ဗာဂျီးနီးယားပြည်နယ်မှာ အမျိုးသားရေးဝါဒီတွေရဲ့ဆန္ဒပြမှု တနှစ်မြောက်ခဲ့တဲ့ မနေ့ကတော့ ဝါရှင်တန်ဒီစီမြို့တော် သမ္မတအိမ်ဖြူတော်ရှေ့ ပန်းခြံထဲမှာ Unite the Right ခေါင်းစဉ်နဲ့ လှုပ်ရှားသူတွေ စုရုံးခဲ့ကြပြန်ပါတယ်။ သူတို့ကို တန်ပြန်ဆန္ဒပြတဲ့အင်အားစုတွေနဲ့ ကြုံခဲ့ရပါတယ်။ ကိုသားညွန့်ဦး ပြောပြမှာပါ။
ရခိုင်မြောက်ပိုင်းဒေသ အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ် အစိုးရတပ်စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ အိမ်နီးချင်း ဘင်္ဂလားဒေရ်ှနိုင်ငံထဲ ဝင်ရောက်ခိုလှုံခဲ့ရတာ တနှစ်နီးပါးရှိပေမယ့်၊ ဒုက္ခသည်တွေရဲ့ အခြေအနေဟာ အတော့်ကိုဆိုးဆိုးဝါးဝါး ရှိနေဆဲဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက ပြောပြမှာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ကိုရီးယားကျွန်းဆွယ်မှာ နူကလီးယား ကင်းစင်ရေး ဆွေးနွေးညှိနှိုင်းဖို့ ကြာသပတေးနေ့မှာ မြောက်ကိုရီးယားနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ အိမ်ဖြူတော်ကရော နိုင်ငံခြားရေးဌာနကပါ တနင်္လာနေ့မှာ ကြေညာပါတယ်။
ရုရှားနိုင်ငံမှာ ကမ္ဘာ့ဖလားကျင်းပနေတာနဲ့အမျှကမ္ဘာတဝှမ်းက ဘောလုံးဝါသနာရှင်တွေရောက်လာနေကြပါတယ်။ နိုင်ငံပေါင်းစုံက လာရောက်ကြတဲ့ ခရီးသွားတွေကြောင့် ကမ္ဘာ့ဖလားကျင်းပရာ မြို့ကြီးတွေကို ပြောင်းလဲသွားစေတဲ့အကြောင်း မော်စကိုမြို့တော် ရင်ပြင်နီကနေ Henry Ridgwell ပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ ထင်ရှားလူကြိုက်များတဲ့ အားကစားကတော့ ဘောလုံး အားကစားပါ။ အမေရိကန်တွေ အားလပ်ချိန် ကစားလေ့ရှိတဲ့ Baseball အားကစားကိုတော့ မြန်မာနိုင်ငံထဲမှာ ဂျပန်လူမျိုးတဦးက ကမကထလုပ်လို့ အခုဆိုရင် အစပျိုး ကစားလာပါပြီ။ ဒီအကြောင်း Dave Grunebaum ရဲ့ သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက ပြောပြမှာပါ။
ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ စုံစမ်းအရေးယူမယ်လို့ ပြောနေပေမယ့် ဒီဆောင်ရွက်ချက်တွေအပေါ် ယုံကြည်စိတ်ချရမှု မရှိသေးဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ ကုလမဟာမင်းကြီး Al Hussein ဝေဖန်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက ပြောပြမှာပါ။
ရခိုင်မြောက်ပိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ စုံစမ်းစစ်ဆေး အရေးယူမယ်လို့ ပြောနေပေမယ့်၊ ဒီဆောင်ရွက်ချက်တွေအပေါ် ယုံကြည်စိတ်ချရမှုမရှိသေးဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Zeid Al Hussein က ဝေဖန်ပြောကြားလိုက်ပါတယ်။
သမ္မတ Trump နဲ့ မြောက်ကိုရီယားခေါင်းဆောင် Kim တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲအပြီးမှာပဲ မြောက်ကိုရီယားအပေါ် အရေးယူမှုတွေတော့ ဆက်ရှိနေဦးမှာဖြစ်ကြောင်း သမ္မတ Trump က VOA ကို ပြောပါတယ်။ Greta Van Susteren ရဲ့ Plugged In မေးမြန်းခန်းကို အခြေခံပြီး Jesusemen Oni သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက ပြောပြမှာပါ။
သမ္မတ Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲအပြီးမှာပဲ သူတို့နှစ်ဦး ဘာတွေ ဆွေးနွေးခဲ့သလဲဆိုတာနဲ့ ရှေ့ ဘယ်လို မျှော်လင့်ထားကြလဲဆိုတာကို ဗွီအိုအေအတွက် Greta Van Susteren က သမတ Trump ကို တွေ့ဆုံမေးမြန်းထားပါတယ်။
"သူဟာ တကယ့်ကို နှစ်လိုစရာကောင်းတဲ့သူပါ။ ခပ်ပျော်ပျော်သမား၊ လိမ္မာ ပါးနပ်သူပါ။ တကယ့်ကိုပဲ စေ့စပ်ညှိုနှိုင်းရေးမှူးပါ။ သူ့ပြည်သူကိုလည်း ချစ်ပါတယ်။ ကျနော်တို့တွေစ တွေ့တွေ့ချင်းမှာပဲ အံသြလောက်စရာ သဘောတူညီချက်ရပါတယ်။ မြောက်ကိုရီယားကို န ျူကလီယားကင်းမဲ့ရေး လုပ်သွားဖို့ပါ"
