ကနေဒါနိုင်ငံမှာတော့ ဉာဏ်ရည်တု နည်းပညာ AI သုံးပြီး ပန်းချီဆွဲတတ်ဖို့ စက်ရုပ်လက်တွေကို သင်ပေးနေ၊ အသက် ၉၂ အရွယ် အိန္ဒိယ အဖွားအို အသက် ၇ နှစ်ကလေးတွေနဲ့အတူ မူလတန်းကျောင်း တက်၊ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ကချင်၊ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း စစ်ကောင်စီတိုက်ခိုက်မှု စစ်ရာဇဝတ်မှုဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက ပြော၊ တရုတ် ခါးပတ်လမ်း BRI စီမံကိန်း မြန်မာပါဝင်နိုင်မှု အနေအထား၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
နာမည်ကျော်သရဲကားထဲက ဇာတ်ကောင် Chucky အရုပ် မက္ကဆီကိုမှာ ရဲဖမ်းခံရ၊ ပေါင် ၃၀၀၀ နီးပါး လေးတဲ့ ကမ္ဘာ့အလေးဆုံး ရွှေဖရုံသီး စံချိန်သစ် တင်၊ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
လိုင်ဇာအနီး စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်မှု စစ်ကောင်စီငြင်းဆို၊ အစ္စရေးရောက် မြန်မာတွေရဲ့ လုံခြုံရေး၊ အပြင် ပဲခူးရေဘေး ကူညီကယ်ဆယ်ရေး လုပ်နေရဆဲ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ အောက်တိုဘာလ ၁၁ရက်ကနေ ၁၃ရက်အထိ စွမ်းအင်ဖိုရမ်ကို မြန်မာစစ်ကောင်စီ စွမ်းအင်ဌာနဝန်ကြီး တက်ရောက်နေပြီး ရုရှား-မြန်မာ နှစ်နိုင်ငံကြား ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး ကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် သတင်းဌာနတခုက ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေတက်လာတဲ့အတွက် ပဲခူးမြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ရေနစ်မြုပ်နေသလို ဒေသခံ ၅ ထောင်ထက်မနည်းလည်း ရေဘေးကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ဂျပန်မှာ သိပ္ပံကာတွန်းထဲကလို လူစီးထိန်းချုပ်နိုင်တဲ့ ဧရာမစက်ရုပ်ကြီးကို ဒေါ်လာ ၃ သန်းနဲ့ ရောင်း၊ မွန်တီနီဂရိုးနိုင်ငံမှာ မွှေ့ယာပေါ် နားနားနေနေ လဲလျောင်းပြီး စံချိန်ချိုးနိုင်ဖို့ အပျင်းထူပြိုင်ပွဲကျင်းပ၊ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာ့အရေး ကုလသမဂ္ဂ ကြိုးပမ်းမှုတွေ အောင်မြင်မှု မရှိကြောင်း ဝေဖန်၊ အင်ဒိုနီးရှား မြန်မာစစ်ကောင်စီကို လက်နက်မရောင်းလို့ ငြင်းဆို၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ ဆက်ပြီး ပြောြပပေးပါမယ်။
မန္တလေးနန်းတော်ရဲ့ တောင်ဘက် စိတ္တရမဟီရပ်ကွက်ထဲကို ဒီနေ့ တနလ်ာနေ့မနက် အစောပိုင်းမှာ လက်နက်ကြီးကျည်ဆံ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နချုပ်ရှိရာ မန္တလေးနန်းတော်ရဲ့ ပတ်ဝန်းကျင် မြို့နယ်တွေကို စစ်ကောင်စီက လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားလိုက်ပါတယ်။
နိုင်ငံတကာပါ ရိုက်ခတ်တဲ့ မြန်မာအခြေစိုက် အွန်လိုင်းရာဇဝတ်ဂိုဏ်းများ နှိမ်နင်းရေး၊ မြန်မာ့အရေး ICC ကိုင်တွယ်ဖို့ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရဲ့ တိုက်တွန်းချက် စစ်ကောင်စီပယ်ချ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
