ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ယူကရိန်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အမေရိကန်သမ္မတကတော် Dr. Jill Biden ကိုဗစ်ရောဂါ ကူးစက်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်ကို တာလီဘန်တွေ သိမ်းပိုက်အုပ်ချုပ်တာ ၁ နှစ်ပြည့်သွားခဲ့ပါပြီ။ မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြပါမယ်။
တာလီဘန်တွေ အာဖဂန်နစ္စတန်မှာ အာဏာရလာတာ ၁နှစ်ပြည့်ချိန်မှာပဲ ဘယ်လိုကတိကဝတ်တွေကို တာလီဘန်တွေ ဖြည့်ဆည်းခဲ့ပြီး ဘယ်ဟာတွေကိုတော့ ဖောက်ဖျက်ခဲ့တယ်ဆိုတာ ဗွီအိုအေရဲ့ ပုံပြရုပ်သံအစီအစဉ်မှာ ကိုဝင်းခန့်မောင် ပြောပြထားပါတယ်။
ကာကွယ်ရေးနဲ့ လုံခြုံရေးပစ္စည်းတွေထုတ်လုပ်တဲ့ ဆွီဒင်ကုမ္ပဏီ Saab (ဆာ့ဘ်) ရဲ့ စစ်လက်နက်ပစ္စည်းတွေဟာ အိန္ဒိယကုမ္ပဏီကတဆင့် မြန်မာစစ်တပ်ဆီ ရောက်ရှိနေတယ်လို့ Justice For Myanmar ကပြောလိုက်ပါတယ်။
မြန်မာစစ်တပ်ဟာလူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို စနစ်တကျဆက်လက်ပြုလုပ်နေတယ်လို့ IIMM ကအစီရင်ခံစာထုတ်ပြန်ပါတယ်။ သမ္မတဟောင်း Donald Trump ရဲ့ဖလော်ရီဒါပြည်နယ်ကကိုယ်ပိုင်အိမ်ကို FBI အရာရှိတွေဝင်ရောက်ရှာဖွေခဲ့ပါတယ်။ ဒီလိုထိပ်တန်းရောက်သတင်းတွေကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင်နဲ့အတူ စုစည်းတင်ဆက်ပေးပါမယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဖမ်းဆီးတဲ့ထဲပါဝင်တဲ့ AAတပ်ဖွဲ့ဝင်တွေကို ALPပါတီက ပြန်လည်ဖမ်းဆီးနေတာဖြစ်ပြီး မနေ့ကလည်း စစ်တွေမြို့ နေထိုင်သူ အမျိုးသားတဦးကို ALPပါတီက ဖမ်းဆီးခဲ့တယ်လို့ ALPပါတီဖက် ကပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုဝင်းခန့်မောင် က တင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်နေသူတွေကို ကွပ်မျက်လိုက်လို့ ဆိုးရာကနေ အဆိုးဆုံးအခြေအနေဖြစ်သွားတယ်လို့ အာဆီယံအစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးတွေ ပြောခဲ့ကြပါတယ်။ ခုလိုတပတ်အတွင်း သတင်းတွေကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင်တို့က စုစည်းတင်ဆက်ပေးပါမယ်။
“ဆန်လောကထဲမှာတောင် တဝက်လောက် ထိသွားပြီ။ သိန်း၂ သောင်းရှိရင် သိန်း ၅,၀၀၀ လောက်ပဲကျန်တော့တာပေါ့။ ဆန်လည်း နိုင်ငံခြားမတင်နိုင်၊ နိုင်ငံခြားသင်္ဘောတွေလည်း ပြန်လွှတ် လျော်တဲ့သူကလျော်၊ နိုင်ငံခြားကို အများဆုံးတင်တဲ့ကုမ္ပဏီတောင် ကွဲသွားပြီ။... import ပဲဖြစ်ဖြစ် ဖွင့်ပေးထားရမှာလေ။” (ပဲပို့ကုန်လုပ်ငန်းရှင်)
စစ်ကောင်စီသေဒဏ်စီရင်မှု G7 ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံတွေနဲ့ နိုင်ငံတကာ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ၊ ဒေါ်လာငွေလဲနှုန်းကြောင့် ဆေးဝါးတင်သွင်းဖို့ခက်နေချိန် စစ်ကောင်စီကိုယ်တိုင် ဆေးဝါးတင်သွင်းဖို့ပြင်၊ ဒီလို ထိပ်တန်းရောက်တပတ်အတွင်းမြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ ပြောပြပေးပါမယ်။
မြန်မာနိုင်ငံ လူမှောင်ခိုကူးမှု အဆိုးဆုံးအဆင့် နောက်တနှစ် ဆက်ရောက်ရှိ၊ မြန်မာ့စီးပွားရေး နလံထူဖို့ နှေးကွေးတယ်လို့ ကမ္ဘာ့ဘဏ်ပြော။ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ ပြောပြပေးပါမယ်။
