ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ သယ်ယူရွှေ့ပြောင်းနိုင်တဲ့ ဒုံးစနစ်တွေပြထားတဲ့ ဗွီဒီယိုတခုကို ထုတ်လိုက်ပါတယ်။
ယူကရိန်းနိုင်ငံကူညီရေး ပရဟိတအဖွဲ့တွေကို အလှုငွေထည့်ကြဖို့ မယ်စကြဝဠာ အိန္ဒိယမယ်က တိုက်တွန်းနေပါတယ်။
ကမ္ဘာမှာခရီးသွားတွေအများဆုံးလာရောက်တဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က အီဖယ်မျှော်စင်က ပေ ၂၀ နီးပါး ပိုရှည်သွားပါတယ်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ မူးယစ်ဂိုဏ်းခေါင်းဆောင်တဦး အဖမ်းခံခဲ့ရပြီးနောက် မက္ကဆီကိုထဲက အမေရိကန်ကောင်စစ်ဝန်ရုံးနဲ့ မက္ကဆီကန် စစ်တပ်အဆောက်အဦးတွေ သေနတ်နဲ့ အပစ်ခံရပါတယ်။
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်က ဝပ်ရှော့တခုကတော့ ယူကရိန်းတပ်တွေသိမ်းမိတဲ့ ရုရှားသံချပ်ကာကားတွေထဲက စက်သေနတ်နဲ့ တခြားလက်နက်တွေကို ယူကရိန်းမြေပြင်တပ်ဖွဲ့တွေ အသုံးပြုနိုင်အောင် ပြန်ပြုပြင်ပေးနေပါတယ်။
ကိယက်ဗ်မြို့အနောက်တောင်ပိုင်း မော်ရှ်ချန်ရွာမှာ ရုရှားနဲ့ တိုက်ပွဲဖြစ်နေတဲ့ ယူကရိန်းစစ်သားတွေရဲ့ ဗွီဒီယိုကို ယူကရိန်းစစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။ မတ်လ ၁၃ရက်နေ့က ထုတ်ပြန်တဲ့ဒီဗီဒီယိုမှာ ယူကရိန်းစစ်သားတွေ စိန်ပြောင်းနဲ့ ပစ်ခတ်နေတာ၊ ရိုက်ကူးရေးဒရုန်းကို ပြင်ဆင်နေတာတွေ တွေ့ရပါတယ်။
မြန်မာကို စစ်လက်နက်ပို့တဲ့ တရုတ်၊ ရုရှား၊ ဆားဘီးယား အီးယူ ရှုတ်ချ၊ မြန်မာ့ငြိမ်းချမ်းရေး ကူညီသူ ဆာဆာကာဝါနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံ၊ လျှပ်စစ်မီးဖြတ်တောက်မှု နေ့စဉ်လူနေမှုဘဝတွေကို ထိခိုက်၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်းမြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
▶️ ယူကရိန်းအရေးပေါ်ကယ်ဆယ်ရေးဌာနက ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုဖိုင်တခုမှာ မတ်လ ၉ ရက်နေ့က ချာနိဟိဗ်မြို့အတွင်း ကယ်ဆယ်ရေးဝန်ထမ်းတဦးဟာ ဗုံးကာကွယ်ရေးဝတ်စုံဝတ်ဆင်မထားဘဲ မပေါက်ကွဲသေးတဲ့ ဒုံးကျည်တခုရဲ့ စနက်တံထိပ်ဖူးကို ဖယ်ရှားနေတာတွေ့ရပါတယ်
ရိုမေးနီးယားနိုင်ငံ စမာရ်ဒန်ဒေသမှာ မတ်လ ၁၀ရက်နေ့က အမေရိကန်နဲ့ ရိုမေးနီးယားတပ်တွေ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ "တရားမျှတမှု လင်းယုန်" လို့အမည်ပေးထားပြီး၊ လက်နက်ခဲယမ်းအစစ်တွေအသုံးပြုတဲ့ ဒီလေ့ကျင့်ရေးမှာ နှစ်နိုင်ငံစလုံးက တင့်ကားနဲ့ ခြေလျင်တပ်တွေဟာ သူတို့ရဲ့ စွမ်းဆောင်နိုင်ရည်ကို စမ်းသပ်ခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ် မယ်ရီလန်းတက္ကသိုလ်ဆေးရုံက ပထမဆုံးအကြိမ်အဖြစ် ဝက်တကောင်ရဲ့ နှလုံးကို လူမှာအစားထိုးကုသခဲ့တာ အောင်မြင်ပြီး နှစ်လအကြာမှာတော့ အဲဒီလူနာသေဆုံးသွားခဲ့ကြောင်းဆိုပါတယ်။
