“၆ ရက်နေ့က ပြန်ပြီးတော့ အကြောင်းပြန်ပါတယ်။ လောလောဆယ်ဒီ စစ်တပ်တွေ ရွှေ့ဖို့၊ လမ်းကြောင်းပြောင်းဖို့ မဖြစ်နိုင်ဘူး။ မိုးတွင်းလည်း ဖြစ်တယ်။ နောက်တခုက ကျနော်တို့ ဒီလမ်းကြောင်းကို သုံးလာတာ နှစ် ဆယ်ချီရှိပြီ။ ဘာပြဿနာမှ မရှိဘူးဗျ။ အဲဒါကို ပြဿနာဖြ စ်တာကို ကျနော်တို့က မလိုချင်ဘူးလေနော်။” (SSPP ပြောခွင့်ရ)
“လက်ရှိအချိန်မှာ ဒီလိုမျိုးကလေးတွေကို တခုခုဖြစ်လာပြီဆိုရင် ချိတ်ဆက်ဆောင်ရွက်လို့ ရနိုင်တဲ့အဖွဲ့အစည်းတွေ ကိုယ်တိုင်က အခက်အခဲဖြစ်နေတာ ကျနော်တို့တွေ့ရတယ်။ ဒီလိုမျိုး အရေးယူတုံ့ပြန် ဆောင်ရွက်ပေးဖို့ကို ကြိုးစားတဲ့ဟာတောင်မှ သူတို့ကိုယ်တိုင်တောင် မနည်းလှုပ်ရှားနေရတယ်။” (ဦးနေလင်းအောင်-ကလေးအခွင့်အရေးရှေ့နေ)
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဝပြည် သွေးစည်းညီညွတ်ရေးပါတီတို့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ဝအနေနဲ့ နိုင်ငံကနေ ခွဲထွက်မှာ မဟုတ်ဘူးလို့ ထပ်ဂတိပြုသွားပါတယ်။ ရန်ကုန်ကပို့တဲ့ သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ရဲ့ သေဒဏ် အမိန့်ကို အထက်တရားရုံးအဆင့်ဆင့်အပါအဝင် စစ်ကောင်စီဘက်ကပါ အတည်ပြုလိုက်ပြီလို့ စစ်ကောင်စီ ပြောခွင့်ရသူက ပြောပါတယ်။
"အသက်အန္တရာယ်နဲ့ ယှဉ်လာတဲ့အခါကျတော့ အသက်တော့ အသေမခံနိုင်ဘူး၊ စာမတတ်တာပဲ ခံပါ့မယ်ပုံစံမျိုး။ အဲဒီတော့ မြန်မာပြည်မှာ တိုင်းနဲ့ပြည်နယ်အလိုက် ခွဲပြောရင်တော့ ကျောင်းတက်လို့ရနေတဲ့ နေရာတွေရှိသလို ကျောင်းတက်လို့ အဆင်မပြေတဲ့ နေရာတွေကလည်း ရှိနေတယ်။ (တနင်္သာရီတိုင်းတွင်းက မိဘတဦး)
အနောက်တိုင်းမီဒီယာတွေ ရုရှား၊ ယူကရိန်းပဋိပက္ခ သတင်းတင်ပြမှုမှာ ဝါဒဖြန့်သတင်းမှားတွေ ပါတယ်လို့ တရုတ်နိုင်ငံ သတင်းဌာနတွေက ထုတ်လွှင့်ခဲ့ပါတယ်။ ဒီလို ထုတ်လွှင့်ချက်တွေအပေါ် အမှားအမှန် စမ်းစစ်ချက် VOA ရဲ့ ပိုလီဂရပ်ဖ်အစီအစဉ်မှာ ကိုသားညွှန့်ဦး တင်ပြထားပါတယ်။
“စိုးရိမ်ရတဲ့လူနာက အနည်းဆုံး ၄ ယောက်လောက်တော့မြင်ခဲ့တယ်။ တယောက်ကတော့ အလွန်ဆိုးရွားတယ်။ နောက်တယောက်ကတော့ ခြေထောက်ထိထားတယ်။ သွေးထွက်လွန် လူနာရှိတယ်။ ခြေထောက်တွေ ထိတာရှိတယ်။ လက်တွေထိတာ ရှိတယ်။ ဗိုက်တွေ ထိတာရှိတယ်။ တချို့ဆိုရင်လွင့်ပြီးတော့ လဲကျသွားတဲ့ အနေအထား ပုံစံမှာရှိတယ်။” (ကူညီသူတဦး)
