“… ကျနော်တို့လည်း မှန်မှန်ကန်ကန်ပဲလေ၊ ဘာမှလည်း ထိန်ချန်ထားစရာ အကြောင်းမရှိဘူး။ စစ်လို့ ပြုလို့ တွေ့ရှိချက်ပေါ် မူတည်ပြီးတော့လည်း ကျနော်တို့ဘက်က ခုံရုံးမှာလည်း အဖြေတခုထွက်ပါလိမ့်မယ်။ သူတို့ရဲ့ ထင်မြင်ယူဆချက်လည်း ထွက်လာလိမ့်မယ်။ ဒါတွေကလည်း နှစ်ဦးနှစ်ဖက် တူကောင်းလည်း တူမှာပေါ့၊ မတူရင်လည်း မတူဘူးပေါ့။”
တပ်မတော်ရဲ့ပြင်းပြတဲ့ဆန္ဒကတော့ ငြိမ်းချမ်းရေးရချင်တဲ့ဆန္ဒပါပဲ။ သို့သော် ကျနော်တို့သွားနေတဲ့ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းမှာ လက်နက်ကိုကိုင်ပြီးတော့မှ လိုအပ်တဲ့တောင်းဆိုမှုတွေ ပြောဆိုပြီးတော့မှ သူတို့အခွင့်အာဏာရဖို့ လုပ်ဆောင်ချက်တွေ မရှိသင့်ဘူးလို့ ကျနော်တို့ ယူဆတယ်။ (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်)
လက်ရှိပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေကြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) အပါအဝင် ပြုပြင်ရေးကိစ္စတွေမှာ တပ်မတော်အနေနဲ့ မပြုပြင်ရေးဘက်က ရပ်တည်ခဲ့ရတဲ့အကြောင်းရင်းတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးက ဗွီအိုအေနဲ့ပထမဦးဆုံးသီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ရှင်းပြခဲ့ပါတယ်။
ုပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပြင်ဆင်မှုတွေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပြီး ၂၀၁၆ နှစ်ဆန်းပိုင်းမှာမှ ဖွဲ့စည်းမယ့် လွှတ်တော် အသစ်မှာ အတည်ပြုပေးရမယ် ဆိုတဲ့ အကြောင်း ဗွီအိုအေကို သီးသန့် ထပ်မံရှင်းလင်းခဲ့ပါတယ်။
ကချင်အရာရှိလောင်း ၂၀ကျော် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန်က ဒီလို သွေးထွက်သံယို ပဋိပက္ခတွေ တားဆီးနိုင်ရေးအတွက် အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်မှုအဖွဲ့တွေ ဆက်ဆံရေးရုံးတွေ ပိုမိုဖွင့်လှစ်သွားရမှာဖြစ်ပြီး ဒါ့အပြင် တပ်မတော်အနေနဲ့လည်း သတင်းထုတ်ပြန်မှုတွေ ပိုမိုလုပ်ဆောင်သွားရမယ်လို့ ပြောဆို
"ကျွန်တော်တို့ ဒီကနေ့လုပ်နေတာဟာ ဒီပန်းတိုင်ကနေစထွက်ပြီးတော့ ခရီးလမ်းတခုကိုတော့ ရောက်နေတာတော့ သေချာပြီ။ ဒီရောက်နေတဲ့ဟာကို တိုင်းပြည် အတွက် ကောင်းအောင် နောက်တက်လာတဲ့သူက ရှေ့ကို ဆက်ပြီးတော့ တွန်းသွားပေးဖို့ လိုပါတယ်။ အရင်လုပ်ထားတဲ့ အလုပ်တွေ အကုန်ဖျက်၊ တစ်ကပြန်စဆိုရင် ဘာဘဲဖြစ်ဖြစ်တိုင်းပြည် နစ်နာမှာ။"
"အဓိကအားဖြင့်ကတော့ ဒီဥပဒေကြောင်းဆိုင်ရာနဲ့ ပြုပြင်ပြောင်းလဲမှု ဆိုင်ရာတွေမှာ နှေးကွေးနေသေးတယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိပါတယ်။ အဲ့ဒါလေးတွေလည်း အစောပိုင်းက အဖွင့်ပိုင်းမှာ နည်းနည်း ပြောသွားတာရှိတယ်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်ပိုင်းက...."
