ချင်းပြည်နယ် မင်းတပ်မြို့က ဧရွာ စစ်ဘေးရှောင်စခန်းအနီးကို စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်လာပြီးတဲ့နောက် စစ်ပြေးဒုက္ခသည်တွေ ထပ်မံထွက်ပြေးနေရာတာကြောင့် နှစ်ဘက် လက်နက်မကိုင်ရနယ်မြေ Safe Zone မျိုး သတ်မှတ်ပေးဖို့ လိုလားနေကြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ခနီး္တမြို့နယ်က နန့်စီပွန်ကျောက်စိမ်းမှော်က စစ်ကောင်စီ တပ်စခန်းကို ဒီနေ့မနက်အစောပိုင်းမှာ KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ပြန်လည်တိုက်ခိုက်တာတွေ ရှိနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနဲ့ သိန္နီအကြားရှိ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အနီးအနားရှိ ဒေသခံရွာသားတွေကတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
အခုရက်ပိုင်း မြန်မာပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေးနှုန်း ဆက်ပြီး တက်နေတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေက သွင်းကုန်ပစ္စည်းတချို့လည်း ဈေးတက်နေပါတယ်။ အထူးသဖြင့် မြန်မာနဲ့ နယ်စပ်ကနေ အဓိက ကုန်သွယ်နေတဲ့ ထိုင်းနဲ့ တရုတ်နိုင်ငံက ပစ္စည်းတွေ ဈေးတက်လာကြောင်း နယ်စပ်ကုန်သည်တွေက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံ ဘာသာရေးနှိပ်ကွပ်မှုနဲ့ လူနည်းစုဖိနှိပ်မှုကို စစ်ခေါင်းဆောင်တွေ လုပ်ဆောင်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးပြော၊ ဖမ်းဆီးခံသတင်းထောက်တွေ ပြန်လွှတ်ဖို့ နိုင်ငံတကာ သတင်းစာနယ်ဇင်းအဖွဲ့တွေ တောင်းဆို၊ ဒီလို မြန်မာ့အရေး နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို မအိသန့်စင်နဲ့ ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ARSA အစွန်းရောက်အဖွဲ့ က လာရောက်ပစ်ခတ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ARSA ဘက်က တဦး ကျဆုံးခဲ့ပါတယ်။
မန္တလေးတိုင်း မြင်းခြံမြို့အနီးက တလုတ်ကျေးရွာမှာ စစ်တပ်နဲ့ ဒေသခံတွေ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့လို့ ရွာသား ၂ ယောက် ကျည်ထိမှန်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နဲ့ ကလေးဝမြို့ကြားမှာလည်း မနေ့ညပိုင်းက စစ်တပ်နဲ့ ကျေးရွာသားတွေ အပစ်အခတ်တွေ ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာ DVB သတင်းထောက်သုံးဦးအပါအဝင် မြန်မာ ငါးဦးကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ကိုဗစ်ကပ်ရောဂါ စည်းကမ်းဖောက်ဖျက်မှုတွေနဲ့ ထိုင်းအာဏာပိုင်တွေက ဒီကနေ့ မနက်ပိုင်း ဖမ်းဆီးခဲ့ပါတယ်။
စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ် မိုးမောက်နဲ့ ဒေ့ါဖုန်းယန်မြို့နယ်တွေအတွင်းမှာ စစ်ကောင်စီဘက်က တပ်အင်အားတွေ အလုံးအရင်းနဲ့ ဖြည့်တင်းလာတာကြောင့် မကြာမီ ရက်တွေအတွင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ကြုံတွေရနိုင်တယ်လို့ ဒေသခံတချို့နဲ့ KIA ဘက်က သုံးသပ်ကြပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံထဲကနေ စတင် ပြန်ရုပ်သိမ်းလာနေတာနဲ့အမျှ အာဖဂန်မှာ အကြမ်းဖက်မှုတွေ ပြန်များလာပြီး တာလီဘန်တွေ အင်အားပြန်ကောင်းလာမှာကို အာဖဂန်ပြည်သူတွေ စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ကဘူးမြို့တော်ကနေ Ayesha Tanzeem ပေးပို့တဲ့သတင်းကို ကိုသားညွှန့်ဦးက ပြောပြပေးပါမယ်။
