သမ္မတ Biden ဟာ လာမယ့်ရွေးကောက်ပွဲအတွက် သန္ဓေသားဖျက်ချခွင့်ဆိုင်ရာ အခွင့်အရေးတွေကို အဓိကထား မဲဆွယ်စည်းရုံးနေပြီး သန္ဓေသားဖျက်ချခွင့်ဥပဒေတွေကို တင်းကြပ်ဖို့လမ်းဖွင့်ခဲ့တဲ့ သမ္မတဟောင်း Trump ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ Trump ကတော့ ဒီတကြိမ်ရွေးကောက်ပွဲမှာ ဒါနဲ့ပတ်သက်ပြီး အလယ်အလတ်သဘောထားကို ပြသနေတာပါ။
၂၀၂၄ သမ္မတရွေးကောက်ပွဲ ရလဒ်တွေမှာ AI ဉာဏ်ရည်တု နည်းပညာခြိမ်းခြောက်မှုရှိမှာကို တချို့က စိုးရိမ်သလို AI ဉာဏ်ရည်တု အသုံးပြုမှုနဲ့ ပတ်သက်လို့ ပိုကောင်းတဲ့ မူဝါဒတွေချမှတ်ဖို့ လွှတ်တော်အမတ်တချို့နဲ့ မဲဆန္ဒရှင်တွေက လိုလားကြတဲ့အကြောင်း မမြသဇင်အောင်ပြောပြပေးပါမယ်။
ထိုင်း-မြန်မာ နယ်စပ်အချက်အချာကျတဲ့ မြဝတီမြို့ တိုက်ပွဲကို ပြည်တွင်းသာမက အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံတွေကပါ အထိတ်တလန့်နဲ့ အာရုံစိုက်ခဲ့ကြပါတယ်။ ဒီတိုက်ပွဲမှာ ထိုင်းနိုင်ငံ ရပ်တည်ချက်က ဘယ်လို ရှိပါသလဲ။ အခုလောလောဆယ် အရှိန်လျော့သွားတယ်ဆိုပေမဲ့ ရှေ့အလားအလာ ဘယ်လို ဖြစ်လာနိုင်ပါသလဲ။
ထိုင်း-မြန်မာ နယ်စပ် အချက်အချာ ကျတဲ့ မြဝတီမြို့တိုက်ပွဲကို ပြည်တွင်းသာမက အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံတွေကပါ အထိတ်တလန့်နဲ့ အာရုံစိုက်ခဲ့ကြပါတယ်။ ဒီတိုက်ပွဲမှာ ထိုင်းနိုင်ငံ ရပ်တည်ချက်က ဘယ်လိုရှိပါသလဲ။ အခုလောလောဆယ် အရှိန်လျော့သွားတယ်ဆိုပေမဲ့ ရှေ့အလားအလာဘယ်လိုဖြစ်လာနိုင်ပါသလဲ။
ဒီတပတ် သုတပဒေသာ အင်္ဂလိပ်စာအစီအစဉ်မှာ အခြေခံ အင်္ဂလိပ်စာအသုံးကို အီဒီယမ်အသုံးနဲ့ ဘယ်လိုပြောနိုင်သလဲဆိုတာ တင်ပြထားပါတယ်။ VOA က ထုတ်လွှင့်တဲ့ အင်္ဂလိပ်စာအစီအစဉ်တွေကို burmese.voanews.com နဲ့ VOA Burmese News အင်တာနက်စာမျက်နှာတွေမှာ လေ့လာနိုင်ပါတယ်။
အီရန်ရဲ့ တိုက်ခိုက်မှုကို အစ္စရေး လက်တုန့်ပြန်မှာကို နိုင်ငံတကာက စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။ အစ္စရေးကတော့ တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပြီဆိုပေမဲ့ ဘယ်အချိန်၊ ဘယ်အတိုင်းအတာထိ တိုက်ခိုက်မလဲဆိုကိုတော့ မပြောသေးပါဘူး။
၃ နှစ်ထဲရောက်လာပြီဖြစ်တဲ့ ယူကရိန်း- ရုရှားကျုးကျော်စစ် မြေပြင်အခြေအနေတွေနဲ့ စစ်ဘေးဒဏ်ခံရသူတွေကို VOA သတင်းထောက် Celia Mendoza ကိုယ်တိုင် တွေ့ဆုံမေးမြန်းထားပါတယ်။ မမြသဇင်အောင်ပြောပြပါမယ်။
ဗွီအိုအေရဲ့ သုတပဒေသာ အင်္ဂလိပ်စာအစီအစဉ်မှာ ဒီတပတ်တော့ လူတွေရဲ့ အမူအကျင့်ကို ဖော်ပြတဲ့ အီဒီယမ်အသုံးအနှုန်းတွေကို လေ့လာကြရအောင်ပါ။ ဗွီအိုအေက ထုတ်လွှင့်တဲ့ အင်္ဂလိပ်စာ သင်ခန်းစာတွေကို “ဗွီအိုအေအင်္ဂလိပ်စာ” စာမျက်နှာမှာ လေ့လာနိုင်ပါတယ်။
ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်မှုက အားတက်စရာ သိပ်မရှိခဲ့ပေမဲ့ ပြောင်းလဲလာတဲ့ မြေပြင်အခြေအနေတွေအရ အခုတကြိမ် ဘယ်လောက်ထိ မျှော်လင့်နိုင်မလဲဆိုတာကို အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံတဲ့ နယ်ခြားစောင့်တပ်နဲ့ စစ်တပ်အရာရှိ ၂၀၀ လောက် မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေသလို မြန်မာဘက်က ဖမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ကျော်ကိုလည်း ပြန်ပို့ပေးဖို့ တောင်းဆိုထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။
