မက္ကဆီကို အနောက်ဘက်ကမ်းရိုးတန်းမှာ ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်လို့ လူတွေကိုဘေးလွတ်ရာ ရွှေ့ခိုင်းတာ၊ ယာယီခိုလှုံစရာတွေ ပြင်ဆင်ပေးထားခဲ့တာပါ။ အင်္ဂါညမှာ မုန်တိုင်းရပ်သွားခဲ့ပါတယ်။
ဥတုရာသီပြောင်းလဲရေး လူတွေအလေးမထားတဲ့အတွက် ကန့်ကွက်ချင်တဲ့သူတဦး ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က လုဗ်ပြတိုက်မှာ လူအများသတိထားမိမယ့်အရာတခု လုပ်သွားပါတယ်။ ဆံပင်တုစွပ်အမျိုးသားက ကမ္ဘာမြေကို လူတွေဖျက်ဆီးနေတယ်။ ဒီအနုပညာရှင်လို ကမ္ဘာကြီးအတွက် ထည့်စဉ်းစားပါလို့ အော်သွားပါတယ်။
ယူကရိန်းကို ကျူးကျော်စစ်ထိုးနေတဲ့ ရုရှားတပ်တွေဟာ နိုင်ငံအရှေ့ပိုင်းမှာ ဖိတိုက်နေပြီး လူဟန့်စ်ခ်ဒေသက ယူကရိန်းတပ်တွေကို ဝိုင်းနိုင်ဖို့၊ မြို့တို့ကို သိမ်းဖို့ လုပ်ဆောင်နေတာပါ။ ဒီအတောအတွင်းမှာပဲ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သူတို့တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ပျံသန်းပုံ ဗွီဒီယို ထုတ်လိုက်ပါတယ်။
ကိုဗစ်ကပ်ဘေးဆိုးကြီးနဲ့ ရင်ဆိုင်ခဲ့ရလို့ရော အရင်ကတည်းက လုပ်သားရှားပါးလို့ရော စင်္ကာပူနိုင်ငံမှာ စက်ရုပ်လုပ်သားတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးရပါတယ်။ စင်္ကာပူမှာက လုပ်ငန်းခွင်မှာ စက်ရုပ်ပါဝင်မှု တခြားနိုင်ငံတွေနဲ့ယှဉ်ရင် အများဆုံးဖြစ်တဲ့ နိုင်ငံတွေထဲပါဝင်ပါတယ်။
ယူကရိန်းနိုင်ငံဟာ ဓါတု ဒါမှမဟုတ် ဇီဝလက်နက်တွေ သုံးနေတယ်လို့ ရုရှားဘက်က စွပ်စွဲပြောပြီး ယူကရိန်းကို ကျုးကျော်တဲ့စစ်ပွဲကို မှန်ကန်တယ်လို့ သက်သေပြဖို့ ကြိုးစားနေပုံရကြောင်း အမေရိကန်နဲ့ နိုင်ငံတကာက ပြောဆိုနေပါတယ်။ ဒီအကြောင်း VOA ရဲ့ ပိုလီဂရပ်ဖ်အစီအစဉ်မှာ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
နိုင်ငံတွင်းငွေပေးချေမှုအားလုံး မြန်မာကျပ်ငွေသုံးဖို့ ဗဟိုဘဏ်ထုတ်ပြန်၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာအရေး မမေ့ကြဖို့ ကုလသမဂ္ဂ သတိပေး၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
မြန်မာစစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်မှု တိုးမြှင့်ရေး NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ ကန်အမတ်များ ဝါရှင်တန်မှာ ဆွေးနွေး၊ မြန်မာမြေမြှုပ်မိုင်းကြောင့် ပထမ ၃ လ အတွင်း သေကြေထိခိုက်သူ ရာကျော်၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ခြမ်း Sievierodonetsk နဲ့ Lysychansk မြို့တွေကို Rubizhne မြို့ဆီချိတ်ဆက်ထားပေးတဲ့ တံတားတစင်း ဖောက်ခွဲဖျက်ဆီးလိုက်တဲ့ ဗွီဒီယိုဖိုင် ယူကရိန်းလုံခြုံရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်၊ အာဆီယံထိပ်သီးဆွေးနွေးပွဲ မြန်မာစစ်ကောင်စီကိုယ်စားလှယ်မပါ၊ အမျိုးသား ညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ကန် ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံ၊ ရွာမီးရှို့ခံ ဒေသခံများ အိုးအိမ်စွန့်ထွက်ပြေး အရေအတွက် ပိုများ၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
ယူကရိန်းနိုင်ငံမှာ စစ်ဖြစ်လို့ ကွဲသွားရတဲ့ သားဖြစ်သူ ရဲအရာရှိနဲ့ မိခင်တို့ ရက်ပေါင်းများစွာကြာပြီးမှ ပြန်တွေ့ကြတဲ့ မြင်ကွင်းက အားလုံးကို မျက်ရည်ဝဲစေပါတယ်။ ကာကိဗ်ကင်းလှည့်ရဲတပ်ဖွဲ့ မေလ ၉ ရက်နေ့က ဖြန့်လိုက်တဲ့ ဗွီဒီယိုမှာ အမေနဲ့ သား အကြာကြီးပွေ့ဖက်ထားကြတာကို မြင်ရမှာပါ။
