သမ္မတ Donald Trump က ရွေးကောက်ပွဲမှာ စာတိုက်ကဖြစ်စေ လူကိုယ်တိုင် လာပြီး ဖြစ်စေ၊ မဲနှစ်ကြိမ်ပေးရမယ်ဆိုတာမျိုး သူ့ကိုထောက်ခံသူတွေကို တိုက်တွန်းခဲ့ကြောင့် အငြင်းပွားဖွယ်ရာတွေ ပေါ်ပေါက်ခဲ့ပါတယ်။ Patsy Widakuswara ရဲ့ သတင်းလွှာကို မမြသဇင်အောင် တင်ပြပါ့မယ်။
လူမျိုးရေးတန်းတူမှု သမ္မတရွေးကောက်ပွဲမဲဆွယ်ရာမှာ အဓိက ဆွေးနွေးလာ
အိန္ဒိယနိုင်ငံမှာ ကိုဗစ်-19 ရောဂါ ကူးစက်မှုနှုန်း က တရက်ထဲ ၇၈,၀၀၀ ကျော်သွားပြီး အမေရိကန်မှာ ဇူလိုင်လက တရက်အတွင်း ကူးစက်ခဲ့ဖူးတဲ့ ကမ္ဘာမှာအများဆုံးအရေအတွက်ကို ကျော်သွားပါတယ်။ ရောဂါပျောက်ကင်းပြီလို့ ထင်ကြတဲ့လူတွေရဲ့ ပေါ့ဆမှုနဲ့ ကျန်းမာရေးစည်းကမ်းတွေကို မလိုက်နာကြတာကြောင့်လို့လည်း လေ့လာသူတွေက ဝေဖန်ကြပါတယ်။
ရွေးကောက်ပွဲကာလ မဲရုံတွေမှာ ပုံမှန် စေတနာ့ဝန်ထမ်း လုပ်ပေးနေကျ အသက်အရွယ်ကြီးတဲ့ အမေရိကန်တချို့က ဒီနှစ်တော့ COVID-19 ရောဂါ ကူးမှာစိုးတဲ့အတွက် အိမ်မှာပဲ နေကြတော့မယ်လို့ ပြောပါတယ်၊ မဲပေးတဲ့သူ အရေအတွက်တင် မဟုတ်ဘဲ၊ ရွေးကောက်ပွဲဟာ သက်ကြီး စေတနာ့ဝန်ထမ်း လုပ်ကိုင်ပေးတဲ့သူတွေကို အားကိုးနေရတဲ့ အတွက်ပါ။
မျိုးသုဉ်းလုနီးပါး အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အိန္ဒိယနိုင်ငံမှာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ကမ္ဘာ့ အသေးဆုံး ရှားပါး ပစ်ဂမီဝက်ပုလေးတွေဟာ အခုအခါ အာဖရိကဝက်တုတ်ကွေး အန္တရာယ်ကြောင့် ကာကွယ်စောင့်ရှောက်ပေးထားရပါတယ်။ AP သတင်းဆောင်းပါးကို မမြသဇင်အောင်ပြောပြပါ့မယ်။
အမေရိကန် ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အခုလို သြဂုတ်လမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉ ကြိမ်မြောက် ပြင်ဆင်ပြီး အမေရိကန် အမျိုးသမီးတွေ ဆန္ဒမဲပေးခွင့်ရခဲ့ကြပါတယ်။ ဒီ ဥပဒေကို အတည်ပြုနိုင်ဖို့ နှစ်ပေါင်း ၄၀ ကျော် အချိန်ယူခဲ့ရတဲ့အကြောင်း မမြသဇင်အောင် ပြောပြပါ့မယ်။
COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတဝှမ်း နိုင်ငံအသီးသီးက ဌာနေတိုင်းရင်းသားတွေ အကြပ်အတည်းနဲ့ ရင်ဆိုင်ရမယ့် အန္တရာယ်တွေ ရှိနေတယ်လို့ ကုလကမဂ္ဂ အဖွဲ့က သတိပေးလိုက်ပါတယ်။ နိုင်ငံအသီးသီးက ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို အလေးထားကြဖို့ ကုလကမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ကတိုက်တွန်းလိုက်ပါတယ်။
Joe Biden နဲ့ နိုဝင်ဘာရွေးကောက်ပွဲ စိန်ခေါ်မှုများ
တရားမဝင် အရက်ရောင်းဝယ် သောက်သုံးမှုတွေကြောင့် လူတွေ မကြာခဏ သေဆုံးခဲ့တဲ့ အိန္ဒိယ နိုင်ငံမှာ ဒီရက်ပိုင်း လူ ၈၀ ကျော် ထပ်မံသေဆုံးတဲ့အတွက် ရဲက လိုက်ပြီး နှိမ်နှင်းနေပါတယ်။ ရိုက်တာသတင်း တပုဒ်ကို အခြေခံပြီး ပြောပြပေးပါမယ်။
