အမေရိကန်ပြည်ထောင်စု ပြည်နယ် ၂၆ ခုမှာ COVID-19 ကူးစက်မှုနှုန်းမြင့်တက်နေသေးပေမဲ့ ကျန်းမာရေးပညာရှင်တွေကတော့တုန့်ပြန်ဆောင်ရွက်မှုတွေမှာ တိုးတက်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ ဆေးစစ်တာတွေကို လျှော့လုပ်ဖို့ သမ္မတ Donald Trump ကလူထုစည်းဝေးပွဲတခုမှာပြောခဲ့တဲ့ အပေါ်မှာလည်း နိုင်ငံရေးအရ အငြင်းပွါးစရာဖြစ် နေတာပါ။
အမေရိကန် ပြည်ထောင်စုက ပြည်နယ်တွေ တခုပြီးတစ်ခု ကန့်သတ်တားမြစ်ချက်တွေ လျှော့ချနေပေမဲ့လည်း ဖက်ရှင်ဆိုင်တွေကတော့ အရောင်းစင်တွေပေါ်မှ လချီကြာနေပြီဖြစ်တဲ့ သူတို့ရဲ့ ကုန်ပစ္စည်းတွေ ရောင်းချဖို့မှာ အခက်အခဲတွေ တွေ့နေရပါတယ်။ အွန်လိုင်း ကရောင်းချတာတွေက အလုပ်ဖြစ်နေပေမဲ့ အရောင်းကျနေတာဖြစ်လို့ အရှုံးကို မကာမိတဲ့ အြေ
အမေရိကန် ပြည်ထောင်စု မြို့တော်ဝါရှင်တန် ဒီစီမှာ အသွားအလာတွေ ကန့်သတ်ထားတာကို တဖြည်းဖြည်း ပြန်ဖြေလျှော့ပေးနေတာနဲ့ အတူ ပြည်တွင်း၊ပြည်ပ ခရီးသွားတွေအတွက် စီးပွါးရေးလုပ်ငန်းတွေလည်း ပြန်ဖွင့်ခွင့်ပြုထားကြောင်း Keida Kostreci သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပေးပါမယ်။
သမ္မတ ဒေါ်နယ် ထရမ့်က လူတွေ စိတ်ဝမ်းကွဲစေနိုင်သလို ရဲအင်အားသုံးတာကို ထောက်ခံပုံရတဲ့ အရေးအသားတွေ တွစ်တာမှာ ရေးသားလာပြန်ပါတယ်။ အားလုံးက အာဖရိကန် အမေရိကန် လူမှု အသိုက်အဝန်းအပေါ် စာနာမှုတွေ ပြနေတုန်းမှာ သမ္မတ ထရမ့်ရဲ့ အခုလို စကားစစ်ထိုး တိုက်ခိုက်မှုက လူတွေကို ဘယ်လို ထင်မြင်စေပါသလဲ။
အမေရိကန် ပြည်ထောင်စု ပြည်နယ်တွေမှာ လူမျိုးရေးခွဲခြားမှု ဆန့်ကျင် ဆန္ဒပြပွဲတွေနဲ့အတူ မြို့တော် ဝါရှင်တန် ဒီစီတဝိုက်က စားသောက်ဆိုင်တွေ လုယက်ဖျက်စီးခံရတာတွေလည်းရှိပါတယ်။ ကပ်ရောဂါကြောင့် ဆိုင်တွေ ပြန်ဖွင့်နိုင်ဖို့ စောင့်ခဲ့ကြရတဲ့ အပြင် အခုတခါဆိုင်တွေ ဖျက်ဆီးခံရတဲ့ အပေါ်မှာ သဘောထားတွေက ဘယ်လိုရှိပါသလဲ။
လူမည်းအမျိုးသား George Floyd သေဆုံးခဲ့တဲ့ ဖြစ်ရပ်နောက်ဆက်တွဲ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ့ အထဲ စနေနေ့က ဆန္ဒပြသူတွေထဲ အကြားအာရုံချို့တဲ့နေသူတွေနဲ့ မသန်စွမ်းသူတွေလည်း တတပ်တအား ပါဝင်ခဲ့တာကို တွေ့ကြရတဲ့အကြောင်း VOA သတင်းထောက် Carolyn Presutti သတင်းပေးပို့ထားတာကို မမြသဇင်အောင်ပြောပြပါလိမ့်မယ်။
