ဆောင်းဦးရာသီဆိုတာက ပျော်စရာ နွေရာသီ အားလပ်ရက်ကုန်တဲ့ ကျောင်းဖွင့်ရာသီ အစပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက ကမ္ဘာတစ်ဝှမ်း လူတိုင်းအပေါ် သက်ရောက်နေတဲ့ နည်းတူ ရှိရင်းစွဲ ပဋိပက္ခတွေ နဲ့ ရုန်းကန်နေရတဲ့ နိုင်ငံတစ်ချို့က ကလေးတွေလည်း အတန်းတက်ဖို့ အခက်အခဲ ရှိနေပါတယ်။
နိုဝင်ဘာလအရောက်မှာ အာဖဂန် နစ္စတန်နိုင်ငံမှာ ရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၈၆၀၀ ကနေ ၄၅၀၀ အထိ လျှော့ချသွားမယ်လို့ အမေရိကန်ပြည်ထောင်စုက ကြေညာထားပါတယ်။ တဖက်မှာလည်း အာဖဂန်မှာ ရှိတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အမေရိကန်တို့ရဲ့ ရည်မှန်း ချက်တွေ တကယ် မပြည့်မီသေးဘူးလို့ အာဖဂန်တွေက ပြောနေပါတယ်။
ခါးသီးသွားရတဲ့တရုတ်နဲ့ ချက်သမ္မတနိုင်ငံတို့အကြားဆက်ဆံရေးကြောင့် တရုတ်နဲ့ ဥရောပအကြားဆက်ဆံရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ချက်အထက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်ကို အလည်ရောက်လာပြီး နောက်မှာ တရုတ်တို့က ချက်ကိုယ်စားလှယ် ခေါင်းဆောင်အပေါ် ရင့်ရင့်သီးသီး စကားပြောလိုက်ပါတယ်။ ကိုရဲမင်းထွန်း ပြောပြပါလိမ့်မယ်။
ရုရှား အတိုက်အခံ ခေါင်းဆောင် Alexei Navalny ဟာ Novichok လို့ခေါ်တဲ့ ဓါတုဆေးရည်နဲ့ အဆိပ်ခတ်ခံရတယ်လို့ ဂျာမန်ဆရာဝန်တွေကအတည်ပြုပြောကြားအပြီးမှာရုရှားကိုတုန့်ပြန်ဖို့ဥရောပသမဂ္ဂ EU နဲ့ NATO မဟာမိတ်တွေနဲ့ တိုင်ပင်နေတယ်လို့ ဂျာမနီက ပြောပါတယ်။ Henry Ridgwell သတင်းပေးပို့ထားတာကိုကိုရဲမင်းထွန်း ပြောပြပါလိမ့်မယ်
Belarus အတိုက်အခံခေါင်းဆောင် Sviatlana Tsikhanouskaya ကသူ့တိုင်းပြည်တွင်းကနိုင်ငံရေးအကျပ်အတည်းဟာ ပြည်တွင်းရေးကိစ္စသာဖြစ်တယ်လို့ VoA ကို ပြောပြီးအနောက်နိုင်ငံတွေရဲ့ အကူအညီကို ငြင်းပယ်လိုက်ပါတယ်။ Belarus သမ္မတ ရွေးကောက်ပွဲ အပြီး သူထွက်ပြေးခဲ့ရတဲ့Lithuania နိုင်ငံ Vilnius မြို့ကိုဆက်သွယ်မေးမြန်းထားပါတယ်။
ရုရှားက ထင်ရှားတဲ့ အတိုက်အခံ ခေါင်းဆောင် Alexei Navalny ဟာ ဆိုက်ဘေးရီးယားကနေ မော်စကို ကို အပြန် လေယာဉ်ပေါ်မှာ အပြင်းအထန် နာမကျန်း ဖြစ်ခဲ့ရပြီး သူဟာ အဆိပ်ခတ်ခံရပုံပေါ်တယ်လို့ သူ့ရဲ့ ပြောခွင့်ရက ပြောတဲ့ အကြောင်း Charles Maynes မော်စကို မြို့ ကနေ သတင်း ပေးပို့ထားပါတယ်။ ကိုရဲမင်းထွန်း ပြောပြပေးပါမယ်။
ဂျာမနီမှာ ရှိတဲ့ အမေရိကန်တပ်တွေကို ရုပ်သိမ်းမယ်လို့ ကြေညာပြီးတဲ့နောက်မှာ ပိုလန်နိုင်ငံမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ဦးရေ တိုးမြှင့်ဖို့နဲ့ အမေရိကန် စစ် အခြေစိုက်စခန်းတစ်ခု ပိုလန်မှာ တည်ဆောက်ဖို့ အမေရိကန်နဲ့ ပိုလန် နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုး လိုက်ကြပါတယ်။
အစ္စရေးလ်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE တို့ ဆက်ဆံရေးတရားဝင် ထူထောင်ဖို့ သဘောတူညီခဲ့ကြပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ကြေညာခဲ့ပါတယ်။ Abraham သဘောတူညီချက်ဟာ အစ္စရေးလ်နဲ့ UAE နိုင်ငံအကြား ရရှိတဲ့ သဘော တူညီချက်က အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အတွက် တဆင့်တက် တိုးတက်မှုဖြစ်ပါတယ်။
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden က အထက်လွှတ်တော်အမတ် Kamala Harris ကို ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်လိုက်တာက သမိုင်းဝင်လုပ်ဆောင်ချက်ဖြစ်သလိုစိတ်ချရတဲ့ ရွေးချယ်မှုလည်းဖြစ်တယ်လို့ လေ့လာသူတွေက မြင်ပါတယ်။ Harris ဟာဒီလိုရာထူးမျိုးမှာ ရွေးချယ်ခံရတဲ့ပထမဆုံးအာဖရိကန်-အမေရိကန်နဲ့ တောင်အာရှ သွေးနှောထားသူပါ