အမေရိကန်သမ္မတ Trump အနေနဲ့ တရုတ်သွင်းကုန်တွေအပေါ်မှာ အခွန်တိုးမြင့်ပြီး အခြားတင်းကျပ်မှုတွေလုပ်လာမယ်ဆိုရင် အမေရိကန်နဲ့ ကုန်သွယ်စီးပွား သဘောတူညီချက်တွေ ဖြစ်လာမှာမဟုတ်ဘူးလို့ တရုတ်က သတိပေးလိုက်ပါတယ်။ VOA သတင်းထောက် Zlatica Hoke ရေးသားပေးပို့တဲ့ သတင်းကို ကိုသားညွန့်ဦး ပြောပြမှာပါ။
ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်က လမ်းဖောက်လုပ်ရာကနေ မြန်မာအစိုးရတပ်နဲ့ KNU တပ်ဖွဲ့တွေအကြား ပစ်ခတ်မှုတွေ ဖြစ်ပြီး ဒေသခံ ၂၀၀၀ လောက်ထွက်ပြေးခဲ့ကြရပါတယ်။ ကရင်ပြည်နယ်တွင်းက ဒုက္ခသည်တွေရဲ့အခြေအနေကို Steve Sandfore က သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက ပြောပြပါလိမ့်မယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့ မြန်မာစစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို အရေးယူမယ့် ဥပဒေပြင်ဆင်ချက်မူကြမ်းကို အမေရိကန်အောက်လွှတ်တော်က တခဲနက် အတည်ပြုလိုက်ပါတယ်။
ဟာဝိုင်အီကျွန်း Kilauea မီးတောင်ကနေ ပန်းထွက်လာတဲ့ ချော်ရည်ပူတွေကြောင့် Big Island မှာရှိတဲ့ ဒေသခံတဦး ပြင်းပြန်းထန်ထန်ဒဏ်ရာရခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာထဲ စီးဆင်းနေတဲ့ ချော်ရည်ပူ လမ်းကြောင်းဟာ စိုးရိမ်စရာအခြေအနေသစ်တခုဖြစ်လာနေပါတယ်။ VOA သတင်းထောက် Zlatica Hoke ရဲ့သတင်းကို ကိုသားညွန့်ဦး ပြောပြပေးမှာပါ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KNU ဥက္ကဌ ဦးဆောင်တဲ့ KNU ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ရာမှာ၊ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ KNU တပ်မဟာ ၅ ဒေသမှာ မြန်မာစစ်တပ်ဖက်က လမ်းဖောက်လုပ်မှုကို ယာယီ ဆိုင်းငံ့ထားဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းပဋိပက္ခရဲ့ ဒေသတွင်း အပျက်အစီးပမာဏကိုကြည့်မယ်ဆိုရင် ဒေသခံမွတ်ဆလင်တွေဟာ Ethnic Cleansing လူမျိုးနွယ်စုလိုက်ရှင်းလင်းတာမျိုး ခံခဲ့ရဖွယ်ရှိတယ်လို့ အဲဒီ ဒေသကို သွားရောက်လေ့လာခဲ့တဲ့ သံတမန်တွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရှင်းလင်းပြောဆိုခဲ့ကြပါတယ်။
အစ္စရေးနိုင်ငံ ထူထောင်ခြင်းအထိမ်းအမှတ်လုပ်ပြီး နောက်တရက် ဒီကနေ့ တနင်္လာနေ့မှာတော့ အမေရိကန်သံရုံးကို Tel Aviv ကနေ ဂျေရုဆလင်မြို့ကို ပြောင်းလိုက်ပါပြီ။ ပါလက်စတိုင်းတွေဖက်ကတော့ ဒီလို သံရုံပြောင်းရွေ့တဲ့အပေါ် ဒေါသတကြီးတုန့်ပြန်နေကြတာပါ။ Zlatica Hoke ရေးသားပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦးက ပြောပြပါမယ်။
ရခိုင်မြောက်ပိုင်းဒေသကို ကုလသမဂ္ဂအဖွဲ့အစည်းတွေ ဝင်ရောက်ခွင့်ပေးဖို့ မြန်မာနိုင်ငံကနေ ပြန်လာတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ သံတမန်အဖွဲ့က တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ခုလိုပြောဆိုနေတာတွေဟာ ယေဘူယျဆန်တဲ့ စွတ်စွဲချက်တွေဖြစ်နေပြီး၊ ခိုင်ခိုင်မာမာ အထောက်အထားနဲ့ ပြလာရင်တော့ မြန်မာအာဏာပိုင်တွေက စုံစမ်း အရေးယူဖော်ထုတ်ဖို့ အသင့်ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီးက ဗွီအိုအေကို ပြောပါတယ်။
ရခိုင်မြောက်ပိုင်းပဋိပက္ခမှာ ဒုက္ခသည်တွေထွက်ပြေးရတဲ့အခြေအနေတွေကို မြန်မာအစိုးရအနေနဲ့ အသေအချာစုံစမ်းစစ်ဆေးမှုတွေလုပ်နိုင်ဖို့ အကူအညီပေးရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီဖက်က သုံးသပ်စဉ်းစားဖို့ရှိတယ်လို့ ဗြိတိန်သံအမတ်က ပြောပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သံတမန်အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့သလို၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း အချိန်အတော်ကြာ တွေ့ဆုံခဲ့ပါတယ်။ မနက်ဖြန်မှာတော့ ရခိုင်မြောက်ပိုင်းဒေသ ပဋိပက္ခဖြစ်ပွားရာဒေသကို လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လေ့လာကြမှာပါ။
နောက်ထပ်ကြည့်ရှုရန်