ဟန်ဂေရီနိုင်ငံမှာ တတိယအကြိမ်များ ယောက်ျားတွေ ကိုယ့်မိန်းမထမ်းပြေးပြိုင်ပွဲကျင်းပတော့ စုံတွဲ ၃၀ လောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ကျောမှာ မိန်းမကို ဇောက်ထိုး၊အတည့် ပုံစံအစုံနဲ့ ကုန်းပေါ်ရော ရေထဲဆင်းပြီးရော ထမ်းပြေးကြရတာပါ။
ရုရှားကမ်းထိုးစစ်ရေယာဉ်ကို ဘေရက်တာ TB2 မောင်းသူမဲ့ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ (မေ ၇) ယူကရိန်းရဲ့ အိုဒက်ဆာဆိပ်ကမ်းနဲ့ တောင်ပိုင်း မိုင် ၈၀ အကွာ ကျွန်းပေါ်က ဒုံးခွင်းဒုံးစနစ်ကိုလည်း ဘေရက်တာနဲ့ ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဌာနက ပြောပါတယ်။
ဒုတိယကမ္ဘာစစ်မှာ ဆိုဗီယက်ပြည်ထောင်စုက အသက်ပေါင်းမျာစွာစတေးပြီး နာဇီတပ်တွေကို အနိုင်တိုက်နိုင်ခဲ့တဲ့ အထိမ်းအမှတ် အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားကို မေလ ၉ ရက် တင်္နလာနေ့က ကျင်းပသွားပါတယ်။ Originally published at - /a/6563850.html
ဒုတိယကမ္ဘာစစ်တုန်းက လွတ်မြောက်သွားတဲ့ မကောင်းဆိုးဝါးမိစ္ဆာဟာ အခုမျက်နှာဖုံးတပ် အသွင်ပြောင်းပြီး ပြန်ပေါ်လာပေမယ့် ဒီတခါလည်း ကျွန်တော်တို့ နိုင်ဦးမှာလို့ ဒုတိယကမ္ဘာစစ် နာဇီကို အောင်မြင်ခဲ့တဲ့ အထိမ်းအမှတ် အောင်ပွဲနေ့မှာ ယူကရိန်းသမ္မတ ဇလန်းစကီးပြောသွားပါတယ်။
အာဏာသိမ်းဖိနှိပ်မှုကြားက သတင်းမှန်တင်ပြဖို့ကြိုးစားတဲ့ မြန်မာသတင်းထောက်များ ကန်နိုင်ငံခြားရေးဝန်ကြီး ချီးကျူး၊ လူသားချင်းစာနာမှု အကူအညီပေးရေး အာဆီယံဆွေးနွေးပွဲ ကျင်းပ၊ မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှု ပိုမြင့်၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုက ယူကရိန်းနိုင်ငံ ရုရှားကျူးကျော်စစ်ကို တန်ပြန်ခုခံဖို့ စစ်ရေးထောက်ပံ့ပေးနေတာမှာ ဟောက်ဝတ်ဇာအမြောက်တွေလည်း တင်ပို့ပေးပါတယ်။ ယူကရိန်းကို လွှတ်တော်ကို ဒေါ်လာသန်း ၃ သောင်းကျော်ဖိုး ထောက်ပံ့ဖို့ သမ္မတဘိုင်ဒန် အဆိုပြုတာကို လွှတ်တော်က ထောက်ခံပါတယ်။
ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ ထိန်းချုပ်တဲ့ ဘီးလင်းမြို့နယ်ထဲက လေးကေရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့လို့ ဒေသခံတွေရဲ့ နေအိမ်တွေ မီးလောင်ကျွမ်းခဲ့ပါတယ်။ ရွာသူရွာသား ၃,၀၀၀ လောက်အိုးအိမ်စွန့်ပြေးခဲ့ရပြီး တခြားကျေးရွာတွေနဲ့ ပေါင်းရင် ဒေသခံတသောင်းလောက် ထွက်ပြေးနေရတာပါ။
အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရာမန်ဒန်ဥပုသ်ကာလပြီးဆုံးလို့ အိဒ် အယ်လ် ဖိတာ(အစ်နေ့) ပွဲတော်ကို ဂျာကာတာမြို့မှာ မေလ ၂ရက်နေ့က ဝတ်ပြုဆုတောင်းကျင်းပတာနေတာဖြစ်ပါတယ်။ ကမ္ဘာပေါ် အစ္စလာဘာသာဝင်အများဆုံးရှိတဲ့ အင်ဒိုနီးရှားမှာ ၂နှစ်အတွင်း ပထမဆုံးအကြိမ် ကိုဗစ် ၁၉ ရောဂါဆိုင်ရာကန့်သတ်ချက်တွေ ဖြေလျော့လိုက်တာလည်းဖြစ်ပါတယ်။
တရုတ်ပြည် ရှန်ဟိုင်းမြို့က သက်ကြီးစောင့်ရှောက်ရေးဂေဟာတခုမှာ အလောင်းတလောင်းကို နာရေးလုပ်သားတွေ လာရောက်သယ်ယူစဉ် အသက်မဘေဲရှိနေသေးတဲ့ဖြစ်ရပ်တခု ကြုံခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို အနီးကလူတဦး ဗွီဒီယိုရိုက်ကူးထားလို့ တရုတ်အွန်လိုင်းစာမျက်နှာတွေမှာ ဟိုးလေတကျော်ဖြစ်ခဲ့ပါတယ်။
နယူးဒေလီရဲ့ ပူပြင်းလွန်းတဲ့နွေရာသီကိုဖြတ်သန်းဖို့ သုံးဘီးကားဆရာ ကူးမား ကားခေါင်မိုးပေါ် စိုက်ပျိုးခင်းလေးတခု ပျိုးထောင်ထားပါတယ်။ စိုက်ပျိုးခင်းကိုထိန်းသိမ်းဖို့အတွက်က တနေ့ကို ရေတပုလင်း ၂ ကြိမ် လောင်းပေးရုံပဲ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်