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ငြိမ်းချမ်းရေးတွေ့ဆုံပွဲ စတင်တာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS / SSA ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ကရင်အမျိုးသားအစည်းအရုံး KNU / KNLA တို့ တက်ရောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး ဆက်ပြောပြပေးပါမယ်။
“တခြားလမ်းကြောင်းကနေသွားဖို့ မဖြစ်နိုင်ဘူးဆိုတာ ဒီဟာကိုခေါင်းစဉ်ပြပြီး အကြမ်းဖက်တွေလက်ထဲ ရောက်ရှိသွားနိုင်တာမျိုး ရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီး လက်တွေ့ တိတိကျကျ ထိထိရောက်ရောက်ဆောင်ရွက်ပေးနေတာကလည်း ဒီ အစိုးရအဖွဲ့အစည်းတွေရယ်၊ တရားဝင်ဖွဲ့စည်းထားတဲ့ လူမှုပြန်လည်ကယ်ဆယ်ရေးအသင်းတွေကပဲ လုပ်နေတာ။” စကစ ပြောခွင့်ရ
“ပစ်သတ်ခံရတာ ၂ ယောက်။ ၃ ယောက်ကတော့ ပြောရမယ်ဆိုရင် အဲ့ ၃ ယောက်ရှေ့မှာ ၂ ယောက်ကို ပစ်သတ်တာဆိုတော့ အဲ့ ၃ ယောက်ကတော့ ခု ရူးသွပ်သွပ်ပေါ့နော်။ သွေးလန့်ပြီးတော့ ခုကုနေရတယ်။ ရွာသာကျေးရွာရဲ့တောင်ဘက် ငါးတဲစုရွာက၊ နာမည်က ကိုဖား၊ ဦးကျော်ငြိမ်းတဲ့။ မြန်မာယမ်စီကုမ္ပဏီမှာ အလုပ်လုပ်တဲ့ သူတွေ။” (ဒေသခံ)
“တိုက်ပွဲမနေ့ကဖြစ်တယ်။ ဟိုတနေ့ကဖြစ်တယ်ဗျ။ အဲဒါပြီးတော့ ကျနော်တို့ အင်းကျော်သား (၃) ယောက် သတ် သွားတာပေါ့လေ။ အင်းကျော်သား (၃) ယောက်ပါသွားတယ်။ အဲဒါ သူတို့အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာမှာ ချိန်းကြိုးတွေနဲ့ရိုက်ပြီးမှ သတ်ပစ်တယ်တဲ့။" (အင်းကျော်ရွာသား)
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ သံရုံးတချို့မှာ သံအမတ်ကြီးအဆင့်ကနေ သံရုံးတာဝန်ခံအဖြစ် လျှော့ချလိုက်တာက အမေရိကန်၊ အာဆီယံ ထိပ်သီးအစည်းအဝေး ဂယက်ကြောင့် မြန်မာအနေနဲ့ နိုင်ငံတကာသံတမန်ဆက်ဆံရေးမှာ အကျပ်အတည်းဖြစ်လားဆိုတာ မေးစရာဖြစ်လာပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး ဆက်ပြောပြပေးပါမယ်။
“ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးဆိုင်ရာ ကိစ္စရပ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဒီနှစ်ခုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဦးစွာပြောကြားခဲ့ပါတယ်။ ဒီအပေါ်မှာ RCSS/SSA ဥက္ကဋ္ဌပေါ့နော်။ စဝ်ယွက်စစ်ကလည်း သဘောတူညီခဲ့ပါတယ်။ ” (ဗိုလ်ချုပ်ဇော်မင်းထွန်း)
မနက်ဖြန် ၂၀ မှာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်မှာဖြစ်ပြီး NCA အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST နဲ့ ဆွေးနွေးဖို့ကို ညှိနှိုင်းနေဆဲဖြစ်ကြောင်းနဲ့ စစ်ကောင်စီဘက်က ရလဒ်တခုထွက်ပေါ်လာတဲ့အထိ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
