လက်ရှိသမ္မတ ဦးသိန်းစိန် တာဝန်လွဲှပြောင်းပြီးရင် သူဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ တွေ့ဆုံစဉ်ပြောဆိုခဲ့ပါတယ်။
ဒီဇင်ဘာ ၂၀၊ ၂၀၁၅ - ကချင်ပြည်မှာ ငြိမ်းချမ်းရေး အစစ်အမှန် ရနိုင်မှာ မဟုတ်ဘူးလို့ KIO ကချင်လွတ်မြောက်ရေးအဖွဲက ယူဆကြာင်း အမေရိကန် အခြေဆိုက် ကချင်မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ Gun Sam က ပြောပါတယ်။ ဦးသန်းလွင်ထွန်းက Skype ကတဆင့် ဆက်သွယ်မေးမြန်းထားတာပါ။
ဒီဇင်ဘာ ၁၃၊ ၂၀၁၅ - UNFC အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် က ဦးဆောင်ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလာမယ့် အလားအလာနဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်မှာလဲ ဆိုတာကို လားဟူ ဒီမိုကရက်တစ်သမဂ္ဂ ဒုဥက္ကဌ ဗိုလ်မှုးကြီးဆော်လမွန် ကို ဗွီအိုအေ မြန်မာပိုင်းဌာနမှုး ဦးသန်းလွင်ထွန်း က Skype ကနေတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။
ဒီဇင်ဘာ ၆၊ ၂၀၁၅ - သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ခြင်းဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရသစ်တရပ် ပေါ်ထွန်းလာစေရေး ကောင်းမွန်တဲ့အဆင့်တဆင့် ဖြစ်တယ်လို့ မြန်မာ့အရေးအကဲခတ် ဒေါက်တာတင့်ဆွေ က ပြောလိုက်ပါတယ်။
အစိုးရနဲ့ အပစ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့နဲ့ပဲ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ ကြိုးပမ်းနေတာဟာ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက ပြောလိုက်ပါတယ်။
"ရွေးကောက်ပွဲက ဒီမိုကရေစီကျင့်စဉ်တခုဖြစ်တဲ့အတွက် ဒီကနေ ထွက်လာမယ့် ရလဒ်အပေါ် ဘယ်အစိုးရပဲ တက်တက် ရှေ့ဆက်ပြီး အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ရတဲ့အဆင့် ရောက်အောင် ဆက်ကြိုးပမ်းသွား မယ်"
"၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့က ပအို့ဝ်ဒေသတွင်းမှာတော့ ကွာခြားမှုတွေရှိတယ်။"
NLD ကိုယ်စားလှယ်လောင်းတဦးကို တိုက်ခိုက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒါဟာ ရွေးကောက်ပွဲကို ပျက်အောင် လုပ်ချင်တာလား၊ ရွှေ့ဆိုင်းအောင် လုပ်ချင်တာလား ဆိုတာ စိုးရိမ်စရာ ရှိလာတယ်လို့ ဦးမိုးသီးဇွန် က ပြောဆိုလိုက်ပါတယ်။ သာကေတမြို့နယ်မှာ မဲဆွယ်စည်းရုံးနေချိန် ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းနဲ့ NLD အဖွဲ့ဝင်တွေ ကြာသပတေးညက ဓားနဲ့ တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး - အမေရိကန်ပြည်ထောင်စု ဖို့ဝိန်းမြို့မှာနေထိုင်တဲ့ ဦးမိုးသီးဇွန် ကို ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်း က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ် တလျှောက် လုံခြုံရေးအစီအမံတွေကို အထူးတင်းကြပ် ထားတာမို့ လှေစီးဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကဆိုတာ ဖြစ်နိုင်ခြေအလွန်နည်းပါးတယ်လို့ ရခိုင်ပြည်နယ်မှာ ပထမဆုံး ဖွဲ့စည်းတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဒုတိယ ကွပ်ကဲရေးမှူး ရဲမှူးကြီးမျိုးဆွေက ဗွီအိုအေ ကို ပြောပါတယ်။
"ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာ ဟိုဘက် အပေါ်ကနေ အောက်ဘက်အထိ မောင်တောနားအထိက စုစုပေါင်း ၃၉ မိုင် အရှည်ရှိတဲ့ နယ်စပ်စည်းရိုးပေါ့နော်။ အဲဒီစည်းရိုးက ကွန်ကရိတိုင်တွေနဲ့ သံဆူးကြိုးတွေနဲ့ သေသေချာချာ ကျကျနန ကာထားတဲ့ စည်းရိုးပါ။"
