ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် နောက်တနှစ် တာဝန်ဆက်ထမ်းဆောင်ဖို့ သက်တမ်းတိုး၊ ထိုင်းနယ်စပ်အပါအဝင် တိုင်းရင်းဒေသတွေမှာ စစ်ကောင်စီလေကြောင်းထိုးစစ်၊ ထိုင်းဘက် စစ်ပြေးပြီး ဒုက္ခသည်တွေ နေ့စဉ်ထပ်ရောက်ရှိ အပါအဝင် တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု နဲ့ ဗြိတိန်နိုင်ငံတို့က Australia ကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ရောင်းချရေး အစီအစဉ်အပေါ် မြန်မာအပါအဝင်အာဆီယံ နဲ့အင်ဒိုပစိဖိတ် ဒေသတွင်းနိုင်ငံတွေက ဘယ်လိုသဘောထားကြပါသလဲ။
စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား နားလည်မှုနဲ့ အပစ်ရပ်ထားတာ အခုဆိုရင် ၃လကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒေသခံပြည်သူတွေအနေနဲ့ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်မရှိသေးသလို တမြို့နဲ့ တမြို့ ကုန်ပစ္စည်း သယ်ယူရေးပိုင်းတွေမှာလည်း အခက်ကြုံနေရဆဲ ဖြစ်ပါတယ်။
မြန်မာစစ်တပ်လုပ်ရပ်တွေ ပံ့ပိုးနေသူတွေကို အမေရိကန်က အရေးယူပိတ်ဆို့မှု အသစ်တွေထပ်ချမှတ်၊ စစ်ရေးပဋိပက္ခတွေ ပိုဆိုးရွားလာလို့ ဒေသခံတွေ ပိုမိုထိခိုက်သေကြေ၊ ဒေသတွင်းနိုင်ငံတွေမှာ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရေး ခက်ခဲ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာဘက်က အစိုးရချင်းသဘောတူညီမှုနဲ့ တရားဝင်စေလွှတ်လိုက်တဲ့ မြန်မာ MoU လုပ်သားတွေဟာ ထိုင်းရောက်တဲ့အခါမှာ အလုပ်မရဘဲ ရက်သတ္တပတ်များစွာ စောင့်ဆိုင်းနေရကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားရေး ဖြေရှင်းနေသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကိုင်းတိုင်းအတွင်းသတ်ဖြတ်မှုတွေ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရှုတ်ချ၊ တရုတ်ကြေးနီစီမံကိန်းတွေ ပြန်စတင်ရေး စစ်ကောင်စီ တပ်အင်အားတိုးချ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
"ချပ်သင်းက ပြည်သူတွေရဲ့ အိမ် ၉ လုံးကို ရှို့လိုက်တာက ဒီကာကွယ်ရေး တပ်တွေကို သူတို့ သတင်းပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲ့လိုလုပ်ပြီးတော့ ရှို့လိုက်တယ်ဗျ။ လောလောဆယ်က အိမ် ၉ လုံးက ၄ လုံးလောက်ကတော့ ဘေးကိုထွက်ပြေးနေတဲ့ အိမ်တွေဗျ။ ၅ လုံးလောက်ကတော့ သူတို့ အဲ့ဒီထဲမှာ နေတဲ့သူတွေလို့ ပြောတယ်ဗျ။ "
စစ်ကောင်စီ ထိုးစစ်တွေ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေ မီးရှို့လို့ ဒေသခံတွေ ထွက်ပြေးနေရ၊ အိန္ဒိယလက်နက်စက်ရုံက မြန်မာစစ်တပ်အတွက် အမြောက်ပြောင်းတွေ တင်ပို့၊ မြန်မာကို အာဆီယံကနေ ခဏဖယ်ထားဖို့မလေးရှား တိုက်တွန်း ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာစစ်ကောင်စီကို ဥရောပသမဂ္ဂက ထပ်ပြီးပိတ်ဆို့ဒဏ်ခတ်၊ မြန်မာမှာ ထမင်းနပ်မမှန်သူများပြား၊ လူ ၁၈ သန်းလောက် အကူညီ လိုအပ်လို့ ကုလခန့်မှန်း၊ နိုင်ငံကူးလက်မှတ် အွန်လိုင်းစနစ်သစ်နဲ့ ထုတ်ပေးမယ်လို့ စစ်ကောင်စီ ကြေညာ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တွေ့ဆုံ၊ အမေရိကန်က မြန်မာအတွက် ဒေါ်လာ သန်း ၅၀ ထပ်ပြီး အကူအညီထပ်ပေးမှာ ဖြစ်ကြောင်း ကြေညာ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကုဋေမှော်ကျေးရွာနားအနီးမှာ မြေစာပုံပြိုကျလို့ ရေမဆေးကျောက် ရှာဖွေသူ ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ပေးသူတွေက ပြောပါတယ်။ မနက်ပိုင်းအထိ ရှာဖွေကယ်ဆယ်ရေးတွေလုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
