စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်းမှာ ဆက်လက်ဖြစ်ပွားနေပြီး ရန်ကုန်မှာတော့ ဒီနေ့ စမ်းချောင်းနဲ့ ကြည့်မြင်တိုင်ဘက်မှာ ပစ်ခတ်နှိမ်နှင်းတာတွေ ရှိခဲ့တယ်လို့ ဆန္ဒပြတဲ့သူတွေက ပြောပါတယ်။
မန္ထလေးမြို့မှာ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို အကြမ်းဖက်လူစုခွဲရာမှာ ကျည်အစစ်သုံး၊ လောက်လေးခွနဲ့ပစ်တာအပါအဝင် ရိုက်နှက်မှုတွေလည်းရှိခဲ့ပြီး အဖမ်းခံရသူတွေထဲ တိုင်း NLD ဥက္က္ဖဋ္ဌ ဒေါ်ဝင်းမြမြနဲ့ တိုင်းကော်မတီဝင် ကိုအေးသိမ်းတို့လည်းပါဝင်ပါတယ်။
ဒီကနေ့ညဦးပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွြေမို့နယ်၊ မအူကုန်းရပ်ကွက်မှာ စစ်တပ်ကဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးကောင်စီက ခန့်ထားတဲ့ ရပ်ကွက်အုပ်ချပ်ရေးမှူးကို ရပ်ကွက်နေလူထုက ဝိုင်းပြီး ကန့်ကွက်နေချိန် ရဲအင်အား အလုံးအရင်းနဲ့ ရောက်လာခဲ့ပါတယ်။
ဒီတပတ်ရဲ့ အားကစားကဏ္ဍမှာတော့ CDM လှုပ်ရှားမှုကို ဘာကြောင့်ထောက်ခံတယ်ဆိုတာနဲ့အားကစားသမားတွေအနေနဲ့ CDM လှုပ်ရှားမှုမှာ ဘယ်လိုပါဝင်နိုင်တယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ကိုသီဟစည်သူကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေဘက်က အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးတဲ့နောက် ရန်ကုန်နဲ့ မန္တလေး အပါအဝင် နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေ အရှိန်အဟုန်နဲ့ဆက်လက်ဖြစ်ပွားနေပါတယ်။ မန္တလေးမြို့မှာဆိုရင်လည်း ဒီနေ့မှာ ဆန္ဒပြတဲ့သူ ပိုများလာခဲ့ပြီး သိန်းနဲ့ချီရှိတယ်လို့ဆန္ဒပြခေါင်းဆောင်တဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်းမှာ ဆက်လက်ဖြစ်ပွားနေပြီး မန္တလေးမှာတော့ လုံခြုံရေးတပ်တွေဘက်က ဒီကနေ့ ပစ်ခတ်နှိမ်နင်းတာတွေကြောင့် ၂ ဦးထက်မနည်း သေဆုံးဖွယ်ရှိပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ မန္တလေးကဆန္ဒပြသူတွေကို အာဏာပိုင်တွေဘက်က မနေ့က အင်အားသုံးဖြိုခွင်းခဲ့တဲ့အပေါ် ရှုတ်ချတယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးက ပြောလိုက်ပါတယ်။ ဆန္ဒပြပြည်သူတချို့ထိခိုက်ဒဏ်ရာရတာတွေ ဖမ်းဆီးခံရတာတွေရှိခဲ့ပါတယ်။ ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ ကိုတေဇာဆန်းကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်တပ်ကအာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ မန္တလေးကဆန္ဒပြသူတွေကို အာဏာပိုင်တွေဘက်က မနေ့က အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အပေါ် ရှုတ်ချတယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးက ပြောလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းတာကို နိုင်ငံတကာ ဖိအားပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံခြားသံရုံးတချို့ရှေ့ ဆန္ဒပြမှုတွေမှာ ဒီနေ့ ဆန္ဒပြအရေအတွက် ပိုများလာပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေးတရပ်ကိုကျင်းပဖို့ ဗြိတိန်နိုင်ငံ နဲ့ ဥရောပသမဂ္ဂတို့က လူ့အခွင့်အရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံတဝန်းမှာရှိတဲ့ အစိုးရဝန်ထမ်းတွေအနေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ မနက်ဖြန် ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး အလုပ်မဆင်းဘဲ သပိတ်မှောက်ကြဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီနေ့ပန်ကြားလိုက်ပါတယ်။
မန္တလေးမြို့မှာ လုပ်တဲ့ စစ်တပ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကို မြို့ခံလူထု သိန်းဂဏန်းနဲ့ချီ ဆက်ပြီး ဆန္ဒပြခဲ့ကြပြီးတော့ စုဝေးခဲ့ကြပြီးတော့ ဆန္ဒပြပွဲတွေကတော့ ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့တယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးက ပြောပါတယ်။ အာဏာပိုင်တွေဘက်က တချို့လမ်းတွေကို ပိတ်ဆို့တားဆီးတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာကိုဆန့်ကျင်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေ ရန်ကုန်နဲ့မန္တလေးမြို့အပါအဝင် တချို့မြို့တွေမှာတော့ ဒီနေ့ဖြစ်ပွားခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို အကြမ်းမဖက်ဘဲ ဆန့်ကျင်တဲ့ Civil Disobedience လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ အစိုးရဝန်ထမ်းတွေ နဲ့ ပြည်သူအားလုံးကို ကျေးဇူးတင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးက ပြောလိုက်ပါတယ်။
NLD လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ဒီကနေ့ ဖွဲ့စည်းခဲ့ပါတယ်။ အရေးပေါ်အစည်းအဝေး ကျင်းပပြီးတော့ ဖွဲ့စည်းလိုက်တဲ့အပေါ်မှာ NLD ပါတီရဲ့ သံလျှင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်ကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထားတဲ့သူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံ Las Vegas မြို့မှာနေထိုင်တဲ့ ပြည်ပရောက် မြန်မာလူမျိုးတွေက တောင်းဆိုလိုက်ကြပါတယ်။
ဗွီအိုအေ တီဗွီသတင်းလွှာ အစီအစဉ်ကို ဆက်လက် ထုတ်လွှင့်နေပါတယ်၊ အခု တပတ်အတွင်း အားကစား သတင်းတွေကို ကိုရန်နိုင်က စုစည်း တင်ပြပါလိမ့်မယ်။
မြန်မာစစ်တပ်က လက်ရှိအာဏာရပါတီခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းလိုက်တာဟာ ပြည်သူလူထုရဲ့ ဆန္ဒကို လစ်လျူရှုပြီး ဒီမိုကရေစီစနစ် ဆိတ်သုဉ်းအောင် လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကိုရန်နိုင်ကဆက်သွယ်မေးမြန်ထားပါတယ်။
မြန်မာစစ်တပ်က လက်ရှိ အာဏာရပါတီခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းလိုက်တာဟာ ပြည်သူလူထုရဲ့ ဆန္ဒကို လစ်လျူရှုပြီး ဒီမိုကရေစီစနစ် ဆိတ်သုဉ်းအောင် လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက ပြောလိုက်ပါတယ်။
အခု တပတ်အတွင်း အားကစား သတင်းတွေကို ကိုရန်နိုင်က စုစည်း တင်ပြပါလိမ့်မယ် ။
နောက်ထပ်ကြည့်ရှုရန်