“ရေဘုတလင်ရွာကိုမီးရှို့တယ်။ သူတို့ အထိနာလို့။ အထွက်မှာ တိုက်မိုင်းတွေထောင်ထားခဲ့တာကို ထိတဲ့အခါကျတော့ ဝချောင်းကြီးရွာကို မီးရှို့တယ်။ အဲ့ဒါအပြင် ချောင်းဝကြီးကော အဲ့ ၃ ရွာကိုမီးရှို့တယ်။ ကနီရဲ့အနောက်ဘက်က ဆင်ဆန်းရယ်၊ သရက်တောရယ်၊ နောက်ပြီး ကင်းတောင်ရယ် အဲ့ ၃ ရွာကို မီးရှို့တယ်။ (ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်)
"သံတမန်ရေးအရ တော်တော်အထိနာသွားပြီလို့ ပြောလို့ ရတယ်။ အမေရိကန်ဦးဆောင်ပြီး အိမ်ဖြူတော်မှာ မဇင်မာအောင်ကို လက်ခံတွေ့ဆုံတယ်ဆိုတဲ့ကိစ္စက စကစရဲ့ လက်ရှိအခြေအနေက မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတွေနဲ့ဆက်ဆံရေးအားဖြင့်တော့ သံတမန်ရေးအရ ကျရှုံးသွားပြီလို့ ယေဘုယျ ပြောလို့ရပါတယ်။"(ဒေါက်တာမြင့်နိုင်-နိုင်ငံရေးသုံးသပ်သူ)
မြန်မာစစ်ကောင်စီ ကျင်းပပေးမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တက်ရောက်သူတွေအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို ဖြေရှင်းကျော်လွှားနိုင်ဖို့ ဆွေးနွေးရမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး ဆက်ပြောပြပေးပါမယ်။
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေကို တနိုင်ငံလုံး ထိုးစစ်တွေရပ်ဆိုင်းရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်ရေးအတွက် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီက တိုက်တွန်းလိုက်ပါတယ်။
“လမ်းကြမ်း အခု မိုးတွင်းလည်း ဖြစ်တဲ့အခါကျတော့ ကားလမ်း အဆင်မပြေတာရှိတယ်။ ပြီးရင် အစစ်အဆေးရှိတယ်။ တခါတလေကျရင် ဆန်တင်ပြီဆို ပိုရစ်ချင်တာပေါ့။ ဆန်နည်းနည်းများများ သယ်ပြီဆို စကားပြောရတာလေနော။ ပြီးရင် သယ်ယူပို့ဆောင်ရေး စရိတ်ဈေးကြီးတာပေါ့။ ဆီက အရမ်းဈေးတက်တော့ လေ။” (ဒုက္ခသည်ကူညီရေးအဖွဲ့ဝင်တဦး)
စစ်အာဏာသိမ်း တနှစ်ကျော်လာတဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ နှစ် ၃၀ အတွင်း အဆိုးဆုံးအခြေအနေကို ရောက်နေတယ်၊ ကမ္ဘာမှာ အဆိုးရွားဆုံး ၅ နိုင်ငံအထဲထိ ရောက်သွားတယ်လို့ သတင်းလွတ်လပ်ခွင့် စောင့်ကြည့်ရေးအဖွဲ့တွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး ဆက်ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်