"သူတို့ စုစုပေါင်း ၂၀၀ လောက်ကို အဆောင် ၂ ခုနဲ့ ခွဲထားပြီးတော့၊ သူတို့ရဲ့ ပြောကြားချက်အရကတော့ သူတို့ကို ဒီဘက်မှာ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားပါတယ်။ မြန်မာ အာဏာပိုင်တွေကို ကျေးဇူးတင်ပါတယ်လို့ သူတို့ပြောပါတယ်။ သူတို့အနေနဲ့လည်း ကျနော်တို့လာပြီး သူတို့ကိုတွေ့တဲ့အတွက် တော်တော်လေး ဝမ်းသာသွားတယ်"
အရှေ့တောင်အာရှဒေသမှာ လှေစီးပြေး ရွှေ့ပြောင်းနေသူတွေထဲ အဓိက ထွက်ခွာလာကြတဲ့ ဒေသတခုအဖြစ် နိုင်ငံတကာက ပြောဆိုနေကြတဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို အနီးကပ်လေ့လာ သတင်းယူဖို့ ရခိုင်ပြည်နယ်စစ်တွေမြို့ကို ရောက်နေတဲ့ ဗွီအိုအေဌာနမှူးရဲ့ အတွေ့အကြုံတချို့ကို ကောက်နုတ်ဖော်ပြပေးထားပါတယ်။
"လွှတ်တော်ဥက္ကဋ္ဌတာဝန်ယူခဲ့ရတာ မိမိအတွက်ကော၊ လွှတ်တော်အတွက်ကော၊ နိုင်ငံ့အတွက်ကော အများကြီး အကျိုးကျေးဇူးတွေရှိပါတယ်။ .... နိုင်ငံတကာလွှတ်တော်များ၊ အစိုးရအဖွဲ့များ၊ နိုင်ငံတကာမှာရှိတဲ့ ပါတီအသီးသီးရဲ့လှုပ်ရှားများ၊ ..ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာ ပိုပြီးတော့လေ့လာခွင့်ရပါတယ်။" (သူရဦးရွှေမန်း)
"ပြဌာန်းတဲ့နေရာမှာလည်း ဒီဥပဒေဟာ တရားမျှတပြီး နိုင်ငံသားများလိုက်နာနိုင်တဲ့ ဥပဒေဖြစ်ရမယ်။ ဒီဥပဒေကို လိုက်နာ အကောင်အထည်ဖော်ဖို့က လိုက်နာအကောင်အထည်ဖော်အောင် ဆောင်ရွက်ပေးဖို့က သက်ဆိုင်ရာအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများမှာ တာဝန်ရှိတယ်။" (သူရဦးရွှေမန်း)
"နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ အေးအေးချမ်းချမ်းနဲ့ တည်တည်ငြိမ်ငြိမ် လုပ်နိုင်အောင် ကာကွယ်ရမယ် စသဖြင့် ဒီလမ်းကြောင်းပေါ်မှာပဲ ရှိပါတယ်"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာ့ဒီမိုကရေစီခေါင်းအောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ (မြန်မာပိုင်း) ဌာနမှူး ဦးသန်းလွင်ထွန်းတို့ရဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်း အပြည့်အစုံကို စုစည်းတင်ပြပေးထားပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဗွီအိုအေ (မြန်မာပိုင်း) ဌာနမှူး ဦးသန်းလွင်ထွန်းတို့ရဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်း အပိုင်း (၃) ပိုင်းစလုံးကို စုစည်းတင်ပြပေးထားပါတယ်။
လူမျိုးရေး၊ ဘာသာရေး၊ အပစ်အခတ်ရပ်စဲရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်ကနေအိမ်မှာ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း သွားရောက်ပြီး သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ အခက်အခဲတွေရှိနေသေးပေမယ့် ရအောင်ညှိနှိုင်းသွားရမှာပဲဖြစ်ကြောင်း လေးပွင့်ဆိုင်ဆွေးနွေးရေး ဆက်လက်တောင်းဆိုနေရတဲ့ သဘောထား၊ လူမျိုးရေး ဘာသာရေးပဋိပက္ခတွေနဲ့ ပတ်သတ်တဲ့အမြင် စတာတွေကိုလည်း ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ ဆွေးနွေးထားပါတယ်။
ကျမတို့ ဒီအလုပ်စလုပ်ကတည်းက လွယ်နိုင်မယ်လို့တော့ ဘယ်တုန်းကမှ မသုံးသပ်ခဲ့ပါဘူး။ ဖြစ်နိုင်မယ်ဆိုတာတော့ အဓိကယုံကြည်ပါတယ်။ …. ပြင်ဖို့လိုတဲ့ကိစ္စတွေကို မြန်မြန်ပြင်ရဲတဲ့သတ္တိရှိရမယ်။ မြန်မြန်ပြင်နိုင်တဲ့အရည်အချင်း ကျမတို့မှာ အားလုံးလိုတယ်။ မြန်လေ၊ တိုင်းပြည် မနာလေပဲ။ (ဒေါ်အောင်ဆန်းစုကြည်)
နောက်ထပ်ကြည့်ရှုရန်