သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားပစ်မှတ်တွေကို ယူကရိန်းဒရုန်းယာဉ်တိုက်ခိုက်


ရုရှားကမ်းထိုးစစ်ရေယာဉ်ကို ဘေရက်တာ TB2 မောင်းသူမဲ့ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ (မေ ၇) ယူကရိန်းရဲ့ အိုဒက်ဆာဆိပ်ကမ်းနဲ့ တောင်ပိုင်း မိုင် ၈၀ အကွာ ကျွန်းပေါ်က ဒုံးခွင်းဒုံးစနစ်ကိုလည်း ဘေရက်တာနဲ့ ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဌာနက ပြောပါတယ်။

ရုရှားကမ်းထိုးစစ်ရေယာဉ်ကို ဘေရက်တာ TB2 မောင်းသူမဲ့ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ (မေ ၇) ယူကရိန်းရဲ့ အိုဒက်ဆာဆိပ်ကမ်းနဲ့ တောင်ပိုင်း မိုင် ၈၀ အကွာ ကျွန်းပေါ်က ဒုံးခွင်းဒုံးစနစ်ကိုလည်း ဘေရက်တာနဲ့ ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဌာနက ပြောပါတယ်။ အမေရိကန်ဂြိုဟ်တုစောင့်ကြည့်ရေးဌာန Planet Labs PBC က ရိုက်ယူတဲ့ ပုံအရလည်း မြွေကျွန်းတောင်ဘက်ကမ်းမှာ ဆီနာအမျိုးအစား ကမ်းထိုးယာဉ်ပုံကိုတွေ့ရတာမို့ ယူကရိန်းကထုတ်တဲ့ ရေယာဉ် ဒုံးကျည်မှန်ပြီး မီးလောင်နေတဲ့ ဗွီဒီယိုနဲ့ ကိုက်ညီပါတယ်။ မြွေကျွန်းကို တိုက်ခိုက်နိုင်တာဟာ ပင်လယ်နက်ကိုထိန်းချုပ်ဖို့ ရုရှားကြိုးပမ်းမှုကို အနှောက်အယှက်ဖြစ်စေပါတယ်။

XS
SM
MD
LG