ရုရှားဖြူလို့ လို့ခေါ်လေ့ရှိတဲ့ Belarus နိုင်ငံ သမ္မတရွေးကောက်ပွဲမှာ သက်တမ်းရှည် သမ္မတ Alexander Lukashenko မဲအပြတ် အသတ်နဲ့ ပြန်လည် အရွေးခံရတယ်လို့ ကြေညာခဲ့ပါတယ်။ အတိုက်အခံတွေကတော့ မဲလိမ်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲပြီး ဆန္ဒပြပွဲတွေနဲ့ ရွေးကောက်ပွဲရလဒ်ကိုလက်မခံဘဲ ပယ်ချလိုက်ပါတယ်။ ကျွန်တော်ရဲမင်းထွန်းပါ။
ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့နေသေးချိန် ကျောင်းပြန်ဖွင့်မှာကို ဆန့်ကျင်တဲ့အနေနဲ့ ဒီလ အစောပိုင်းက အမေရိကန်နိုင်ငံက ပြည်နယ် တဝက် ကျော် ကျော်မှာ လူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ လူကိုယ်တိုင် ကျောင်းကို သွားရရင် ဗိုင်းရပ်စ်ကူးခံရမှာကို ဆန္ဒပြသူတွေက စိုးရိမ်နေ တာပါ။
အရှေ့အလယ်ပိုင်းက လက်ဘနွန်နိုင်ငံကို စီးပွားရေး တိုးတက်မှု အနေနဲ့ရော ဒေသတွင်း ပဋိပက္ခတွေကို တောင့်ခံ ခုခံနိုင်စွမ်း ရှိတဲ့ နိုင်ငံ အဖြစ်ပါ အရင်တုန်းက စံနမူနာထားခဲ့ကြပါတယ်။ ဒါပေမဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုနဲ့ ခြစားမှုတွေက နိုင်ငံ့ စီးပွားရေး ပြိုလဲမှုနဲ့အတူ လူထု ဆန္ဒပြပွဲတွေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။
ဥရောပနိုင်ငံတစ်ချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယလှိုင်း ရိုက်ခတ်နေလို့ အသွားအလာတွေ ပြန်ပြီး ပိတ်ပင်နေကြရတဲ့အကြောင်း Henry Ridgwell သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်း ပြောပြပါ့မယ်။
တရုတ်နဲ့ ဆက်ဆံရေးကိစ္စ အမေရိကန် ရွေးကောက်ပွဲမှာ အခရာကျ
ဟိန္ဒူဘုရားကျောင်းဆောက်ခွင့် ပါကစ္စတန် ပြန်ရုတ်သိမ်း
Biden ကြောင့် အမေရိကန်နေတိုး မဟာမိတ်ဆက်ဆံရေး ပြောင်းလဲနိုင်ခြေ
လူထု သဘောထား စစ်တမ်းတွေဟာ အချိန်အတိုင်းအတာ တခုမှာ ရှိနေတဲ့ လူတွေရဲ့ သဘောထား အမြင်တွေကို ထင်ဟပ်ဖော်ပြလေ့ရှိပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ လေးလလောက် လိုနေချိန်မှာပဲ အဲဒီရွေးကောက် အခြေအနေ ဘယ်လို ရှိမလဲ ဆိုတာကို လူထု စစ်တမ်းတွေက ပြသနေပြီဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျောင်းတွေ ပိတ်ထားလို့ ကျောင်းသားတွေ အွန်လိုင်း ကနေသာ အတန်းတက်နေရပါတယ်။ အင်တာနက်ကို လက်လှမ်းမမှီတဲ့ ကျောင်းသားလေးတွေအတွက်တော့ အွန်လိုင်းအတန်းတွေက အလှမ်းဝေးလှပါတယ်။ ဒီအခက်အခဲကို ကောလိပ်ကျောင်းသားတစ်ယောက်က တပိုင်တနိုင် ဖြေရှင်းပေးနေတဲ့အကြောင်းတင်ပြလိုက်ပါတယ်
ဇွန်လက ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံမှာ အလုပ်အကိုင်ပေါင်း ၄.၈ သန်း ပြန်ပြီး ဖန်တီးပေးနိုင်ခဲ့တာကြောင့် အလုပ်လက်မဲ့နှုန်းလည်း ၁၁ ဒဿမ ၁ ရာခိုင်နှုန်း ကျသွားခဲ့ပါတယ်။ အခုလို အလုပ်အကိုင် အခြေအနေက ၂ လ ဆက်တိုက်တိုးတက်ကောင်းမွန်လာချိန်မှာပဲ COVID 19 ကူးစက်မှုနှုန်းကလည်း တရှိန်ထိုး မြင့်တက်လာနေပါတယ်။
ဖားကန့် ကျောက်စိမ်း လုပ်ကွက်တွေက စွန့်ပစ်ထားတဲ့ မြေစာပုံတွေထဲမှာ ကျောက်ရှာရင်း မြေပြိုကျလို့ သေဆုံးရသူ ၁၇၄ ဦးကို ရှာဖွေ တွေ့ရှိထားပြီး ဖြစ်ပေမယ့် ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေဆဲ အခြေအနေတွေကို စုစည်း တင်ပြပေးပါမယ်။ ကျနော် ရဲမင်းထွန်းပါ။
နောက်ထပ်ကြည့်ရှုရန်