တရုတ်နိုင်ငံမှာကျင်းပနေတဲ့ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအတွင်း မြန်မာက ပိုက်ကျော်ခြင်းမှာ ရွှေတံဆိပ်ရသွားခဲ့ပါပြီ။ ဂရိ အိုလံပစ်အားကစားကွင်းကြီးကို အာဏာပိုင်တွေက ရက်အကန့်အသတ်မရှိပိတ်ထားလိုက်ပါတယ်။ စပိန်မှာ ဘာစီလိုနာ အသင်းနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်တွေကို ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေစစ်ဆေးနေပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မောင်တောမြို့နယ် နယ်စပ်ဒေသတွေမှာ ARSA လက်နက်ကိုင် အကြမ်းဖက်တွေရဲ့ လှုပ်ရှားမှုတွေရှိလာနေချိန်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဖက်က ဖမ်းဆီး နှိမ်နှင်းမှုတွေလုပ်နေတယ်လို့ AA ဘက်က ပြောပါတယ်။
စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့မှာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ပေါက်ကွဲမှုတခု ဖြစ်ခဲ့တာကြောင့် လူ ၂ ယောက် သေဆုံးပြီး နောက်ထပ် ၁ ဒါဇင်လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။ စက်သုံးဆီဆိုင်က ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်သူ့လက်ချက်ဆိုတာတော့ မသိရသေးပါဘူး။
အာရှအားကစားပြိုင်ပွဲမှာ မြန်မာဘောလုံးအသင်းက အုပ်စုကနေ နောက်တဆင့်ကို တက်သွားပြီဖြစ်ပါတယ်။ ဒီလို အာရှပြိုင်ပွဲဘက်က မြန်မာအားကစားအဖွဲ့တွေရဲ့ အခြေအနေနဲ့အတူ ဝူရှူးကစားနည်းအတွက် ကစားသမားတွေရဲ့ လေ့ကျင့်ပြင်ဆင်မှုတွေကို ကိုရန်နိုင်က ဒီတပတ်အားကစားကဏ္ဍမှာ စုစည်းတင်ဆက်ပေးထားပါတယ်။
စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့အနောက်ဖက်က နေရာ ၄ နေရာကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက မနေ့ညပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ၂ ဖက်တပ်တွေကြား ညလုံးပေါက် တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
အာရှအားကစားပြိုင်ပွဲမှာ မြန်မာဝူးရှူးအဖွဲ့အနေနဲ့ ဆုတံဆိပ်တွေရဖို့ မှန်းထားပြီး ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ မြန်မာ့ဝူရှူး လက်ရွေးစင်တဦးက ပြောပါတယ်။ ဒီပြိုင်ပွဲမှာ အိမ်ရှင်တရုတ်နိုင်ငံအပြင် နောက်ထပ် နိုင်ငံ ၇ နိုင်ငံလောက်နဲ့ အဓိကပြိုင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
အာရှအားကစားပြိုင်ပွဲမှာ မြန်မာဝူးရှုးအဖွဲ့အနေနဲ့ ဆုတံဆိပ်တွေရဖို့ မှန်းထားပြီး ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ မြန်မာ့ဝူရှုး လက်ရွေးစင်တဦးက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အကြား ဒီကနေ့ တိုက်ပွဲ ၂ နေရာ ဖြစ်ခဲ့ပြီး ၁၉ ရက်နေ့ကလည်း တနေ့တည်း တိုက်ပွဲ ၇ ကြိမ်အထိ ပြင်းထန်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာလာမယ့်ရက်ပိုင်းအတွင်းစတင်တော့မယ့် ၁၉ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာဆုတံဆိပ်တွေရဖို့မျှော်မှန်းထားတယ်လို့မြန်မာအားကစားအဖွဲ့က ပြောလိုက်ပါတယ်။မြန်မာဝူရှုးအားကစားသမားတွေရဲ့ပြိုင်ပွဲအတွက်ပြင်ဆင်မှု၊ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအတွက်တရုတ်ရဲ့ပြင်ဆင်မှုအခြေအနေတွေကို ကိုရန်နိုင်တင်ပြထားပါတယ်။
