမှုဖြစ်ပြီး၊ ပြုပြင်ပြောင်းလဲမှုတွေကိုတော့ အခုအချိန်မှ စတင်နေရတာ ဖြစ်တယ်လိုလည်း ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုကို အလည်အပတ်ရောက်ရှိနေတဲ့ ကိုဌေးကြွယ်ကို ဝါရှင်တန်ဒီစီ VOA Studio မှာ ကိုသားညွှန့်ဦး တွေဆုံမေးမြန်ထားပါတယ်။
ပဋိပက္ခတွေရှိနေတဲ့ ရခိုင်မြောက်ပိုင်းအခြေအနေနဲ့ပတ်သက်လို့ Kofi Anan ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို ၁၀၀ ရာခိုင်နှုန်းအကောင်အထည်ဖော်ဖို့ ခက်ခဲပေမယ့်၊ လက်ရှိအားဖြင့် ၅၀ ရာခိုင်နှုံးလောက်တော့ အကောင်အထည်ဖော်နေပြီလို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာကြာအောင် နိုင်ငံရေး စီးပွားရေး လူမှုရေး အခြေခံအဆောက် အဦးတွေ ပျက်စီးယိုယွင်းခဲ့တာမို့ NLD အစိုးရအနေနဲ့ ချက်ခြင်းဆိုသလို ပြောင်းလဲမှုတွေ မဖော်ဆောင်နိုင် ဖြစ်ရတယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဌေးကြွယ်က ပြောပါတယ်။ ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်