ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် အပြင်မထွက်ရအမိန့်ထုတ်ပြန်ထားတဲ့အတွက် ဒေသခံတွေဟာ ညနေပိုင်းတွေမှာ ကိုယ့်ရဲ့ နေအိမ်တိုက်ခန်းတွေကနေ ကိုယ်လက် လေ့ကျင့်ခန်းတွေကို စုပေါင်းလုပ်နေကြတဲ့အကြောင်းကို ပြောပြပေးချင်ပါတယ်။
COVID-19 ရောဂါပျံ့နှံ့မှာကို စိုးရိမ်ပြီး အားကစားပွဲတွေ ရပ်ဆိုင်းထားရတဲ့အခြေအနေ အားကစားသမားတွေကိုယ်တိုင်လည်း ရောဂါတိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်မှုတွေ အကြောင်းတွေကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO တို့ ပူးပေါင်း လှုပ်ရှားတဲ့ နာမည်ကျော် အားကစားသမားတွေ ပါဝင်တဲ့ အစီအစဉ်အကြောင်း ကိုရန်နိုင်ပြောပြပေးမှာပါ။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ပြည်တွင်းလိုအပ်ချက်တွေကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတထရမ့်က ပြောလိုက်တဲ့တချိန်တည်းမှာပဲ ပြည်ပနိုင်ငံတွေကိုပေးနေတဲ့ အကူအညီတွေကိုလည်း ဆိုင်းငံ့သွားမှာ မဟုတ်ဘူးလို့ ပြောလိုက်တဲ့အကြောင်း Patsy Widakuswara သတင်းပေးပို့ထားတာကို ပြောပြပေးချင်ပါတယ်။
အကျဉ်းထောင်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ မဖြစ်အောင် ထိန်းချုပ်ဖို့အတွက် အစိုးရတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် ရောဂါကူးစက်ခံရဖို့ အန္တရာယ်ရှိနေတဲ့ အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးမှုတွေ တိုးလာနေချိန်မှာပဲ၊ နိုဝင်ဘာလမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲက သမ္မတထရမ့်အနေနဲ့ ဒီကပ်ရောဂါကို ဘယ်လိုကိုင်တွယ်ဖြေရှင်းနေသလဲဆိုတဲ့ လူထုဆန္ဒခံယူပွဲတခုလိုဖြစ်လာနေတဲ့အကြောင်း Patsy Widakuswara သတင်းပေးပို့ထားကို ပြောပြချင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှာ စိုးရိမ်တဲ့အတွက် အားကစားပွဲတွေ ရပ်ဆိုင်းထားရတဲ့ အခြေအနေနဲ့ အားကစားသမားတွေရဲ့ တုံ့ပြန်မှု ကိုရန်နိုင်ရဲ့ တင်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရောဂါ မပျံ့နှံအောင် ကြိုးပမ်းတဲ့အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေဖို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကိုအတော်များများကမလိုက်နာတာကြောင့် သြစတြေးလျနိုင်ငံက Bondi Beach ကမ်းခြေကို အာဏာပိုင်တွေက ပိတ်လိုက်ပါတယ်။ Phil Mercer သတင်းပေးပို့ထားတာကို ကိုရန်နိုင် ပြောပြပေးချင်ပါတယ်။
COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဟာ ကမ္ဘာတဝှမ်းကို အလျှင်အမြန် ကူးစက်လာနေပြီး အခုဆိုရင် ကမ္ဘာတဝှမ်းမှာ ရောဂါကူးစက်နေသူ ၃ သိန်းကျော်သွားပြီး သေဆုံးသူအရေအတွက်ဟာ ၁ သောင်း ၃ ထောင်ကျော် ရှိလာနေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောလိုက်ပါတယ်။
တပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ကျားမ တန်းတူညီမျှရေးတို့အတွက် ဦးဆောင် ကြိုးပမ်းခဲ့ကြတဲ့ ကမ္ဘာတဝှမ်းက အမျိုးသမီး ၁၂ ဦးကို အမေရိကန်ရဲ့ “နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်များဆု” ဗုဒ္ဓဟူးနေ့က ချီးမြှင့်လိုက်ပါတယ်။ ဒီအကြောင်း Nike Ching သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။
တရုတ်နိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယအများဆုံးဖြစ်နေတဲ့ တောင်ကိုရီးယားနိုင်ငံဒေဂူမြို့မှာ ကူးစက်သူအရေအတွက် တရက်ထက်တရက်ပိုများလာနေပြီး၊ ဒီထက်ဆိုးလာရင်တော့ မြို့ကို အဝင်အထွက် ပိတ်လိုက်နိုင်ချေရှိတယ်လို့ ဒေဂူမြို့မှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသူတဦးကပြောပါတယ်။
Las Vegas မြို့မှာ ဗုဒ္ဓဟူးနေ့ကကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီတွင်း ကိုယ်စားလှယ်လောင်းတွေရဲ့ စကားစစ်ထိုးပွဲမှာ ပထမဆုံးအကြိမ် ပါဝင်လာတဲ့ Michael Bloomberg ကို ကျန် ကိုယ်စားလှယ်လောင်းတွေက ထိုးနှက် ပြောဆိုခဲ့ကြပါတယ်။ ဒီစကားစစ်ထိုးပွဲအကြောင်း Mike O’ Sullivan သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။
မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာဘောလုံးအဖွဲ့ချုပ် ၊ J-League နဲ့ Asia Foundation တို့ ပူးပေါင်းပြုလုပ်တဲ့ J-League Football Clinic အစီအစဉ်နဲ့ ပတ်သက်ပြီး မြန်မာဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းကို ဆက်သွယ်မေးမြန်းပြီ ဒီတပတ်ရဲ့အားကစားကဏ္ဍမှာ ကိုရန်နိုင်ကတင်ပြထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်မလားဆိုတာ ဒီကနေ့ ဆုံးဖြတ်ဖို့ရှိပါတယ်။ ကူးစက်မှုတွေ ကာကွယ်ထိန်းချုပ်ဖို့ ကမ္ဘာ့နိုင်ငံတွေ ကြိုးပမ်းနေတဲ့အကြောင်း Mariamma Diallo သတင်းပေးပို့ထားတာကို ကိုရန်နိုင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်