၂၀၂၂ မှာ ဗြိတိန်နိုင်ငံက ကစားစရာကဏ္ဍ ရောင်းအား ၃ ရာခိုင်နှုန်း ကျသွားပေမယ့် အမွေးပွရုပ်ရောင်းအားကတော့ ၃၀ ရာခိုင်နှုန်းတက်ခဲ့ပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတွေကို တိုးပြီး ထောက်ပံ့ပေးတာအပါအဝင် ဒီမိုကရေစီစနစ် ထွန်းကားတဲ့နိုင်ငံဖြစ်လာဖို့ နည်းလမ်း ၃ သွယ်နဲ့ ဆောင်ရွက်ကြောင်းပြော၊ Chevron စွမ်းအင်ကုမ္ပဏီ ရတနာဓာတ်ငွေ့ ရင်းနှီးမြှုပ်နှံမှု ရောင်းချ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာမှာ အာဏာသိမ်း ၂ နှစ်ပြည့် တိုင်းပြည်အခြေအနေ မယုံနိုင်လောက်အောင်ဆိုး၊ ငွေကြေး အကြပ်အတည်း ဘိန်းစိုက်ပျိုးမှု အများကြီးမြင့်တက်၊ ထိုင်းဘက်ပြေးလာတဲ့ ဒုက္ခသည်တွေ ထိုင်းကူညီဖို့ အာဆီယံလူ့အခွင့်အရေးအဖွဲဲ့ တိုက်တွန်း၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
တရုတ်နှစ်သစ်ကူးကာလ အားလပ်ရက်မှာ လွန်ခဲ့တဲ့နှစ်ပိုင်း ကိုဗစ်ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် အိမ်မပြန်ဖြစ်သူတွေ ဒီနှစ်တော့ ဇာတိမြေကို သွားလည်နေကြပြီး ဒီလို ခရီးသွားများတဲ့ကာလမှာ ကိုဗစ် ပြန့်ပွားမှု ပိုဆိုးလာမှာကို ကျန်းမာရေးပညာရှင်တွေက စိုးရိမ်နေကြပါတယ်။ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက တောင်ငူထောင်ကို ရွှေ့ပြောင်းလိုက်ပါတယ်။ ဒီလကုန် ကာလုံအစည်းအဝေးခေါ်ပြီးရင် ရွေးကောက်ပွဲကျင်းပဖို့အစီအစဉ်တွေထုတ်ပြန်မယ်လို့ စစ်ကောင်စီ ပြောဆို၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စစ်ကောင်စီအုပ်ချုပ်မှုကာလ တရားဥပဒေစိုးမိုးရေး အလျော့ပါးဆုံး အခြေအနေရောက်ကြောင်း ရှေ့နေများအဖွဲ့ပြောကြား၊ မြန်မာနိုင်ငံမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာ ယာယီရပ်ဆိုင်း၊ လွတ်လပ်ရေးနေ့ ထောင်က လွတ်သူတွေထဲ သတင်းထောက်တချို့ပါ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ၇ နှစ် ထောင်ဒဏ်တိုး၊ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ NCA တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ ဆွေးနွေး၊ ၂၀၂၂ စစ်ကောင်စီလက်ချက်နဲ့ ကလေးငယ် ၁၆၅ ဦး မက သေဆုံးလို့ NUG ထုတ်ပြန်၊ ဒီလို တပတ်အတွင်း ထိပ်တန်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ဒီနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ဆွေးနွေးကြရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသာမက အရပ်သားများကာကွယ်စောင့်ရှောက်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
“စစ်ဘေးရှောင်တွေဆီ စားနပ်ရိက္ခာတွေ၊ ဆန်တွေ၊ ဆေးဝါးတွေ ပို့လို့မရဘူး။ စစ်ဘေးရှောင်တွေရှိတဲ့နေရာတွေမှာ စားနပ်ရိက္ခာတွေ အခက်အခဲတွေ့တယ်။ နောက်ပြီး ကျနော်တို့ရခိုင်မှာက ပိုပြီးဆင်းရဲမွဲတေတဲ့အထဲမှာ ပါတယ်ဆိုတော့ စားသောက်ကုန်တွေ တင်းကြပ်တော့ ဆင်းရဲမွဲတေမှုက ပိုပြီးတော့ မြင့်တက်လာတာပေါ့။" (စစ်ရှောင်ကူညီသူ)
နောက်ထပ်ကြည့်ရှုရန်