ပြီးခဲ့တဲ့ သီတင်းပတ်အထိဆိုရင် နိုင်ငံခြားက တိုက်ခိုက်ရေးသမား ၁၆၀၀၀ ယူကရိန်းဘက်က တိုက်ပေးဖို့ ရောက်လာကြတယ်လို့ သမ္မတဇလန်းစကီးက ပြောပါတယ်။
ရုရှားရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တစင်း ပစ်ချခံခဲ့ရတယ်လို့ဆိုပြီး ယူကရိန်းစစ်တပ်က စနေနေ့က ဗွီဒီယိုဖိုင်တခု ထုတ်ပြန်လိုက်ပါတယ်။ (ဗွီဒီယိုဖိုင်ကို တဆင့်ဖြန့်ဝေထားတဲ့ အေပီသတင်းဌာနအနေနဲ့ ဒီဖြစ်ရပ်နဲ့အတူ ဖြစ်ပွားရာ ဒေသနဲ့ အချိန်ကို သီခြားအတည်ပြုနိုင်ခြင်းမရှိသေးပါလို့ ဆိုပါတယ်။)
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်ရဲ့ အနောက်မြောက်ဘက် မိုင် ၃၀လောက်မှာရှိတဲ့ ဘော်ရိုဒရန်ကာမြို့ငယ်လေးမှာ စစ်ပွဲဖြစ်ပြီးပြီးချင်းတွေ့ရတဲ့ မြင်ကွင်းတချို့ဖြစ်ပါတယ်။ ထိခိုက်မှုကြီးမားတဲ့ လူနေရပ်ကွက်တွေ၊ မီးစွဲနေတဲ့ အဆောက်အအုံတွေနဲ့ ပြိုလဲနေတဲ့ အပျက်အစီးပုံတွေကို တွေ့ရပါတယ်။
ယူကရိန်တပ်တွေရဲ့ ကြံ့ကြံ့ခိုင်ကာကွယ်မှုကြောင့် ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ထင်သေလောက်ခရီးမပေါက်ခဲ့ပါဘူး။ ရုရှားရဲ့ အင်အားကြီးရဲ့ မြေပြင်တင့်ကားတပ်တွေကို ချေမှုန်းရာမှာ အမေရိကန်လုပ် FGM-148 Javelin ဒုံးဟာ အထိရောက်ဆုံးဖြစ်တယ်လို့ ယူကရိန်းကာကွယ်ရေးဌာနက ဆိုပါတယ်။
သြစတေးလျနိုင်ငံ နယူးဆောက်ဝေးလ်စ်ပြည်နယ်ထဲက မြို့တွေ တနင်္လာနေ့က ရေကြီးလို့ ဒေသခံတွေကို ကယ်ထုတ်ခဲ့ရပါတယ်။ #ukraine #russiaukraine #UkraineInvasion
ယူကရိန်းနိုင်ငံကို ရုရှားဝင်ရောက်ကျူးကျော်တိုက်ခိုက်နေတာ အဆုံးသတ်ပေးဖို့ တောင်းဆိုပြီး ဂျာမနီနိုင်ငံ ဘာလင်မြို့တော်မှာ လူတသိန်းကျော် စုဝေးဆန္ဒပြခဲ့ကြပါတယ်။
၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၂၄ရက်နေ့မှာ ရုရှားသမ္မတပူတင်က ယူကရိန်းနိုင်ငံကို အထူးစစ်ဆင်ရေးကြေညာခဲ့ပြီး ကျူးကျော်စစ်ဆင်နွှဲနေပါတယ်။ ဒီမတိုင်ခင် ဆိုဗီယက်ပြည်ထောင်စုမပြိုကွဲခင်က ယူကရိန်းဟာ ရုရှားရဲ့နယ်မြေတခုဖြစ်ခဲ့ပါတယ်။ အလားတူပဲ ပထမကမ္ဘာစစ်ဖြစ်တဲ့အချိန်ကစလို့ ရုရှားရဲ့ နယ်နိမိတ်တွေက အမြဲတမ်းပြောင်းလဲနေခဲ့တာပါ။