ကွတ်ခိုင်မြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲဟာ အင်္ဂါနေ့ ညနေ ၃ နာရီခွဲလောက်က စတင်ခဲ့ပြီး ညနေ ၅ နာရီခွဲလောက်မှာ ရပ်ဆိုင်းခဲ့ပေမဲ့ ည ၇ နာရီကနေ ၈ နာရီခွဲလောက်အထိ မြို့အနီးမှာပါ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။
မကွေးတိုင်းဒေသကြီး ထီးလင်းမြို့အနီး ကျေးရွာတခုမှာ ဒေသခံတွေနဲ့ စစ်ကောင်စီတပ်တွေ ၂ ဘက်အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားနေပြီး ၂ ဘက်လုံး အသေအဆုံး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ၃ မိုင်လောက်သာဝေးတဲ့ ထီးလင်းမြို့မှာ လူအသွားအလာ မရှိသလောက် တိတ်ဆိတ်နေပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေဟာ ၅ ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး ဒီကနေ့ လေယာဉ်နဲ့ လာရောက်တိုက်ခိုက်တာ အနည်းဆုံး ၅ ကြိမ်လောက်ရှိသလို မြေပြင်ကနေလည်း တိုက်ခိုက်တာတွေ ရှိကြောင်း KIA ပြောခွင့်ရသူက ပြောပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ KIA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာမှာ စစ်တပ်ဘက်က လေကြောင်းကနေပါ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားရာနေရာတွေနားမှ တိမ်းရှောင်နေတဲ့စစ်ပြေးဒုက္ခသည်တွေဆီ လူမှုအသင်းအဖွဲ့တွေ သွားရောက်ကူညီဖို့အတွက်လည်း အကန့်အသတ်တွေ ရှိနေပါတယ်။
အများမျှော်လင့်နေတဲ့ မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အစည်းအဝေး ပြီးဆုံးသွားပါပြီ။ မြန်မာစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ပြီး အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာ့အရေး စိုးရိမ်ချက်တွေကို နားထောင်ခဲ့ပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက မြို့တွေမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု ပြန်ရှိလာနေတာကြောင့် မြန်မာနိုင်ငံဘက်က တင်ပို့တဲ့ ကုန်ကားတွေအပေါ် တင်းကြပ်တဲ့ စည်းကမ်းတွေ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာ့အရေးမှာ နိုင်ငံတကာကဝင်ရောက်စွက်ဖတ်ဖို့ တောင်းဆိုတဲ့ လန်ဒန်မြို့က ဆန္ဒပြပွဲမှာ မြန်မာ့ဒီမိုကရေစီနဲ့တိုင်းရင်းသားလှုပ်ရှားသူတွေ စုစုပေါင်း နှစ်ရာလောက် ဒီကနေ့ နေ့လည်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်နေသူတဦးကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ မတ်လ ၁၁ ရက်နေ့က စတင်ပြီး တိုက်ပွဲတွေပြန်လည်စတင်နေတာမှာ ဖားကန့်မြို့နယ် အတွင်းမှာတော့ ရက်ခြားဆိုသလို KIA က တပ်မတော်နဲ့ ရဲတပ်ဖွဲ့စခန်းတွေကို စီးနင်းတိုက်ခိုက်တာတွေ ရှိခဲ့တာပါ။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ရဲစခန်း ၃ ခုကို ဒီကနေ့မနက် အစောပိုင်းက KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဘက်က အကျအဆုံးတွေ ရှိခဲ့ပါတယ်။
ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် မြန်မာနိုင်ငံတဝှမ်းပြုလုပ်နေကြတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်နှိမ်နင်းရာမှာ မန္တလေးတမြို့တည်းမှာပဲ လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်