ဗီယက်နမ်နိုင်ငံက တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်း တစ်ချို့ အပေါ်မှာ အခွန်စည်းကြပ်ခဲ့ပါတယ်။ အဲဒီ ကုန်ပစ္စည်းတွေဟာ တရုတ်နဲ့ အမေရိကန်နိုင်ငံအကြားက ကုန်သွယ်ရေးစစ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ အမေရိကန်က အခွန်တိုးမြှင့် ကောက်နေတဲ့ တရုတ်ပစ္စည်းတွေပါ။
အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားနိုင်ငံတို့အကြား ဆက်ဆံရေး ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ အချိန်မှာ အင်္ဂါနေ့က မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက သူ့ဆီ စာတစ်စောင် ပေးပို့ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
၁၉၈၉ ခုနှစ်က တရုတ် Tiananmen အရေးအခင်းလို့ လူသိများတဲ့ လူထုဆန္ဒပြကြီး ဖြစ်ပွားခဲ့တာမှာ နှစ်ပေါင်း ၃၀ ပြည့်အခမ်းအနား ဒီ တစ်ပတ်ထဲမှာ ကျရောက်ခဲ့ပါတယ်။ တရုတ်အစိုးရက တင့်ကားတွေ အသုံးပြုတဲ့အထိ ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့တဲ့ ဒီ ဆန္ဒပြပွဲမှာ လူပေါင်း ရာချီ ဒါမှမဟုတ် ထောင်ချီ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကလေးသူငယ်များနေ့ မတိုင်ခင်လေးမှာပဲ The KidsRights Index ကလေးသူငယ်ဆိုင်ရာ ညွှန်းကိန်းအဖွဲ့ရဲ့ အစီရင်ခံစာက ကမ္ဘောဒီးယားနိုင်ငံရဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေး ရရှိမှု အဆင့်အတန်းဟာ ကမ္ဘာ့နိုင်ငံ ၁၈၁ နိုင်ငံအနက် ၁၂၈ နေရာမှာ ရှိနေပါတယ်လို့ အစီရင်ခံထားပါတယ်။
မေလ ၂၈ ရက် အင်္ဂါနေ့ မနက် ၇ ၄၀ က ဂျပန်နိုင်ငံ ကာဝါဆာကီမြို့က မူလတန်းကျောင်းအနီး ဒါးထိုး အကြမ်းဖက်မှုတစ်ခု ဖြစ်ပွားခဲ့လို့ ဂျပန်လူမျိုး ၂ ဦး သေဆုံးခဲ့ရာမှာ သေဆုံးသူတစ်ဦးဟာ မြန်မာ စကားကို ကောင်းကောင်း ပြောဆိုနိုင်တဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ ဂျပန်သံတမန် Mr Satochi Oyama ဖြစ်ပါတယ်။
မြောက်ကိုရီးယား အစိုးရဟာ စစ်ရေး အင်အားကို တည်ဆောက်ပြီး ပြည်သူတွေကို ငတ်မွတ်အောင်လုပ်နေပါတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက အစီရင်ခံစာတစ်စောင်က စွပ်စွဲလိုက်ပါတယ်။
လူမပါဘဲ အလိုအလျောက် မောင်းနိင်တဲ့ ကားတွေနဲ့ပတ်သက်ပြီး စမ်းသပ်နေဆဲ ဖြစ်သလို၊ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်လို့လည်း စိုးရိမ်မှုတွေရှိနေပါတယ်။ နောက်ဆုံးပေါ် နည်းပညာတွေက လူတွေအန္တရာယ်ကင်းမယ့် မောင်းသူမဲ့ကားတွေဖြစ်အောင် ဘယ်လို ကြိုးစားနေတယ်ဆိုတာ Kevin Enochs သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက ပြောပြပါမယ်။
၂၀၁၆ရွေးကောက်ပွဲ မဲဆွယ်ပွဲကာလအတွင်း တွီတာလူမှုကွန်ယက်က လွှမ်းမိုးခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ကြိုးစားနေကြတဲ့ ဒီမိုကရက်ပါတီကိုယ်စားပြုသမ္မတကိုယ်စားလှယ်လောင်းတွေက မဲဆန္ဒရှင်တွေဆီကို လူမှုကွန်ယက်ကတဆင့် ဘယ်လိုထိတွေ့ဖို့ကြိုးစားနေသလဲ။ Katherine Gypson ရဲ့ သတင်းကို ကိုရဲမင်းထွန်း ပြောပြပါမယ်။
အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ မနေ့ ဗုဒ္ဓဟူးနေ့က အခြေခံ အဆောက်အအုံ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဒီမိုကရက်ပါတီက အောက်လွှတ်တော် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားတဲ့ အစည်းအဝေး စပြီး ၃ မိနစ် အကြာမှာပဲ သမ္မတဒေါ်နယ်ထရမ့်က အစည်းအဝေး အခန်းက ထွက်ခွာသွားခဲ့ ပါတယ်။
ရာဇဝတ်မှု ကျူးလွန်သူတွေ အသုံးပြုတဲ့လက်နက်တွေကနေ သက်သေခံ လက်ဗွေရာ ရှာဖွေရယူတဲ့ မှုခင်းဆေးပညာရှင်တွေအတွက် ရောင်ခြည်သုံး ပုံဖေါ် စက်တစ်မျိုးကို ဗြိတိန်နိုင်ငံမှာ တီထွင်နိုင်ခဲ့ပါတယ်။ VOA သတင်းထောက် Deborah Block ရဲ့သတင်းလွှာကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။
ဧပြီလ ၁၁ ရက်နေ့ကနေ မေလ ၂၀ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အိန္ဒိယနိုင်ငံ အထွေထွေ ရွေးကောက်ပွဲ တနင်္ဂနွေနေ့က ပြီးဆုံးခဲ့ရာမှာ မဲပေးသူတွေကို ကောက်ယူတဲ့ သဘောထားစစ်တမ်းအရ လက်ရှိ ဝန်ကြီးချုပ် Narendra Modi က ပဲ ဒုတိယ သက်တမ်းဆက်လက် တာဝန်ထမ်းဆောင်ဖို့ အခြေအနေ ရှိနေပါတယ်။
မြန်မာဗိုလ်ချုပ်တွေကို ဘဏ္ဍာရေးအရ အထီးကျန်စေဖို့ ကုလသမဂ္ဂက ကြိုးပမ်းနေချိန်မှာ မြန်မာစစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ ဖက်စပ် အလုပ်လုပ်နေတဲ့ နိုင်ငံခြား ကုမ္ပဏီတွေအနေနဲ့ စစ်တပ်နဲ့ ဆက်ဆံရေး ရပ်ဆိုင်းဖို့ နိုင်ငံတကာရဲ့ ဖိအားပေးမှုကို ခံရပါတော့မယ်။
ချမ်းသာ ကြွယ်ဝတဲ့ ကမ္ဘာ့နိုင်ငံကြီးတွေဟာ တန်ချိန် သန်းချီရှိတဲ့ ပလပ်စတစ်စွန့်ပစ် ပစ္စည်းတွေကို အရှေ့တောင် အာရှဒေသကို တင်ပို့နေတာကြောင့် အဲဒီဒေသ နိုင်ငံတွေအတွက် စွန့်ပစ် ပစ္စည်း ပြန်လည် အသုံးပြုနိုင်အောင် လုပ်ဆောင်ရာမှာ ဝန်ထုပ်ဝန်ပိုး နဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။