မြန်မာဆိုင်ရာ ဗြိတိန်သံရုံး တာဝန်ခံပြောတဲ့ မြန်မာနိုင်ငံက ထွက်ရတဲ့ အကြောင်းအရင်း မမှန်ကြောင်း စစ်ကောင်စီငြင်းဆို၊ ရုရှားရောက် စစ်ကောင်စီအကြီးအကဲ ရုရှားနဲ့ နျူကလီးယားစွမ်းအင်စာချုပ် လက်မှတ်ရေးထိုး၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ ပြောပြပေးပါမယ်။
အိန္ဒိယ၊ မြန်မာနယ်စပ်တမူးမြို့ အိန္ဒိယနိုင်ငံသား နှစ်ဦး သတ်ခံရပြီး နယ်စပ်အခြေအနေ ရှုပ်ထွေး၊ ကယား၊ လောပိတဒေသဘက်မှာ စစ်ကောင်စီလေကြောင်း ထိုးစစ်ဆင်၊ ပြည်တွင်းကား ထုတ်လုပ်ရေးလုပ်ငန်းအများစု ရပ်ဆိုင်း၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ ပြောပြပေးပါမယ်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တိဘတ်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်လားမားရဲ့ မွေးနေ့ပွဲကို သူအခြေစိုက်နေထိုင်တဲ့ အိန္ဒိယနိုင်ငံ ဟီမာချာပရာဒက်ချ်ပြည်နယ်၊ ဒါရမ်ရှာလာမြို့မှာ ကျင်းပခဲ့ပါတယ်။ အမေရိကန်မင်းသား ရစ်ချတ်ဂီယာအပါအဝင် ဒလိုင်လားမားကို ကိုးကွယ်ဆည်းကပ်သူတွေ တက်ရောက်ခဲ့တာပါ။
အာဖရိကနိုင်ငံ မော်ရိုကိုနိုင်ငံကနေ ဥရောပနိုင်ငံ စပိန်နိုင်ငံကို နယ်စပ်ခြံစည်းရိုးကျော်ပြီး ဝင်ရောက်ဖို့ လူအုပ်နဲ့ လုပ်ခဲ့ကြတာမှာ သေဆုံးမှုများပြားခဲ့ပြီး ဒီကိစ္စကို သီးခြားစုံစမ်းဖော်ထုတ်ပေးဖို့ ၂ နိုင်ငံလုံးမှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။ ဒီလိုဖြစ်ရပ်မျိုးက ဒီတခါတင်မက မကြာခဏဖြစ်တတ်တာပါ။
အမေရိကန်ပြည်ထောင်စုမှာ ဇူလိုင်လ ၄ ရက်နေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတလွှား ပျော်ပွဲရွှင်ပွဲတွေ၊ ဂီတဖျော်ဖြေပွဲတွေနဲ့ ကျင်းပပြီး မြို့ကြီးတွေမှာ အစိုးရစီစဉ်တဲ့ မီးရှုးမီးပန်း ပစ်လွှတ်တာတွေ၊ မြို့နယ် ရပ်ကွက်၊ မိသားစုတွေအလိုက် မီးရှုးမီးပန်းဖောက်တာတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။
အမေရိကန်ဟာ မိတ်ဆွေမပီသလို့ အမေရိကန်လွတ်လပ်ရေးနေ့မှာ ချီးကျူးစကားမဆိုဘူးလို ရုရှားအစိုးရက ပြောပါတယ်။ ယူကရိန်းသမ္မတ ကတော့ အမေရိကန်သမ္မတနဲ့ အမေရိကန်ပြည်သူတွေအတွက် ဆုတောင်းမေတ္တာပို့သပါတယ်။
ဟောင်ကောင်ကျွန်း အနောက်တောင် ၁၈၅ မိုင်လောက်က ပင်လယ်ပြင်မှာ စက်ပြင်သင်္ဘော မုန်တိုင်းမိပြီး နစ်မြုပ်သွားပါတယ်။ သင်္ဘောပေါ်မှာ လိုက်ပါသွားတဲ့ ဝန်ထမ်း ၃၀ ထဲကနေ အခုထိ ၄ ဦးပဲ အသက်ရှင်ရက် ကယ်ဆယ်မိထားပါတယ်။ ရုပ်အလောင်းတချို့ ဆယ်ယူရထားပြီး ကျန်သူတွေ ပျောက်ဆုံးနေဆဲပါ။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ဒုတိယအကြိမ်ရောက်ရှိ၊ ရခိုင်မြောက်ပိုင်း စစ်တပ်ကျူးလွန်မှုကြုံရတဲ့ ရိုဟင်ဂျာအမျိုးသမီးလေးများ အာဂျင်တီးနားတရားရုံးမှာ ထွက်ဆိုဖို့ရှိ၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
ဂျော်ဒန်နိုင်ငံ အကာဘာဆိပ်ကန်းမှာ ကလိုရင်းတိုင်ကီကြီး ကရိန်းနဲ့ သဘောၤပေါ်တင်တုန်း ပြုတ်ကျပြီး ပေါက်ကွဲမှုဖြစ်လို့ လူဆယ်ဂဏန်းသေဆုံးရသလို လူ ၂၀၀ ကျော် နေမကောင်းဖြစ်သွားခဲ့တာပါ။ အခင်းဖြစ်တဲ့နေရာနဲ့ အနီးဆုံးလူနေရပ်ကွက်က ၁၅ မိုင်လောက်ဝေးတာပါ။
အင်ဒိုနီးရှား တောင်ဆူလာဝေစီကျွန်းက ရွာလေးတရွာမှာ ရေထဲကနေ ရောက်လာတဲ့ မိချောင်းကြီးတကောင်ကို ရွာခံ သားအဖ ၂ ယောက် ကြိုးကွင်းစွပ်ပြီး ဖမ်းလိုက်ကြပါတယ်။ လူတွေအတွက်လည်း အန္တရာယ်ရှိ၊ နေ့စဉ်လူနေမှုလုပ်ငန်းတွေလည်း အနှောင့်အယှက်ဖြစ်လာနိုင်တဲ့အတွက် အခုလိုဖမ်းဖို့ အရဲစွန့် ဆုံးဖြတ်ရတာလို့ ဖခင်ဖြစ်သူက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်