အမေရိကန် အစိုးရအသုံးစရိတ်ကို လွှတ်တော်အနေနဲ့ အခုလာမယ့် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ နောက်ဆုံးထား ပြဌာန်းပေးရတော့မှာကြောင့် လွှတ်တော်မှာ ဆွေးနွေးရက်တွေ သိပ်မကျန်တော့ပါဘူး။ လွှတ်တော်ဆိုင်ရာ ဗွီအိုအေသတင်းထောက် Katherine Gypson ရဲ့ သတင်းရေးသားပေးပို့ချက်ကို ကိုသားညွန့်ဦးက ပြောပြမှာပါ။
သမ္မတ Trump ဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေကြမ်းတရပ် နောက်ဆုံး အချောသတ်နိုင်ဖို့အတွက် အချို့လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်တွေကို အလျော့အတင်းလုပ်ညှိုနှိုင်းဆွေးနွေးလိုတယ်ဆိုတာ ပြနေပါတယ်။ Zlatica Hoke ရေးသားပေးပို့ထားတဲ့ သတင်းကို ကိုသားညွန့်ဦးက ပြောပြမှာပါ။
အင်္ဂါနေ့ကကျင်းပခဲ့တဲ့ ကိုရီယားနှစ်နိုင်ငံ နယ်စပ် Panmunjom ကျေးရွာမှာလုပ်တဲ့ ရှားရှားပါးပါးထိပ်သီးအစည်းအဝေးကိုတကမ္ဘာလုံးကစောင့်ကြည့်ခဲ့ကြပါတယ်။ကိုရီယားနှစ်နိုင်ငံဆက်ဆံရေး ပြန်လည်လမ်းပွင့်လာဖို့ဖြစ်လာနိုင်မယ်ဆိုပြီးမျှော်လင့်ချက်တွေလည်းရှိလာပါတယ်။Zlatica Hoke ရဲ့သတင်းလွှာကို ကိုသားညွန့်ဦးက ပြောပြမှာပါ။
ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေကို မြန်မာစစ်တပ်က စစ်ဆင်နှိမ်နင်းမှုတွေကို ရပ်တန့်စေရေးအတွက် ကမ္ဘာကုလသမဂ္ဂရဲ့ ကြိုးပမ်းချက်တွေကို တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့က ပိတ်ပင်ခဲ့တဲ့အပေါ်၊ တရုတ်နဲ့ ရုရှားကို ဖိအားပေးဖို့လိုမယ်ဆိုပြီး မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။
ပါလက်စတိုင်းတွေအုပ်ချုပ်တဲ့ Bethlehem မှာ ခရစ္စမတ်ပွဲတော်တွေ ကျင်းပနေပါတယ်။ ဒါပေမဲ့လည်း ဂျေရုဆလင်ကို အစ္စရေးနိုင်ငံမြို့တော်အဖြစ် အမေရိကန်သမ္မတက မကြာခင်က ကြေညာခဲ့တာကြောင့် ခရစ်စမတ်ပွဲတော် ပျော်ရွှင်ဖွယ် ဖြစ်သင့်သလောက် မဖြစ်ခဲ့တဲ့အကြောင်း Jasusemen Oni ရဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
ပါလက်စတိုင်းတို့ အုပ်ချုပ်တဲ့ Bethlehem မှာတော့ ခရစ္စမတ်ပွဲတော်တွေ ကျင်းပနေပါတယ်။ ဒါပေမယ့်လည်း ဂျေရုဆလင်ကို အစ္စရေးနိုင်ငံမြို့တော်အဖြစ် အမေရိကန်သမ္မတ Donald Trump က လွန်ခဲ့တဲ့ သီတင်းသုံးပတ်တုန်းက ကြေညာသတ်မှတ်လိုက်တာကြောင့်၊ ခရစ်စမတ်ပွဲတော်ဟာ ပျော်ရွှင်ဖွယ် ဖြစ်သင့်သလောက် မဖြစ်ခဲ့ရပါဘူး။