နိုင်ငံခြားသတင်းကွန်ယက်ကန့်သတ်မှု ဥပဒေအသစ်အရအစ္စရေးလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ယူဆတဲ့ကာတာအခြေစိုက် Al-Jazeera သတင်းဌာနကွန်ယက်တွေကို ပိတ်သိမ်းဖို့လုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကပြောဆိုပါတယ်။ VOAသတင်းထောက် Linda Gradstein သတင်းပေးပို့ထားတာကိုမမြသဇင်အောင်ပြောပြပေးပါမယ်။
မကြာသေးမီက စစ်ကောင်စီ ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အင်အားကြီးနိုင်ငံတချို့ မြန်မာ့ပြည်တွင်းရေးမှာ ဝင်စွက်နေတယ်ဆိုပြီး အမေရိကန်နဲ့ တရုတ်တို့ကို စောင်းမြောင်းပြောကြားခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရုရှား စစ်ဘက်အရာရှိကြီးတွေကိုတော့ ချီးမြှောက်ဂုဏ်ပြုခဲ့ပါတယ်။
ရုရှားနဲ့ စစ်ကောင်စီတို့ရဲ့ ပိုမိုနီးကပ်လာတဲ့ ဆက်ဆံရေးအခြေအနေကို အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ မမြသဇင်အောင် က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။
ကမ္ဘာမှာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်မှာ လူကို ဝက်ကျောက်ကပ်နဲ့ အစားထိုးခွဲစိတ် ကုသအောင်မြင်၊ ဦးနှောက်ထဲ ထည့်ထားတဲ့ ကွန်ပျုတာချစ်ပ်ပြားနဲ့ ထိန်းချုပ်ပြီး အင်တာနက်ပေါ်မှာ စစ်တုရင် ကစား၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မမြသဇင်အောင်တို့ တင်ဆက်ထားပါတယ်။
အရှေ့ဂျေရုဆလင်က ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေတဲ့ ပါလက်စတိုင်းလူနာတွေ ဆေးကုပြီးရင် ဂါဇာကမ်းမြောင်ကို ပြန်ပို့ဖို့ အစ္စရေးက အမိန့်ထုတ်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေက ဒါကို ပြစ်တင်ရှုတ်ချခဲ့ပြီးတဲ့နောက် အစ္စရေးတရားရုံးချုပ်က အခုဒီကိစ္စကို ဆိုင်းငံ့ထားပါတယ်။ မမြသဇင်အောင်ပြောပြပေးပါမယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟာမတ်စ်တိုက်ခိုက်မှုနဲ့ ဂါဇာမှာ စစ်ပွဲတွေစကတည်းက ဒါနဲ့ ဆက်စပ်ပြီး လက်တုံ့ပြန်တိုက်ခိုက်မှုတွေကြုံရမှာကို အမေရိကန်မှာရှိတဲ့ အာရပ်နွယ်ဖွားအမေရိကန်တွေနဲ့ မွတ်စလင်အသိုင်းအဝိုင်းကြား စိုးရိမ်ကြောက်ရွံ့မှုတွေရှိပါတယ်။ မမြသဇင်အောင်ပြောပြပေးပါမယ်။
တချိန်ကအောင်မြင်တဲ့ အမျိုးသမီးရှေ့နေတဦး အခုတော့ ယူကရိန်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့မှာ တပ်မှူးတဦးအဖြစ်တာဝန်ထမ်းနေတဲ့ အကြောင်း VOA သတင်းထောက် Anna Kosstutschenko သတင်းပေးပို့ထားပါတယ်။ မမြသဇင်အောင်ပြောပြပေးပါမယ်။
အဘက်ဘက်မှာ ထိခိုက်ဆုံးမှုတွေရှိလာနေတဲ့ စစ်ကောင်စီကျဆုံးလုနီးပြီလို့ သုံးသပ်သူတချို့က ဆိုနေကြသလို ပန်းတိုင်ဝေးသေးတယ်။ တက်ထောင်ရမယ့်အချိန် မရောက်သေးဘူးလို့ သတိပေးသူတွေလည်း ရှိနေပါတယ်။ ပြည်သူတွေလိုချင်တဲ့ တည်ငြိမ်အေးချမ်းမှု ရရှိရေး ဘယ်လောက်နီးစပ်လာပြီလဲ။
နောက်ထပ်ကြည့်ရှုရန်