တရုတ်မှာ လာမယ့်ရက်ပိုင်းအတွင်း စတင်တော့မယ့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ ဆုတံဆိပ်တွေရဖို့ မျှော်မှန်းထားတယ်လို့ မြန်မာအားကစားအဖွဲ့က ပြောလိုက်ပါတယ်။ မြန်မာဝူရှုးအားကစားသမားတွေရဲ့ ပြိုင်ပွဲအတွက် ပြင်ဆင်မှု ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအတွက် တရုတ်ရဲ့ပြင်ဆင်မှုတွေကို ကိုရန်နိုင်တင်ပြထားပါတယ်။
မြန်မာနယ်စပ်နဲ့ အရှေ့တောင်အာရှ နိုင်ငံတချို့မှာ အခြေစိုက်ပြီး အုပ်စုဖွဲ့ လှုပ်ရှားနေကြတဲ့ ငွေလိမ်ဂိုဏ်းတွေ၊ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေဟာ ဒေသတွင်းမှာသာမက နိုင်ငံတကာအတွက်လည်း ခြိမ်းခြောက်မှုတခု ဖြစ်လာတယ်လို့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု USIP က ဩဂုတ်လကုန်ပိုင်းက သတိပေးခဲ့ပါတယ်။
အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ Novak Djokovic က လွန်ခဲ့တဲ့နှစ် ၅၀ က တင်ထားတဲ့ စံချိန်ကိုမီသွားပါပြီ။ ဘရာဇီးတိုက်စစ်မှူးနေးမားကတော့ ပီလီရဲ့ စံချိန်ကို ချိုးပြီး ဘရာဇီးအသင်းရဲ့ ဂိုးအများဆုံးသွင်းတဲ့သူ ဖြစ်သွားပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
စစ်ကိုင်းတိုင်း ခမ်းပတ်မြို့နဲ့ တမူးမြို့ကြားမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ အခုရက်ပိုင်း တိုက်ပွဲတွေဖြစ်ပြီး စစ်ရေး တင်းမာနေပါတယ်။ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပိုမို ခက်ခဲလာနေပြီး ကုန်ဈေးနှုန်း နဲ့ ကယ်ရီခတွေ သိသိသာသာ ဈေးတက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းကချီးမြှင့်တဲ့ ရွှေဘောလုံးဆုအတွက် ပဏာမ လူ ၃၀ စာရင်းကို ကို စက်တင်ဘာ ၆ ရက်နေ့က ရွေးချယ်လိုက်ပါတယ်
ပေါ်တူဂီတိုက်စစ်မှူး ရိုနာလ်ဒို သွင်းယူခဲ့တဲ့ ဂိုး စုစုပေါင်း ၈၅၀ ပြည့်၊ အာဆင်နယ်က မန်ယူကို ပွဲပြီးခါနီးသွင်းတဲ့ နောက်ကျဂိုးတွေနဲ့ အနိုင်ရ၊ အမေရိကန်က အမျိုးသမီးဘော်လီဘောပွဲ ကွင်းမှာကြည့်တဲ့ပရိသတ် ကမ္ဘာ့စံချိန်တင်၊ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဘက်က မြေမြုပ်မိုင်းအများအပြား ထောင်သွားခဲ့ပြီး၊ အဲဒီမိုင်းတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းနေကြပါတယ်။
မြန်မာစစ်ကောင်စီနဲ့ စစ်ရေး၊ သံတမန်ဆက်ဆံရေး တိုးချဲ့လာနေတာဟာ အိန္ဒိယနိုင်ငံလို ဒီမိုကရေစီအင်အားကြီး နိုင်ငံတနိုင်ငံ အတွက် မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး စောင့်ကြည့် လေ့လာနေတဲ့ အဖွဲ့အစည်းတွေက ဝေဖန် လိုက်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ရွာတွေနားမှာ မြေမြှုပ်မိုင်းတွေချသွားခဲ့လို့ ဒေသခံတွေ နေရပ်ပြန်နိုင်အောင် မိုင်းရှင်းပေးနေကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒိန်းမတ်နိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၃ ကမ္ဘာ့ကြက်တောင်ရိုက်ပြိုင်ပွဲတွေမှာ အာရှနိုင်ငံတွေထဲက ပထမဆုံးအကြိမ် ဗိုလ်စွဲတဲ့ နိုင်ငံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဆော်ဒီအာရေဗျအသင်းက ၂၀၂၇ အာရှဖလားအတွက် ဥရောပရဲ့ ထိပ်တန်းနာမည်ကြီး နည်းပြတဦးကို လက်ရွေးစင်အသင်းနည်းပြအဖြစ်ခန့်လိုက်ပါတယ်။ ကိုရန်နိုင် တင်ပြပေးပါမယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်ယားရွာမှာ ခေတ္တရပ်နားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လူ ၈၀ ထက်မနည်းကို ပေါ်တာအဖြစ် ဖမ်းဆီး ခေါ်ဆောင်ပြီး ဒီကနေ့ မနက်အစောပိုင်းက ဖားကန့်ဘက်ကို တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်