ယူကရိန်းနဲ့ တခြားဥရောပနိုင်ငံတွေမှာနေထိုင်တဲ့ ဘဲလားရုစ်လူမျိုးတွေဟာ ရုရှားကျူးကျော်စစ်ကိုခုခံရေး ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်ဆီရောက်လာနေကြပါတယ်။ ယူကရိန်းစစ်တပ်နဲ့ ဒေသန္တရအဖွဲ့တွေနဲ့အတူ ပူးတွဲလုပ်ဆောင်နေတဲ့ တပ်ခွဲမှာ နေ့စဉ် ဘဲလားရုစ်လူမျိုး တပ်သားသစ် ၂ဝလောက် လာရောက်ပူးပေါင်းကြတယ်လို့ဆိုပါတယ်။
ကိယက်ဗ်မြို့ ဆင်ခြေဖုံးတွေမှာ နေရာယူထားဆဲဖြစ်တဲ့ ယူကရိန်းစစ်သားတွေရဲ့ ဗွီဒီယိုကို ယူကရိန်းစစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။
ယူကရိန်း အဲရ်ပင်မြို့လေးမှာ ကလေးငယ်တယောက် သူ့အဖေနဲ့ခွာရမှာမို့ ချော့မရအောင်ငိုကြွေးနေတဲ့ မြင်ကွင်းကတော့ ရုရှားကျူးကျော်စစ်ပွဲကာလ နေရာတိုင်းလိုမှာတွေ့ရတဲ့ မြင်ကွင်းမျိုးပါ။ ဒီကလေးရဲ့ ဖခင်က ရဲအရာရှိတဦးဖြစ်ပြီး သူတို့မြို့ ရုရှားရဲ့ ထိုးစစ်နဲ့ ရင်ဆိုင်နေရတာမို့ မိသားစုကို ထွက်ခွာခိုင်းရတာဖြစ်ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကော့စ်ဆက်ဘဇာမြို့မှာ မြန်မာနိုင်ငံကနေ အိုးအိမ်စွန့်ပြေးကြရတဲ့ ရိုဟင်ဂျာမူစလင်တွေနေထိုင်တဲ့ ကုတုပလောင်ဒုက္ခသည်စခန်း၊ စခန်းအမှတ်(၅) မှာ မတ်လ ၈ ရက်နေ့က မီးလောင်ကျွမ်းလို့ အိမ်ခြေ ၄၀၀ လောက် မီးထဲပါသွားပါတယ်။
အမေရိကန်ပြည်ထောင်စုအခြေစိုက် အမြန်ရဟန်ဘာဂါဆိုင် မက်ဒေါနယ်စ်က ရုရှားနိုင်ငံတလွှား သူ့စားသောက်ဆိုင် ၈၄၇ ဆိုင်ကို ယာယီပိတ်ထားမယ်လို့ မတ်လ ၉ ရက်နေ့ကပဲ ကြေညာပါတယ်။
အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာမြို့မှာ အိန္ဒိယရဲ့ အလျားပေအရှည်ဆုံး လျှောင်းတော်မူ ဘုရားကြီးကို ဆောက်လုပ်နေပါတယ်။
ယူကရိန်းသမ္မတ ဗလိုဒီမီးယားဇလန်းစကီးက ကီးယက်ဗ်မြို့တော် သမ္မတရုံးချုပ်နားမှာ ရပ်ပြီး လူထုကို အားပေးစကားပြောတဲ့ ဗွီဒီယိုအသစ် မတ်လ ၈ ရက်နေ့ကပဲ တင်လိုက်ပါတယ်။
⏯ မတ်လ ၈ ရက်နေ့ အင်္ဂါနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ကမ္ဘာတလွှား အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဂုဏ်ပြု၊ တန်းတူညီမျှရေးကို တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ #internationalwomensday
ယူကရိန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ Lesia Ivashchenko နဲ့ Valerii Filimonov တို့နှစ်ဦး ကိဗက်ဗ်မြို့မှာ တနင်္ဂနွေနေ့က လက်ထပ်ခဲ့ကြပါတယ်။ စစ်ဝတ်စုံတွေ ဆင်မြန်းပြီး တခြားတပ်သားတွေနဲ့ စစ်တပ်မှာအမှုထမ်းတဲ့ ခရစ်ယာန်ဘုန်ကြီးရှေ့ မှောက် သူတို့နှစ်ဦး မင်္ဂလာလက်စွပ်လဲခဲ့ကြတာဖြစ်ပါတယ်။
မြို့ပေါ်ကနေ ဘေးလွတ်ရာ ပြေးကြရတဲ့ ဒေသခံတွေ ရုရှားရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ထိမှန်ခဲ့ရတာကြောင့် နောက်တရက်မှာတော့ ကီးယက်ဗ်မြို့တော် ဆင်ခြေဖုံး အဲရ်ပင်မြို့လေးက အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်