COVID-19 ရောဂါပိုး ခွေးတွေရဲ့ အကူအညီနဲ့ အနံ့ခံဖော်ထုတ်နိုင်သလားဆိုတာ ဗြိတိသျှ ပရဟိတအဖွဲ့ တဖွဲ့က သိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းလေ့လာနေတဲ့ အကြောင်း AFP သတင်းဆောင်းပါးကို အခြေခံပြီး ပြောပြချင်ပါတယ်။ ကျွန်မ မြသဇင်အောင်ပါ။
အမေရိကန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် ရဖို့ ပြည်ဝင်ခွင့် လျှောက်ထားတဲ့သူတွေအတွက် ဆောင်ရွက်ပေးနေတဲ့ လူဝင်မှုဆိုင်ရာ လုပ်ငန်း ကိစ္စတွေကို ရက်ပေါင်း ၆၀ ရပ်ဆိုင်းထားဖို့ သမ္မတ ထရမ့် အစိုးရက အမိန့်ပေးလိုက်တဲ့ အကြောင်း VOA သတင်း ထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို ပြောပြပါမယ်။
အမေရိကန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် ပြည်ဝင်ခွင့် လျှောက်ထားတဲ့သူတွေအတွက် ဆောင်ရွက်ပေးနေတဲ့ လူဝင်မှုဆိုင်ရာ လုပ်ငန်းကိစ္စတွေကိုရက်ပေါင်း ၆၀ ရပ်ဆိုင်းထားဖို့ သမ္မတ ထရမ့် အစိုးရက အမိန့်ပေးလိုက်ပါတယ်။
တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပျံ့ပွါးမှု အရှိန်နှေးလာတာနဲ့အတူ တားမြစ်ချက်တချို့ လျှော့ပေးလိုက်တဲ့ အကြောင်း ရိုက်တာသတင်းတပုဒ်ကို အခြေခံပြောပြပေးပါမယ်။ ကျွန်မ မြသဇင်အောင်ပါ။
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်ဖို့ သေချာသလောက်ရှိနေသူ Joe Biden အတွက် သူနဲ့အတူ ၂၀၂၀ ပြည့်နှစ် အမေရိကန် သမ္မတရွေးကောက်ပွဲဝင်မယ့် ဒုတိယသမ္မတလောင်း ရွေးချယ်ရတာဟာ အခုလို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဆိုက်နေချိန်မှာ သာမန်အချိန်တွေထက် ပိုပြီး အရေးကြီးလာပါတယ်။
အခုဆက်ပြီး ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်ဖို့ သေချာသလောက် ရှိနေသူ Joe Biden အနေနဲ့ သူနဲ့တွဲပြီး ရွေးကောက်ပွဲဝင်မယ့် ဒုသမ္မတလောင်းအဖြစ် ဘယ်သူ့ကိုရွေးချယ်နိုင်သလဲ ဆိုတဲ့ အကြောင်းကို မမြသဇင်အောင် တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အိမ်ထဲမှာပဲနေကြသူတွေအတွက် ငရုပ်သီးမှုန့်က အစ၊ အသီးအရွက်၊ အသားငါး အစုံပါတဲ့ ဈေးကားတွေဟာ အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးနေတဲ့ အကြောင်း ရိုက်တာသတင်းကို အခြေခံပြီး မမြသဇင်အောင်က ပြောပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကျရောက်နေတဲ့အတွက် မတ်လအတွင်းက ထိုင်းနိုင်ငံမှာ အရေးပေါ် အခြေအနေကြေညာလိုက်တာကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း Kanchanaburi ခရိုင် Taweechai ဆင်စခန်းကိုလာရောက်လည်ပတ်တဲ့ ခရီးသွားတွေနည်းလာတာနဲ့ အတူဆင်တွေအစာရေစာခက်ခဲလာတဲ့ အကြောင်း ရိုက်တာ သတင်းတပုဒ်ကို အခြေခံပြီး ပြောပြပေးပါမယ်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO က တရုတ်နိုင်ငံ ဘက်က ဘက်လိုက်ရပ်တည်နေတယ်လို့ သမ္မတ ထရမ့်က စွပ်စွဲပြီး ရံပုံငွေတွေကို ဖြတ်တောက်မယ်လို့ ပြောတဲ့ အပေါ် တုံ့ပြန်တဲ့အနေနဲ့ WHO အကြီးအကဲက COVID-19 ကပ်ရောဂါကို တိုက်ဖျက်ဖို့ တကမ္ဘာလုံး ညီညွတ်ကြဖို့လိုပါတယ်လို့ ပြောဆိုပါတယ်။ ဒီအကြောင်းမမြသဇင်အောင်က ပြောပြပေးပါမယ်
