တရုတ်နိုင်ငံမှာ ၂ နှစ်အတွင်း အပြင်မထွက်ရ အကြီးဆုံးကန့်သတ်ပိတ်ပင်မှုအဖြစ် ရှန်ဟိုင်းမြို့ကို ၂ ခြမ်းခွဲပြီး မတ်လ ၂၈ ရက်နေ့က စတင်ပိတ်ထားလိုက်ပါတယ်။ ရှန်ဟိုင်းမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ များလာတာကို ထိန်းချုပ်ဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။
ဗြိတိသျှဘုရင်မကြီး အဲလစ်ဇဘတ်နဲ့ နှစ်ပေါင်း ၇၀ ကျော် ပေါင်းဖက်ခဲ့တဲ့ မင်းသားကြီးဖိလစ် အောက်မေ့ဖွယ်အခမ်းအနားကို သူကွယ်လွန်ပြီး တနှစ်အကြာမှာ လန်ဒန်မြို့တော် ဝက်မင်စတာဘုရားကျောင်းမှာ မတ်လ ၂၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဌာနက ဖြန့်ဝေခဲ့တဲ့ ဗွီဒီယိုဖိုင်တခုမှာတော့ တချို့ အင်္ဂလိပ်အက္ခရာ "V" အမှတ်အသားပါတဲ့ ရုရှားတင့်ကားတွေကို ဆိပ်ခံဘောတံတားတခုနဲ့ မြေဖို့လမ်းတွေမှာ မောင်းနှင်နေတာတွေ့ရပြီး တည်နေရာကိုတော့ ယူကရိန်းထဲက ကိယက်ဗ်ဒေသလို့ ယူဆရပါတယ်။ ဗွီဒီယိုဖိုင်ထဲ ဒုံးကျည်ပစ်လွှတ်နေတဲ့ ပုံရိပ်တချို့လည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ရှင်လင်းမှုအတွင်း စစ်တပ်ကျူးလွန်မှုများ လူမျိုးတုံးသတ်ဖြတ်မှုမြောက်ဟု ကန်ပြောကြား၊ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာရောက်ခဲ့၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို မအေးသန္တာကျော်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုက ပို့ပေးတဲ့ ဒုံးခွင်းဒုံးစနစ်တွေ ယူကရိန်းနိုင်ငံနဲ့ ကပ်တဲ့ ပိုလန်နယ်စပ်မှာ ရောက်ရှိတပ်ဆင်နေပါပြီ။ ယူကရိန်းကို ဝင်ရောက်ကျူးကျော်တဲ့ ရုရှားစစ်ပွဲကတော့ မတ် ၂၃ မှာ တလပြည့်သွားပြီဖြစ်ပေမဲ့ ရုရှားတို့ အပြည့်အဝ သီးသန့်ထိန်းချုပ်နိုင်တဲ့ မြို့ ကြီးမရှိသေးပါဘူး။
ရုရှားနိုင်ငံမြောက်ဖျားပိုင်းကနေ ဆိုယု(ဇ်)ဒုံးပျံတစင်း လွှတ်တင်တဲ့ ရုပ်ပုံတွေကို ရုရှားကာကွယ်ရေးဌာနက ဗုဒ္ဓဟူးနေ့ မတ်လ ၂၃ ရက်နေ့ကပဲ ထုတ်လိုက်ပါတယ်။ ဒုံးပျံပေါ်မှာ ရုရှားကျူးကျော်စစ်ကို ထောက်ခံတဲ့ သင်္ကေတ Z ဆိုတဲ့ စာလုံးကြီးကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး သူဌေး အီလွန်မတ်စ်ခ် သူ့ရဲ့ လျှပ်စစ်ကားထုတ်စက်ရုံဧရာမကြီး ဂျာမနီ်နိုင်ငံမှာ ပထမဆုံးတခု ဖွင့်နိုင်ခဲ့လို့ ပျော်နေပါတယ်။
ယူကရိန်းလွှတ်တော်အမတ် တာတီယာနာချိုနိုဗိုဟာ ကိယက်ဗ်မြို့မြောက်ပိုင်းတနေရာမှာ ရန်သူ့တင့်ကားတွေကို ဖျက်ဆီးရင်း ရုရှားကျူးကျော်စစ်ကို ရှေ့တန်းက ပါဝင်ခုခံနေပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းမှာ မတ်လ ၂၀ ရက်နေ့ က China Eastern လေယာဉ်လိုင်းရဲ့ Boeing 737 အမျိုးအစား လေယာဉ်ပျက်ကျခဲ့ပြီး ဒုတိယမြောက်နေ့ထိ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ အသက်ရှင်ကျန်ရစ်သူရော ရုပ်အလောင်းရော ရှာမတွေ့သေးပါဘူး။
မတ်လ ၂၀ရက်နေ့က ခဲဆန်း(Kherson) မြို့ထဲ ရုရှားစစ်ကား၂စီးကို ယူကရိန်းလူထုက "အိမ်ပြန်တော့" လို့ သံပြိုင်ဟစ်ကြွေးပြီးလမ်းပိတ်ထားခဲ့ပါတယ်။ မတ်လ ၂၁ ရက်နေ့မှာတော့ ခဲဆန်းမြို့တနေရာမှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူအုပ်ကို ရုရှားတပ်တွေက သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့တယ်လို့ ရိုက်တာသတင်းကဆိုပါတယ်။