ယူကရိန်းသမ္မတဇလန်းစကီးဟာ မြို့တော်ကီးယက်ဗ်မှာပဲ သူဆက်လက်ရှိနေတယ်ဆိုတဲ့ အကြောင်း ဗွီဒီယိုကတဆင့် ေဖေဖော်ဝါရီလ ၂၅ရက် သောကြာနေ့ညက သတင်းစကားပါးခဲ့ပါတယ်။ လက်ရှိမှာတော့ ရုရှားတပ်တွေဟာ လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ မြို့တော်ကို ပစ်ခဲ့မှုတွေရှိနေတာပါ။
⏯ ယူကရိန်းမြို့ကြီးတချို့ကို ရုရှားက စတင်တိုက်ခိုက်အပြီး ဒုတိယနေ့ ဖေဖော်ဝါရီ ၂၅ရက်နေ့မှာတော့ ဗွီအိုအေသတင်းထောက် ဟယ်သာမားဒေါ့နဲ့ အဖွဲ့ဟာ မြို့တော်ကီးယက်ဗ်ဆီကိုရောက်ရှိနေပြီး သူမ မြင်တွေ့ရတာတွေကို အခုလိုပြောပြထားပါတယ်။
ရုရှားသမ္မတပူတင်က ယူကရိန်းမှာ စစ်ဆင်ရေးစတင်ပြီလို့ ကြေညာအပြီး ဒုတိယမြောက်နေ့ ဖေဖော်ဝါရီ ၂၅ရက် မှာတော့ ယူကရိန်းမြို့တော် ကီးယက်ဗ်မှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားခဲ့ရပြီး၊ ယူကရိန်းပြည်သူတွေ အများအပြား အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေး ခိုလုံနေကြရပါတယ်။
ယူကရိန်းမြို့ကြီးတချို့ကို ရုရှားက စတင်တိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ရက်နေ့မှာပဲ ဗွီအိုအေသတင်းထောက် ဟယ်သာမားဒေါ့နဲ့ အဖွဲ့ဟာ နိုင်ငံအရှေ့ပိုင်းကာကိဗ်မြို့ကနေ မြို့တော်ကီးဗက်ဗ်ဆီကို တိမ်းရှောင်ခဲ့ရပါတယ်။ သူမရဲ့ ခရီးစဉ်အတွင်း မြင်တွေ့ရတာတွေကို လမ်းတဝက်ကနေ အခုလိုပြောပြထားပါတယ်။
ရုရှားအနေနဲ့ ယူကရိန်းကို စဝင်တိုက်ပြီး နိုင်ငံတဝန်း ပေါက်ကွဲသံတွေညံနေပါပြီ။ ရုရှားသမ္မတက အထူးစစ်ဆင်ရေးကြေညာပြီး ယူကရိန်းနိုင်ငံအတွင်း အခြေအနေတချို့ကို အခုလိုတွေ့ရပါတယ်။
နိုင်ငံပိုင်ရုပ်သံက ရုတ်တရက်ကြေညာသွားတဲ့ သမ္မတပူတင်ရဲ့ မိန့်ခွန်းမှာ ယူကရိန်း နေတိုးအဖွဲ့ဝင်ဖြစ်လာရေးကို တားမြစ်ဖို့နဲ့ မော်စကိုကို လုံခြုံရေးအာမခံချက်ပေးဖို့ ရုရှားရဲ့ တောင်းဆိုချက်ကိုအမေရိကန်နဲ့ မဟာမိတ်အဖွဲ့တွေက လျစ်လျူရှုခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ စတန်နစ္စတာ လူဟန်စ်ကာဒေသက သူငယ်တန်းစာသင်ခန်းတခန်း ဖဖော်ဝါရီ ၁၇ရက်နေ့က လက်နက်ကြီးကျလို့ ထိခိုက်ပျက်ဆီးသွားတာပါ။ ဒီပစ်ခတ်မှုကြောင့် ဆရာနှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး မြို့ရဲ့တဝက် လျှပ်စစ်မီးပြတ်တောက်သွားတယ်လို့ ယူကရိန်းစစ်တပ်ကဆိုကြောင်း သတင်းမီဒီယာတွေမှာဖော်ပြပါတယ်။