စက်တင်ဘာ ၇၊ ၂၀၁၄ - ထိုင်း-မြန်မာနယ်စပ်မှာ တိုင်းရင်းသားအဖွဲ့ပေါင်းစုံနဲ့ အနီးကပ် တော်လှန်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်ကိုင်ခဲ့တဲ့ ABSDF ကျောင်းသားတပ်မတော် ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နဲ့ ဆွေးနွေးထားပါတယ်။
ဇွန် ၁၊ ၂၀၁၄ - ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆောင်းပါးတွေ ရေးသားနေသူ ဦးဇော်မင်း, ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုးဦးသန်းလွင်ထွန်းက ထိုင်းနဲ့မြန်မာ စစ်တပ်အာဏာသိမ်းမှု မတူကွဲပြားမှုကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
"Martial Law စစ်အုပ်ချုပ်ရေးဥပဒေထုတ်တာနဲ့ စစ်အာဏာသိမ်းတာ မတူတဲ့အတွက် အခုလောလောဆယ်မှာ စစ်တပ်ဟာ နှစ်ဘက်စလုံးကို မျှအောင် ထိန်းပေးတဲ့သဘော ရှိပါတယ်" - ထိုင်းနိုင်ငံရေးသုံးသပ်သူ Thitinan Pongsudhirak
မေ ၁၁၊ ၂၀၁၄ - ဒီတပတ် မြန်မာ့ဒီမိုကရေစီအစီအစဉ်မှာ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း လူထုဆက်ဆံရေးတာဝန်ခံ ဦးဂျင်မီ နဲ့ ဗွီအိုအေဌာနမှုး ဦးသန်းလွင်ထွန်းတို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးထားကြပါတယ်။
တစ်ကမ္ဘာလုံးကိုလွှမ်းခြုံ ကြည့်ရင် သတင်းမီဒီယာ လွတ်လပ်မှုအခြေအနေဟာ ပိုမိုဆုတ်ယုတ်လာပြီး နေရာတိုင်းလိုလိုမှာ အခက်အခဲတွေ ရှိနေပြီး ပြီးခဲ့တဲ့နှစ်အတွင်း သတင်းမီဒီယာ အခြေအနေဟာ ဆိုးဝါးလွန်းလာတာဟာ အစိုးရတွေက ဖိနှိပ်မှုတွေတစ်ခုတည်းကြောင့်တော့မဟုတ်ဘူးလို့ Freedom House လေ့လာစောင့်ကြည့်ရေးအဖွဲ့ကြီးက ပြောပါတယ်။
ဧပြီ ၁၃၊ ၂၀၁၄ - မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံတကာ ဖွ့ံ့ဖြိုးရေး အကူအညီတွေ၊ လုပ်ငန်းများနဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံ အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေက ဦးဆောင်သူများကို ဦးသန်းလွင်ထွန်းက ဗွီအိုအေမှာ တွေ့ဆုံမေးမြန်းထားပါတယ်။
မတ် ၃၀၊ ၂၀၁၄ - မြန်မာ့မြေယာ စီမံခန့်ခွဲရေးအကြံပြုချက် စာတမ်းတစောင်ကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်က ကမ္ဘာ့ဘဏ် ဆွေးနွေးပွဲတခုမှာ တင်ပြခဲ့တဲ့ ဦးအောင်ကျော်သိန်း ကို ဗွီအိုအေမြန်မာဌာနမှုး ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
" မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကအားဖြင့် ဗမာပြည်ကို ငြိမ်းချမ်းရေးရအောင် လုပ်ချင်တယ်ဆိုရင် မြန်မာပြည်မှာဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရမယ်။ ပဋိပက္ခဆိုတဲ့နေရာမှာ ကျနော်တို့က ပဋိပက္ခကို ၃ မျိုးလို့မြင်ပါတယ်။ ပဋိပက္ခ ၃ မျိုးက ဘာလဲဆိုတော့" - ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း
ဇန်နဝါရီ ၁၉၊ ၂၀၁၄ - လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ပြန်လည်ထူထောင်ရေးကာလ ဦးဆောင်မှုအပိုင်းမှာ ကွဲလွဲမှုသတင်းတွေလည်း အဆက်မပြတ် ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး ပါတီရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဦးအောင်မိုးဇော်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပါတယ်။
ဇန်နဝါရီ ၁၂၊ ၂၀၁၄ - မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဖွင့်လှစ်တည်ထောင်လိုက်တဲ့ Herzfeld Rubin Meyer & Rose အမေရိကန် ဥပဒေအကျိုးဆောင်အဖွဲ့ရဲ့ Managing Director အန်ဒရူး ငွန်ကျုံးလျန် ကို ဗွီအိုအေက ဗွီအိုအေက မေးမြန်းထားတာပါ။
ဒီဇင်ဘာ ၁၅၊ ၂၀၁၃ - ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ အမျိုးသားဒီမိုကရေစီကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ် နဲ့ ချင်းအမျိုးသားပါတီ ကိုယ်စားလှယ် ဦးစတီဗင် သာဘိက်တို့နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
နိုဝင်ဘာ ၂၄၊ ၂၀၁၃ - မြန်မာနိုင်ငံကို ကမ္ဘောဒီးယားလို နိုင်ငံတကာအပေါ် အမှီအခိုကြီးနေရတဲ့ အခြေအနေမရောက်စေချင်ကြောင်း ပါမောက္ခ Sophal Ear သုံးသပ်ပြောဆို ဆွေးနွေး....
နိုဝင်ဘာ ၁၇၊ ၂၀၁၃ - မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ်စနစ် ပတ်သက်တဲ့ အခြေအနေတွေကို သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဒေါက်တာဇော်ဦးနဲ့ ဆွေးနွေးသုံးသပ်...
နောက်ထပ်ကြည့်ရှုရန်