မြောက်ကိုရီးယားမှာကိုရိုနာဗိုင်းရပ်စ် ကူးစက်သူမရှိဘူးလို့ လပေါင်းများစွာပြောဆိုနေခဲ့ပြီးတဲ့နောက် ပထမဆုံး COVID–19 သံသယရှိလူနာတယောက် စတွေ့ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလို ဝန်ခံတာဟာ မြောက်ကိုရီးယားအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်လာနိုင်တဲ့ ကပ်ရောဂါထိန်းချုပ်မှုနဲ့ပတ်သက်လို့ ချဉ်းကပ်မှုပုံစံအသစ်ပါ။
COVID-19 ရောဂါ ကာကွယ်ဆေးထုတ်ဖို့ အလားအလာ
တောင်အာဖရိက အွန်လိုင်း ဘဲလေး အကပြိုင်ပွဲ
အမေရိကန်ရောက် Au Pair တရုတ်ကျောင်းသားတွေရဲ့ အခက်အခဲ
ဟောင်ကောင်အရေးကြောင့် တရုတ် အမေရိကန် ဆက်ဆံရေးပိုမိုတင်းမာ
အခုလက်ရှိ ကမ္ဘာတလွှား သေဆုံးသူ ၅ သိန်းကျော်နေပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် မိခင်တွေ၊ မွေးကင်းစကလေးတွေ၊ ကလေးငယ်တွေနဲ့ အရွယ်ရောက်လူငယ်တွေကြားမှာ ဘယ်လို ရိုက်ခတ်မှုတွေရှိနေပါသလဲ။ VOA သတင်းထောက် Carol Pearson သတင်းပေးပို့ထားပါတယ်။
အီတလီနိုင်ငံ ၊ မြေထဲပင်လယ်ဒေသ Amalfi ကမ်းခြေက နွေရာသီအပန်းဖြေဖို့ ကောင်းတဲ့နေရာ တခုဖြစ်ပေမဲ့ ဒီနှစ်တော့ ကပ်ရောဂါကြောင့် အပန်းဖြေသူ တွေ မလာရောက်နိုင်ကြပါဘူး။ လှပတဲ့ ကမ်းခြေရွာတွေဖြစ်တဲ့ Sorrento Positano နဲ့ Amalfi ရွာတွေကလမ်းတွေမှာလည်း လာရောက်လည်ပတ်သူတွေမရှိတဲ့အတွက် အရင်လို စည်ကားမနေတော့ပါဘူး။
အမေရိကန်ပြည်ထောင်စုတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဆက်လက်ဖြစ်ပွါးနေပြီး California ၊ Florida ၊ Texas နဲ့ မှာ Arizona လို ပြည်နယ်တွေမှာကူးစက်မှုနှုန်း မြင့်တက်နေတဲ့အကြောင်း VOA သတင်းထောက် Mariama Diallo သတင်းပေးပို့ထားပါတယ်။
အမေရိကန်ပြည်ထောင်စုတွင်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကျရောက်နေတာကြောင့် ဒီမိုကရက်ပါတီအနေနဲ့ သြဂုတ်လတွင်းကျင်းပမယ့် သမ္မတလောင်း ရွေးကောက်တင်မြှောက်တဲ့ ညီလာခံ အစီအစဉ်တွေကို ပြောင်းလဲရဖို့ ဖြစ်လာတဲ့အကြောင်း Steve Redisch သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
လတ်တလော ဝက်သက်ရောဂါကူးစက်ဖြစ်ပွါးထားတဲ့နိုင်ငံတွေမှာ COVID-19 ကြောင့် အသေအပျောက်နှုန်း ပိုနည်းတာကို တွေ့ရပြီး ဒါဟာတိုက်ဆိုင်မှု သက်သက်ပဲလား။ ဒါမှမဟုတ် MMR လို့ခေါ်တဲ့ ဝက်သက်၊ ပါးချိတ်ရောင်နဲ့ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးထားတာကြောင့် COVID-19 ကူးစက်မှုဒဏ်ကို မကြုံရတာလား ဆိုတာ တင်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးပြီးဆုံးဖို့က ကြာလိမ့်ဉီးမယ်လို့ အမေရိကန်နိုင်ငံတွင်းမှာ ဒီရောဂါကို ရှေ့တန်းက တိုက်ဖျက်နေတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက ပြောပါတယ်။ နိုင်ငံတွင်း အသွားအလာတွေတဖြည်းဖြည်း ပြန်ဖွင့်ဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲ တချို့ပြည်နယ်တွေမှာ ကူးစက်မှုနှုန်း ကမြင့်တက်နေတာပါ။
နောက်ထပ်ကြည့်ရှုရန်