ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပြဿနာက ကမ္ဘာ့လှည့်ခရီးသည်တွေ အများဆုံးသွားတဲ့နေရာတွေထဲက တခုဖြစ်တဲ့ ဥရောပကို အကြီးအကျယ် ထိခိုက်စေပြီး၊ ဥရောပရဲ့ နွေရာသီအားလပ်ရက်တွေကို ကပြောင်းကပြန်တွေဖြစ်စေသလို ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ ခရီးသွားလုပ်ငန်း ဆက်လက်ရှင်သန်ဖို့အတွက်လည်း ရုန်းကန်နေရပါတယ်။
စပိန်မှာ အမှတ်ပေးဘောလုံးပွဲတွေ ပြန်စတော့မယ့်အကြောင်းနဲ့ ပရီးမီးယားလိခ် အသင်းတွေထဲက ကစားသမားတချို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တာကိုတွေ့ရတဲ့အကြောင်း သတင်းတွေအပြင် တခြား အားကစားသတင်းတွေကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
ဂျာမနီမှာ ဘောလုံးပွဲတချို့ ပြန်စတဲ့အကြောင်းအပါအဝင် ၂၀၁၉၊ ၂၀၂၀ ဘောလုံးရာသီ အဆုံးသတ်မယ့် အစီအစဉ်တွေကို ဥရောပဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်တဲ့အကြောင်း သတင်းတွေ အပါအဝင် အားကစားသတင်းတွေကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စားသောက်ဆိုင်တစ်ခုထဲမှာ လူတွေတစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာထိုင်အောင်ဆိုပြီး ပန်ဒါဝက်ဝံရုပ်တွေကို အသုံးပြုထားတဲ့အကြောင်း ရိုက်တာသတင်းဆောင်းပါကို အခြေခံပြီး ပြောပြပေးမှာဖြစ်ပါတယ်။ ကျနော်ရန်နိုင်ပါ။
အခုနှစ်အကုန်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ရည်ရွယ်တဲ့ Operation Warp Speed လို့ခေါ်တဲ့အစီအစဉ်တရပ်ကို အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ဒါ့အပြင် အမေရိကန်နိုင်ငံအနေနဲ့ ကာကွယ်ဆေးထုတ်နိုင်သည် ဖြစ်စေ၊ မထုတ်နိုင်သည်ဖြစ်စေတိုင်းပြည် ပုံမှန်ပြန်လည်ပတ်မယ်လို့လည်း ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာပေါ်က နိုင်ငံတိုင်းလိုလို စီးပွားရေးကျဆင်းမှုဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပေမယ့် တချို့နိုင်ငံတွေကတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်သမားတွေအပေါ်မှာ ထိခိုက်မှု သက်သာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ရင်ဆိုင်နေရချိန်မှာ ဗိုင်းရပ်စ်တိုက်ဖျက်ဖို့အတွက် ဗုဒ္ဓရဲ့ အဆုံးအမတွေ နဲ့ သင်ကြားပြသမှုတွေကို သတိရကြဖို့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက ပြောကြားလိုက်ပါတယ်။ မေလ ၇ ရက်နေ့မှာကျရောက်ခဲ့တဲ့ ဂေါတမမြတ်စွာဘုရားဖွားမြင်တော်မူတဲ့ ကဆုန်လပြည့်နေ့ ပြောကြားခဲ့တဲ့အကြောင်းပာပြပေးမှာပါ။
စပိန်နိုင်ငံမှာ ကလပ် ဘောလုံးပြိုင်ပွဲတွေ ပြန်လေ့ကျင့်နေပြီဆိုတဲ့ သတင်းနဲ့ အမေရိကန် အမျိုးသမီး ဘောလုံးအသင်းရဲ့ လုပ်ခလစာ တန်းတူရရေးကြိုးပမ်းမှုတွေအကြောင်း သတင်းတွေ အပါအဝင် တပတ်အတွင်း အာကစားသတင်းတွေကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
နယူးယောက်မြို့ ဆေးရုံတခုက အရေးပေါ်ဌာနမှာ တာဝန်ကျတဲ့ ဆရာဝန်တဦး မကြာသေးခင်က ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့အတွက် COVID-19 ကပ်ရောဂါကြောင့် ကျန်းမာရေးဝန်ထမ်းတွေသေဆုံးမှုအပေါ်မှာ ပြန်ပြီးအာရုံစိုက်လာခဲ့ကြပါတယ်။ ဗိုင်းရပ်အန္တရာယ်ကို ရှေ့တန်းကရင်ဆိုင်နေရတဲ့ ဆရာဝန် ၂ ဦးက ဗီအိုအေကို ပြောပြထားပါတယ်။