ဆန္ဒပြပွဲတွေအပေါ်ဘယ်လို သက်ရောက်လာနိုင်ပါသလဲ၊ သမ္မတထရမ့်ပ်က လိုအပ်ရင် စစ်တပ်သုံး နှိမ်နင်းမယ်လို့ ပြောထားတဲ့အပေါ်မှာရော ဘယ်လို သုံးသပ်နိုင်ပါသလဲ စတာတွေနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ ဗွီအိုအေ အယ်ဒီတာ ဦးကျော်ဇံသာကို ဝိုင်းတော်သူ မမြသဇင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးချိန် သေဆုံးသွားခဲ့တဲ့ လူမည်း အမျိုးသား George Floyd သေဆုံးခဲ့ရတဲ့ နောက်ဆက်တွဲ ဆန္ဒပြပွဲတွေနဲ့ အတူ လုယက် ဖျက်ဆီးမှု တွေပါဝင်လာတာ ကို သတင်းတွေမှာ မြင်နေကြရပါတယ်။ ဒါပေမဲ့ ဆန္ဒပြသူအတော်များများဟာ ငြိမ်းချမ်းစွာပဲ ဆန္ဒပြလိုကြတာဖြစ်ပြီး လုယက်မှုတွေထဲ မပါဝင်ကြပါဘူး။
၂၀၂၀ ပြည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ပါတီတွင်း သမ္မတလောင်း ပဏာမရွေးပွဲတွေကို ဇွန်လ ၂ ရက်နေ့မှာ အဆုံးသတ်ဖို့ မူလတုန်းက စီစဉ်ထားခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အခြေအနေတွေပြောင်းလဲသွားရတဲ့ အကြောင်း Steve Redisch သတင်းပေးပို့ထားတာကို ပြောပြပေးပါမယ်။ ကျွန်မ မြသဇင်အောင်ပါရှင်။
COVID-19 ကပ်ရောဂါ ဖြစ်ပွါးနေတဲ့ ကာလ အရေးပေါ်လိုအပ်ချက်အရ ဆေးရုံတွေမှာ အလုပ်ဆင်းနေကြရတဲ့ ကိုယ်ဝန်ဆောင်မိခင် ဆရာဝန်တွေအတွက် ရွေးချယ်ခွင့်ပိုင်ခွင့် သိပ်များများမရှိတဲ့အကြောင်း VOA သတင်းထောက် Arash Arabasadi သတင်းပေးပို့ ထားတာကို ပြောပြပေးပါမယ်။ ကျွန်မ မြသဇင်အောင်ပါ။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အမေရိကန် စားသုံးသူ ဈေးကွက်ပုံစံပြောင်းလဲသွားတဲ့ အကြောင်း Maxim Moskalkov သတင်းပေးပို့ထား တာကို မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
အမေရိကန် ပြည်ထောင်စုတဝှမ်း ဘာသာရေးဆိုင်ရာ ဝတ်ပြုကိုးကွယ်တဲ့နေရာတွေပြန်ဖွင့်ဖို့ သမ္မတ Donald Trump တိုက်တွန်းနေတဲ့ အပေါ် ဘာသာရေး အဖွဲ့အစည်းတွေအနေနဲ့ သတိနဲ့ တုန့်ပြန်ကိုင်တွယ်ဖို့ ပြင်ဆင်နေကြတဲ့ အကြောင်း အိမ်ဖြူတော် သတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို ပြောပြပေးပါမယ်။
COVID-19 ကပ်ရောဂါကြောင့် မတ်လကတည်းက ကျောင်းတွေပိတ်ထားရတဲ့ ဂါဇာ ကမ်းမြှောင်ဒေသမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေး တဦးက အိမ်နီးချင်း ကလေးငယ်တွေကို စာသင်ပေးနေတဲ့ အကြောင်း ရိုက်တာသတင်းတပုဒ်ကို အခြေခံပြောပြပေးပါမယ်။ ကျွန်မ မြသဇင်အောင်ပါ။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဖို့ ငှက်ဖျားရောဂါ ကုသဆေးတမျိုးကို သောက်သုံးနေတာနဲ့ ပတ်သက်လို့ သမ္မတ Trump က သူ့ယုံကြည်ချက်ကို ရပ်တည်ပြောဆိုလိုက်သလို တဘက်မှာလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကို ရံပုံငွေအပြီးတိုင် ဖြတ်တောက်မယ်လို့ ခြိမ်းခြောက် လိုက်ပါတယ်။