ဟောလီးဝုဒ်မင်းသားကြီးအာနိုး ယူကရိန်းစစ်ပွဲနဲ့ပတ်သတ်တဲ့ အဖြစ်မှန်တွေ ပြောပြချင်ပါတယ်ဆိုပြီး ရုရှားပရိသတ်ကို သတင်းစကားပါးလိုက်ပါတယ်။ (မတ် ၁၇၊ ၂၀၂၂) မူရင်းဗွီဒီယို - @ATTN
တရုတ်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး စစ်အင်းအားဖြည့်တင်းမှုတွေ တောင်တရုတ်ပင်လယ်က လူလုပ်ကျွန်းတွေမှာ လုပ်ဆောင်နေတယ်လို့ အင်ဒို၊ပစိဖိတ်ဒေသ အမေရိကန်ရေတပ် တပ်မှူးကြီးက ပြောလိုက်ပါတယ်။
ကိယက်ဗ်မြို့က Retroville ဈေးဝယ်စင်တာကို မတ်လ ၂၀ရက်နေ့ညမှာ ရုရှားဘက်က လက်နက်ကြီးထိမှန်လို့ အနည်းဆုံး လူ ၆ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးတွေဟာ အပျက်အဆီးတွေကြားက အသက်ရှင်လျက်ကျန်ရစ်သူတဦးကို ဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့ပါတယ်။
မြန်မာစစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားသူတွေအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၁၃၆ သန်း ကူညီဖို့ရှိ၊ မြန်မာ့အရေး မျက်ခြေမပြတ်ဖို့ ကုလက နိုင်ငံတကာကို သတိပေး၊ မြန်မာငွေစက္ကူအတုသတင်း မမှန်ကြောင်း ဗဟိုဘဏ်ပြော၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်းမြန်မာသတင်းတွေကို နန်ေးလာင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
ရုရှားကျူးကျော်စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူတွေကုသပေးနေတဲ့ ကိယက်ဗ်မြို့ ဆေးရုံတရုံကို ယူကရိန်းသမ္မတဇလန်းစကီး မတ်လ ၁၇ရက် ကြာသပတေးနေ့ကသွားရောက်ပြီး လူနာတွေကို တွေ့ဆုံအားပေးခဲ့ပါတယ်။
မတ်လ ၁၆ရက်နေ့ကညက ဂျပန်နိုင်ငံမှာ ငလျင်လှုပ်ခတ်ခဲ့လို့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပြီး အိမ်ပေါင်း ၂သန်းကျော် လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။
ဂျပန်နိုင်ငံကနေ ယူကရိန်းကိုလှူဒါန်းတဲ့ ခေါင်းဆောင်းခမောက်တွေနဲ့ လက်နက်/ခဲယမ်းမဟုတ်တဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို မတ်လ ၁၆ရက်နေ့က တိုကျိုမြို့ကနေ အမေရိကန်စစ်ဘက်ဆိုင်ရာ ကုန်တင်လေယာဉ်နဲ့ တင်ပို့နေတာဖြစ်ပါတယ်။ ဒါဟာ တခြားနိုင်ငံကို ကူညီတဲ့ ဂျပန့်ကာကွယ်ရေးတပ်ရဲ့ ပစ္စည်းတွေကို အမေရိကန်လေယာဉ်နဲ့ ပထမဆုံးအကြိမ်အဖြစ် သယ်ယူပို့ဆောင်တာလည်းဖြစ်ပါတယ်။
ဝါရှင်တန်မြို့တော်နဲ့ နယူးယောက်မြို့တို့မှာ အိမ်ခြေမဲ့သူ ၅ ဦးကို ပစ်ခတ်မှုနဲ့ သံသယရှိသူကို ဝါရှင်တန်ဒီစီ အရှေ့တောင်ခြမ်းမှာ ဖမ်းမိလိုက်ပါပြီ။ ဒီမြို့ ၂ မြို့လုံးမှာ အကြမ်းဖက်ဒုစရိုက်မှုတွေ မြင့်တက်နေပြီး နယူးယောက်မြို့မှာ ထင်တိုင်းလုပ်တဲ့ တိုက်ခိုက်မှုတွေ ပိုများလာတာတွေ့ရပါတယ်။
ပီရူးနိုင်ငံထဲက အင်ဒီးစ်တောင်တန်းရဲ့ ဝေးလံခေါင်သီတဲ့ မြို့လေးမှာ တောင်ပြိုလို့ အိမ်အလုံး ၆၀ ကျော် မြေအောက်ထဲ ပိသွားပါတယ်။
ရုရှားကျူးကျော်စစ်နဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံ ကီးယက်ဗ်မြို့တော်မှာ ကိုယ်ဝန်အငှားနဲ့ မွေးထားတဲ့ ကလေး ၂၁ ယောက် သူနာပြုတွေနဲ့အတူ ပိတ်မိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်