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ရင်ဆိုင်နေရချိန်မှာ ဗိုင်းရပ်စ်တိုက်ဖျက်ဖို့အတွက် ဗုဒ္ဓရဲ့ အဆုံးအမတွေ နဲ့ သင်ကြားပြသမှုတွေကို သတိရကြဖို့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက ပြောကြားလိုက်ပါတယ်။
အပတ်စဉ်တင်ဆက်နေကြ အားကစားအစီအစဉ်မှာတော့ ဥရောပနိုင်ငံတချို့မှာ ဘောလုံးပွဲတွေ ပြန်စဖို့ ပြင်ဆင်နေတဲ့အချိန် ရှုတ်ထွေးမှုနဲ့ မေးခွန်းထုတ်မှုတွေ ရှိနေတဲ့အကြောင်းနဲ့ တခြား အကြောင်းအရာတွေကို တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ ကိုရိုနာဗိုင်းရပ်စ်သတင်းအချက်အလက်နဲ့ပတ်သက်ပြီး လူတွေရဲ့ သဘောထားအမြင်တွေကလည်းအမျိုးမျိုးကွဲနေကြပြီး၊ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အိမ်ဖြူတော်က ထုတ်ပြန်တဲ့သတင်းတွေကို အတော်များများ မယုံကြဘူးလို့စစ်တမ်းတခုက ဖော်ပြနေပါတယ်။ AP သတင်းကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
COVID-19 ကပ်ရောဂါကြောင့် ၊ ကမ္ဘာတဝှမ်းမှာ အသက်ရှုစက်တွေ အကြီးအကျယ်လိုအပ်နေပြီး၊ ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းမွန်တဲ့ အသက်ရှုစက်တွေကို လန်ဒန် Imperial ကောလိပ်က ဆရာဝန်တွေ နဲ့ အင်ဂျင်နီယာတွေ ပေါင်းပြီးတော့ ထုတ်လုပ်လိုက်တဲ့အကြောင်းကို Henry Ridgewell က သတင်းပေးပို့ထားကို ပြောပြချင်ပါတယ်။
တပတ်အတွင်း အားကစား သတင်းတချို့ကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေက အမေရိကန်သမ္မတရွေးကောက်ပွဲမဲဆွယ်စည်းရုံးတွေကို ကပြောင်းကပြန်၊ ကမောက်ကမ တွေဖြစ်စေခဲ့ပြီး၊ ဒီရွေးကောက်ပွဲက သမ္မတထရမ့်အနေနဲ့ ကပ်ရောဂါနဲ့ ဆက်စပ်ပြီးဖြစ်လာတဲ့ စီးပွားရေး နဲ့ လူထုကျန်းမာရေးပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲ ဆိုတဲ့အပေါ် ဆန္ဒခံယူပွဲသက်သက်ဖြစ်လာနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်တဲ့ လူနာတွေကို ကုပေးနေတဲ့ ကျန်းမာရေးလုပ်သားတွေအပေါ် အားကစားသမားတွေရဲ့ ဂုဏ်ပြုအစီအစဉ်အကြောင်းတွေ အပါအဝင် တပတ်အတွင်း အားကစား သတင်းတချို့ကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
တရုတ်နိုင်ငံမှာ COVID-19 စတင် ပျံ့နှံ့ ကူးစက်မှုကို WHO ဘက်က လျှော့ပေါ့ ထိန်ချန်ခဲ့တယ်လို့ အမေရိကန် အစိုးရက စွပ်စွဲပြီး သမ္မတ Donald Trump က WHO ကို ပေးနေတဲ့ အကူအညီတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ WHO ဘက်ကတော့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ကိုရန်နိုင်ပြောပြပါလိမ့်မယ်။
ထိုင်းနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေ နှာခေါင်းစည်း မျက်နှာဖုံးတွေ ပြန်သုံးလို့ရအောင် ပိုးသတ်တဲ့စက်ကို ထိုင်းသုတေသီတွေ တီထွင်လိုက်ကြပါတယ်။
အားကစားပွဲတွေ ရပ်ဆိုင်းထားရတဲ့အချိန် COVID-19 ရောဂါတိုက်ဖျက်ရေး နာမည်ကျော် အားကစားသမားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်း ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ အတော်များများ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့အပေါ်မှာ စိုးရိမ်မိပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရောဂါမကူးစက်ရအောင် လိုအပ်တဲ့ အကူအညီတွေ ပေးကြဖို့ကိုလည်း WHO က တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်