လူတွေတယောက်နဲ့ တယောက်ခပ်ခွါခွါနေရမယ်ဆိုတဲ့ စည်းကမ်းချက်တွေကြောင့် တချို့အလုပ်တွေမှာ လူတွေအစား စက်ရုပ်တွေနဲ့ အစားထိုးသုံးစွဲဖို့ စဉ်းစားလာကြတဲ့ အကြောင်း Mariama Diallo ရဲ့ သတင်းလွှာကို ပြောပြပါမယ်။ ကျမက မြသဇင်အောင်ပါ။
COVID-19 ကပ်ရောဂါကာလ အိမ်ကနေအလုပ်လုပ်နေရသူတွေရှိသလို လုပ်ငန်းသဘောအရ မဖြစ်မနေ အလုပ်ထွက်လုပ်နေကြရတဲ့ သူတွေလည်းရှိပါတယ်။ ဒီအကြောင်း Daria Dieguts ရဲ့သတင်းလွှာကို မမြသဇင်အောင် ပြောပြပေးပါမယ်။
အမေရိကန် စီးပွားရေးကို ပြန်ဖွင့်နိုင်ဖို့အရေး အမေရိကန် လွှတ်တော် အမတ်တွေ လူထု ကျန်းမာရေး ပညာရှင်တွေရဲ့ အကြံဉာဏ် တွေကို ရယူ ဆွေးနွေးနေကြပါတယ်။ အိမ်ပြင်မထွက်ရ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးနေချိန်မှာပဲ ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ တိုင်းပြည်မှာ အရင်း အမြစ်တွေ လုံလုံလောက်လောက် ရှိမရှိကို သိချင်နေကြတာပါ။
COVID-19 ရောဂါကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ အမေရိကန်နဲ့ ဂျာမနီနိုင်ငံက ဆေးကုမ္မဏီ ၂ ခုဘယ်လို လက်တွဲဆောင်ရွက် နေကြပါသလဲ။ VOA သတင်းထောက် Carolyn Presutti ပေးပို့တဲ့ သတင်းကို ပြောပြပေးပါမယ်။ ကျွန်မမြသဇင်အောင်ပါရှင်။
COVID-19 ရောဂါ ကာကွယ်ဆေးကိုလူတွေနဲ့ စတင်စမ်းသပ်နေပြီး မကြာခင်မှာ ကာကွယ်ဆေးထုတ်လုပ်နိုင်မယ်လို့ Oxford တက္ကသိုလ်က သိပ္ပံပညာ ရှင်တွေက ပြောပါတယ်။ ဒီစမ်းသပ်မှုနဲ့ COVID-19 ရောဂါ ရဲ့ ရေရှည်ရိုက်ခတ်မှုတွေနဲ့ ပတ်သက်ပြီး VOA အမေရိကန်အသံက နိုင်ငံတကာကျန်းမာရေးပညာရှင်တွေပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတခုကျင်းပခဲ့ပါတယ်
တောရိုင်းတိရိစ္ဆာန်တွေကို စားသောက်တဲ့အလေ့အထနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဆက်စပ်နေကြောင်း တွေ့ရှိပြီးတဲ့နောက် အာရှမှာ ပရိုတိန်းဓါတ်ကြွယ်ဝတဲ့ အသီးအရွက်ကို အခြေခံတဲ့ စားသောက်ကုန် တွေကိုလိုအပ်ချက်မြင့်မားလာတာတွေ့ရှိရတဲ့ အကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်