ရိုဟင်ဂျာဒုက္ခသည်သိန်းချီထွက်ပြေးခဲ့ကြတဲ့ဖြစ်ရပ်မှာအကြမ်းဖက်မှုတွေကိုအစီအစဉ်တကျ ကျူးလွန်ခဲ့တာဖြစ်ပြီး၊ ဒါဟာGenocide လူမျိုးတုံးသတ်ဖြတ်မှုအဆင့်ထိ ဖြစ်နိုင်ချေရှိတယ်လို့ပြောဆိုခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာကုလမဟာမင်းကြီး Zeid Al Hussein ကို AFP သတင်းဌာနကတွေ့ဆုံမေးမြန်းထားပါတယ်။ကိုသားညွန့်ဦးကပြောပြမှာပါ။
ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ထွက်ပြေးခဲ့ကြရတဲ့ဖြစ်ရပ်မှာ အကြမ်းဖက်မှုတွေကို အစီအစဉ်တကျ ကျူးလွန်ခဲ့တာဖြစ်ပြီး၊ ဒီလုပ်ရပ်ဟာ Genocide လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့အဆင့်အထိ ဖြစ်နိုင်ချေရှိတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Zeid Al Hussein က ပြောခဲ့ပါတယ်။
အစိုးရတရပ်ရဲ့ အောက်ဆုံးအဆင့် အုပ်ချပ်ရေးဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးရွေးကောက်ပွဲတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ စတင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။
ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်သမ္မတက သတ်မှတ်လိုက်တဲ့နောက် အာရပ်နဲ့ မူဆလင်ကမ္ဘာတလွှားမှာ ဆန္ဒပြမှုတွေဖြစ်ပေါ်နေချိန်မှာပဲ အစ္စရေးဝန်ကြီးချုပ်ကို ပါလက်စတိုင်းနဲ့ ငြိမ်းချမ်းရေး ရှေ့တိုးဆောင်ရွက်ဖို့ ပြင်သစ်သမ္မတကတိုက်တွန်းလိုက်ပါတယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။
ရခိုင်မြောက်ပိုင်း ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့နေရာတွေက လူ့အခွင့်အရေးအခြေအနေတွေကို အသေအချာ စောင့်ကြပ် ကြည့်ရှုနိုင်ခြင်းမရှိပဲနဲ့တော့၊ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ဆိုတာ မဖြစ်သင့်ဘူးလို့ လူ့အခွင့်အရေးမဟာမင်းကြီးက ပြောလိုက်ပါတယ်။
ကက်သလစ် ဘာသာဝင်တွေရဲ့ လေးစားကြည်ညို အလေးအမြတ်ထားသူ ပုပ်ရဟန်မင်းကြီး မြန်မာပြည်ကို ရောက်ရှိနေပါတယ်။ ပုပ်ရဟန်းမင်းကြီး တဦးအနေနဲ့ မြန်မာပြည်ကို ကြွရောက်လာတဲ့ ပထမဦးဆုံးအကြိမ် သမိုင်းဝင်ဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။
ရခိုင်မြောက်ပိုင်းပဋိပက္ခတွေကြောင့် ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို စီစစ်ပြီး နေရပ်ပြန်နိုင်ရေး နှစ်နိုင်ငံအကြားသဘောတူညီချက်ရဖို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ အဖွဲ့ဟာ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ စတင် ညှိနှိုင်းနေပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့လူမှုရေးတိုးတက်ပြောင်းလဲမှုတွေအတွက် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာကြောင့်၊ သူတို့ရဲ့ စွမ်းဆောင်ရည်တွေ မြင့်တက်လာဖို့ အားပေးလုပ်ဆောင်ရလိမ့်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