ဟောင်ကောင်မှာရှိတဲ့ ဆေးရုံ ၂ရုံဟာ ဒီသီတင်းပတ်ကစပြီး လူနာကုတင်တွေကို အဆောက်အအုံအပြင်မှာထုတ်ထားရတဲ့အထိ ကိုဗစ်ရောဂါပိုးကူးစက်သူလူနာ အဆမတန်များပြားနေပါတယ်။ ကူးစက်မြန် ဗီဇပြောင်းပိုးသစ် အိုမီခရွန်ကြောင့် ဒီတကြိမ်ကူးစက်မှုဟာ ဟောင်ကောင်အတွက် အဆိုးဆုံးရင်ဆိုင်ရတဲ့ အခြေအနေဖြစ်နေပါတယ်။
မြန်မာ့အရေး အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဆွေးနွေးပွဲကျင်းပ၊ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု တကျော့ပြန်တိုး၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှာ ဆောင်းရာသီအိုလံပစ်ပွဲတော် ကျင်းပနေပြီး နိုင်ငံတကာက အားကစားသမား ၃၀၀၀ နီးပါး ပါဝင်ယှဉ်ပြိုင်ပါတယ်။ ဖေဖော်ဝါရီ လကုန်ခါနီးအထိ ကျင်းပမယ့် ၂၀၂၂ ဆောင်းရာသီအိုလံပစ်မှာ ကျင်းပဖို့ တရုတ်နိုင်ငံ ဘယ်လို ပြင်ဆင်ထားပါလဲ။ AFP ပုံပြရုပ်သံဆောင်းပါးကို မအေးသန္တာကျော် တင်ပြထားပါတယ်။
လာမယ့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး စစ်ကောင်စီ တက်ခွင့်မရ၊ မြန်မာစစ်တပ် လုပ်ရပ်တွေအဆုံးသတ်ဖို့ ကုလနဲ့ နိုင်ငံတကာက အာဏာသိမ်းနှစ်ပတ်လည်မှာ ကန့်ကွက်၊ မြန်မာဒေသတချို့ စစ်ကောင်စီ မြေပြင်၊ ဝေဟင် ထိုးစစ်ဆင်၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
လတ်တလောဖြစ်နတဲ့ ရုရှားနဲ့ ယူကရိန်းကြားတင်းမာမှုတွေအတွင်းမှာပဲ အမေရိကန်စစ်တပ်က လေတပ် တပ်မ ၈၂ရဲ့ လေထီးတပ်သားတွေ အရှေ့ဥရောပမှာ ဖြန့်ကြက်ချထားဖို့ မြောက်ကယ်ရိုလိုင်းနား ဖို့ဒ်ဘရက်ဂ်စစ်စခန်းကနေ ထွက်ခွာနေကြတာဖြစ်ပါတယ်။
ဇန်နဝါရီ ၃၀ ရက်က ခရိုင်းမီးယားဒေသနဲ့ နယ်စပ်မှာ လေ့ကျင့်ရေးဆင်းနေတဲ့ ယူကရိန်းအြမောက်တပ်တွေကို တွေ့ရတာဖြစ်ပါတယ်။ ယူကရိန်းနယ်စပ်မှာ ရုရှားက စစ်အင်အားတိုးမြှင့်နေချိန် မြောက်အတ္တလန်တိတ်စာချုပ် (NATO) အဖွဲ့ အရှေ့ဖက်ခြမ်းလုံခြုံရေးအတွက် အမေရိကန်က နောက်ထပ် တပ်အင်အား ၂ဝဝဝ စေလွှတ်မယ့်အကြောင်း ကြေညာလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်