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ထားရတဲ့အချိန်မှာ ကမ္ဘာတဝှမ်း မိဘတွေဟာ အလုပ်တဘက်၊ သား၊သမီးတွေကို အိမ်မှာစာသင်ဖို့တဘက်နဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်နေကြသလဲဆိုတာ VOA သတင်းထောက် Elizabeth Lee ပေးပို့ထားတဲ့ သတင်းကို ပြောပြပေးပါမယ်။
အခုလို နိုင်ငံအတော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ အချိန်မှာ ဂျာမဏီနိုင်ငံ Hamburg မြို့က အားကစားနည်းပြလူငယ်တဦးက အိမ်ထဲမှာနေနေကြတဲ့ အိမ်နီးချင်းတွေကို သူနဲ့အတူ ကိုယ်လက်လေ့ကျင့်ခန်း လိုက်လုပ်ကြဖို့ ဘယ်လို နှိုးဆော် နေသလဲဆိုတာ Reuters သတင်းတပုဒ်ကို အခြေခံပြီး ပြောပြပေးချင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့မှု ဆိုးဆိုးဝါဝါးရင်ဆိုင်နေရတဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ စီးပွါးရေးလုပ်ငန်းတချို့ကို ပိတ်ထားပြီး မလိုအပ်ပဲ စုဝေးတာမျိုး မလုပ်ကြဖို့ တားမြစ်ထားပါတယ်။ လူအများနဲ့ မရောနှောပဲ သီးသီးသန့်သန့်နေတာကသာ ရောဂါပိုးကူးစက်မှုကို အထိရောက်ဆုံး ဟန့်တားနိုင်တဲ့ နည်းဖြစ်ပါတယ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး တရုပ်နဲ့ အမေရိကန်အကြား အပြန်အလှန် ပြစ်တင်စွပ်စွဲနေတဲ့ အကြောင်း ဗီအိုအေ သတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကိမမြသဇင်အောင် ပြောပြပါလိမ့်မယ်။
အမှိုက်ပုံတွေနဲ့ ရေထဲမှာ ပလပ်စတစ်စွန့်ပစ်အမှိုက်တွေစုပုံလာတာက အရှေ့တောင်အာရှမှာတွေ့ကြုံနေရတဲ့ ပြသနာဖြစ်လာပါတယ်။ ဒီလို အမှိုက်တွေကို အသုံးအဆောင်တွေအဖြစ်ပြန်ပြီး ဘယ်လို အသုံးချနိုင်ပါမလဲ။ ရိုက်တာ သတင်းတပုဒ်ကို အခြေခံပြီး မမြသဇင်အောင် က ပြောပြပေးပါမယ်။
ပလတ်စတစ် စွန့်ပစ်အမှိုက်တွေကို အနုပညာမြောက်တဲ့ အတွေးအခေါ်နဲ့ ပြန်အသုံးချဖို့ ကြိုးစားနေသူက မြန်မာအမျိုးသမီး ဒေါ်ဝင်ဒီနန်ပွီ ဖြစ်ပါတယ်။ သူက ရန်ကုန်မြို့ပြင်က အမှိုက်ပုံကြီးထဲ သူကိုယ်တိုင် ပလတ်စတစ် အမှိုက်တွေကို ရွေးထုတ်ပြီး စွန့်ပစ်အမှိုက်တွေကနေ အသုံးအဆောင် ပစ္စည်းတွေအဖြစ် ပြန်လည်ပြုလုပ် ရောင်းချနေတာပါ။
ယဉ်ကျေးမှုစုံ၊ လူမျိုးစုံနေထိုင်တဲ့ အမေရိကန်ပြည်ထောင်စုမှာ မတူကွဲပြားမှုကြောင့် နားလည်မှု လွဲမှားတာ၊ ခွဲခြားကန့်သတ်တာနဲ့ အမုန်းတရားတွေကိုချေဖျက်နိုင်ဖို့ Teaching Tolerance Magazine က ကျွမ်းကျင်ပညာရှင်တွေက ဆွေးနွေးပို့ချပေးနေပါတယ်။ Shahnaz Nafees ရဲ့သတင်းကို မမြသဇင်အောင်က တင်ပြထားပါတယ်။
ကမ္ဘာတဝှမ်းမှာ ငှက်ဖျားရောဂါကြောင့် အသေအပျောက်များမှုတွေ လျော့ကျလာတယ် ဆိုပေမယ့်လည်း ကမ္ဘာ့နိုင်ငံ ၉၀ ကျော်က သန်းနဲ့ချီတဲ့ လူဦးရေတွေဟာ ငှက်ဖျားရောဂါ ကူးစက်ခံရမယ့် အန္တရာယ်တွေ ရင်ဆိုင်နေရတုန်းပါပဲ။
မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေကြား နယ်စပ်ဒေသတွေက ကျောင်းနေအရွယ် ကလေးငယ်တွေဟာ မိဝေး၊ ဖဝေး မိုင်ပေါင်းများစွာ ကွာဝေးတဲ့ မြို့ကြီးတွေက ဘုန်းတော်ကြီး စာသင်တိုက်တွေနဲ့ သီလရှင်စာသင်တိုက်တွေမှာ ပညာသင်ကြားနေကြရပါတယ်။
သြစတေးလျနိုင်ငံ ပြည်နယ် ၃ ခုမှာ အရှိန်ပြင်းပြင်းလောင်နေတဲ့ တောမီးတွေကို ဆက်ပြီး ကြိုးစား ငြိမ်းသတ်နေကြရဆဲဖြစ်ပြီး တောမီးတွေကြောင့် koala ဝက်ဝံတွေနဲ့ သားပိုက်ကောင် ထောင်နဲ့ချီပြီး သေဆုံး၊ ဒဏ်ရာရခဲ့ကြပါတယ်။ AP သတင်းတပုဒ်ကို အခြေခံပြီး မမြသဇင်အောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်