မြောက်ကိုရီယားဟာ အမေရိကန်အတွက် အဓိကခြိမ်းခြောက်မှုအဖြစ် အမေရိကန်အများစုကယူဆလာပါတယ်။ သမ္မတTrump ကသူ့ရဲ့ အာရှခရီးစဉ်အတွင်း တောင်ကိုရီးယားနိုင်ငံကို သွားရောက်ဖို့ရှိနေပြီး မြောက်ကိုရီယားရဲ့ နူကလီယားနဲ့ ဒုံးလက်နက်အစီအစဉ်တွေအပေါ် ဆွေးနွေးမှာပါ။ Steve Herman ရဲ့သတင်းလွှာကို ကိုသားညွန့်ဦးက ပြောပြပေးမှာပါ။
စစ်အာဏာရှင်ရဲ့ အတိုက်အခံအဖြစ် နှစ်အတော်ကြာအောင် နေခဲ့ရပြီးမှ အာဏာရလာတဲ့ NLD အစိုးရလက်ထက်မှာ စစ်တပ်ဟာ စင်ပြိုင်သဘောမျိုးရှိနေပြီး၊ လက်ရှိမှာ ရွေးခြယ်ခံအစိုးရနဲ့ စစ်ဖက် ခေါင်းဆောင်မှုနှစ်မျိုး တွဲပြီး အုပ်ချုပ်တဲ့ စနစ်ဖြစ်နေတယ်လို့ သုံးသပ်ဝေဖန်မှုတွေ ရှိနေပါတယ်။
ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းနဲ့ပတ်သက်လို့ အကူအညီပေးရေးအတွက် နိုင်ငံတကာကနေ ဒေါ်လာသန်း ၃၃၅ သန်း ကတိကဝတ်တွေ ရထားပြီလို့ ဂျီနီဗာမြို့မှာ ဒီကနေ့ လုပ်တဲ့ နိုင်ငံတကာရန်ပုံငွေရှာဖွေရေးညီလာခံမှာ ကြေညာသွားပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံ အကူအညီပေးနေတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ညီလာခံတက်လာတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက ကြိုဆိုချီးကျူးခဲ့ကြသလို၊ ရခိုင်မြောက်ပိုင်းဒေသကို လူသားချင်းစာနာမှု နိုင်ငံတကာအကူအညီတွေ ဝင်ခွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာဒုက္ခသည်တွေထွက်ပြေးကြရတဲ့အခြေအနေမှာ ဒီလိုဖြစ်အောင် အစီအစဉ်တကျ စီမံဆောင်ရွက်မှုတွေလုပ်ခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက စွတ်စွဲချက်လိုက်ပေမယ့်၊ ဒီ ရခိုင်မြောက်ပိုင်းကိစ္စဟာ လူမျိုးရေး ဘာသာရေးအရ အခြေခံပြီး ပေါ်လာတဲ့ ပြဿနာမဟုတ်ဘူးလို့ မြန်မာအစိုးရတာဝန်ရှိသူတွေကတော့ ငြင်းဆိုနေဆဲပါ။
မြန်မာနိုင်ငံမြောက်ပိုင်း ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှာ ကြားနာပွဲတရပ်ကျင်းပနေပါတယ်။ အခု ပြုလုပ်တဲ့ ကြားနားပွဲကတော့ အစိုးရပိုင်းက တာဝန်ရှိသူတွေကို ခေါ်ယူပြီး ကြားနာခဲ့တာပါ။
ရခိုင်မြောက်ပိုင်း အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခအခြေအနေတွေကြောင့် မွတ်ဆလင်ဒုက္ခသည်တွေ အိမ်နီးချင်းဘင်္ဂလားဒေ့ရ်ှနိုင်ငံကို သိန်းနဲ့ချီထွက်ပြေးတိမ်းရှောင်ရပြီး၊ ဒီအခြေအနေတွေအပေါ်မှာ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။
နောက်ထပ်ကြည့်ရှုရန်