ယာယီနယ်စပ် ဖြတ်သန်းခွင့်နဲ့ တရုတ်နိုင်ငံ ရွှေလီမြို့ကိုသွားဖို့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ရောက်လာသူတွေ အများအပြား ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှာ သောင်တင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန်ကနေ တရုတ်လျှပ်စစ်ကားတွေ အများအပြား ဝင်လာဖို့ အလားအလာ ရှိနေတယ်လို့ စီးပွားရေး အသိုင်းအဝိုင်းက ခန့်မှန်းနေကြပါတယ်။
ဂျော်ဒန်နိုင်ငံမှာ အင်ဂျင်မပါတဲ့ ဒီဇိုင်းဆန်းကားပြိုင်ပွဲကို ကျင်းပ၊ ဂျာမနီနိုင်ငံက ကလေး ၂ ယောက် အမေ ခရု ပက်ကျိအကြောင်း မျှဝေရင်း အွန်လိုင်းမှာ နာမည်ကြီး၊ စကော့တလန်နယ်မှာ ဒဏ္ဍာရီထဲက ရေနဂါးကြီး ရှာဖွေပွဲ ကျင်းပ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ပေးထားပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှုတွေကို မကျေနပ်ရာက အစာငတ်ခံ ဆန္ဒပြနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ထောင်တွင်းဖိနှိပ်မှုတွေအပေါ် ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့လည်း ထောင်အနီး တက်ကြွလှုပ်ရှားသူတချို့က ဆန္ဒပြခဲ့ကြတာပါ။
နေ့လည်နေ့ခင်း မလှဲဘဲ မတ်တပ်ရပ်သလိုနဲ့ တရေးအိပ်နိုင်မယ့် ဂျပန်ကော်ဖီဆိုင်၊ ဒေါ်လာ တထောင် ကျော်တန် အီတလီဒိန်ခဲ အတုမလုပ်အောင် ကွန်ပြူတာချစ်ပ်ပြားထည့်၊ ရဝမ် မျောက်ဝံတွေ စုပေါင်းကင်ပွန်းတပ်ပွဲ ကျင်းပ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားမယ်လို့ အမေရိကန်ဒုသမ္မတက ပြော၊ အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ မြန်မာဘဏ်တွေနဲ့ လုပ်ငန်းတွေမလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ် ညွှန်ကြား၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် ပြောပြပေးပါမယ်။
မြန်မာနိုင်ငံက အလုပ်သမားတွေကို တရုတ်နိုင်ငံကို MoU သဘောတူညီမှုနဲ့ တရားဝင် စေလွှတ်နိုင်ဖို့ မြန်မာဌာနဆိုင်ရာနဲ့ တရုတ်တာဝန်ရှိသူတွေ ဆွေးနွေးနေကြောင်း နှစ်နိုင်ငံနယ်စပ်က လုပ်ငန်းရှင်အသိုင်းအဝန်းက ဗွီအိုအေကို ပြောပါတယ်။
အရှေ့တီမောနိုင်ငံ သံရုံးက ဝန်ထမ်းတွေကို စစ်ကောင်စီက နှင်ထုတ်တာဟာ ဂုဏ်ယူစရာကိစ္စ ဖြစ်ကြောင်း အရှေ့တီမော သမ္မတပြော၊ စစ်တပ်အာဏာသိမ်းနောက်ပိုင်း အရပ်သားသေဆုံးမှုအစီရင်ခံစာ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ ဆက်ပြီး ပြောပြပေးပါမယ်။
ကုလစာနာမှုရုံးအကြီးအကဲ ခရီးစဉ် ဝေဖန်ခံရ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် Sonali ဘဏ်က မြန်မာ့ဘဏ် စာရင်းတွေကိုပိတ်၊ လက်ပံတောင်း တရုတ် ဝမ်ပေါင်ကြေးနီ စီမံကိန်းအနီး ပစ်ခတ်သေကြေမှုတွေ ဖြစ်ပွား၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ ဆက်ပြီး ပြောပြပေးပါမယ်။
စစ်ကောင်စီခန့်အပ်ထားတဲ့ သံတမန်ကို လက်နက်ပြပွဲ ဖိတ်ကြားခဲ့တဲ့အတွက် တောင်ကိုရီးယားအစိုးရ ဝေဖန်ခံရ၊ မြန်မာနိုင်ငံ ဒေသတော်တော်များများမှာ အဆက်မပြတ် မိုးရွာသွန်းနေလို့ ရေဘေးဒုက္ခ ကြုံတွေ့၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ ဆက်ပြီး ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်