အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာ နှစ်စဉ် နွေဦးရာသီမှာ ဖူးပွင့်နေကြ ချယ်ရီပန်းတွေ ဒီသီတင်းပတ်ထဲ အစွမ်းကုန်ပွင့်ဖူးခဲ့ကြသလို လာရောက်ကြည့်ရှု့သူတွေလည်း အများအပြားရှိခဲ့ပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပေးပါမယ်။
COVID-19 ကြောင့် သေဆုံးခဲ့ရသူတွေအတွက် အောက်မေ့အမှတ်တရအနေနဲ့ အသဲနှလုံးပုံ ၁၅၀,၀၀၀ ရေးဆွဲတဲ့ လှုပ်ရှားမှုတခု ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်တည်ဆောက်နိုင်ဖို့ မဟာမိတ်နိုင်ငံတွေအပါအဝင် အာရှ ဒေသတွင်းနိုင်ငံတွေနဲ့ လက်တွဲပြီး အခုထက်ပို ဖိအားပေးနိုင်ရေး သမ္မတ Joe Biden အစိုးရကို အမေရိကန် လွှတ်တော်အမတ်တွေက တိုက်တွန်း နေကြပါတယ်။ မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက ဘယ်လို တုံ့ပြန်သင့်သလဲဆိုတာကို ကြာသပတေးနေ့က အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှာ ကြားနာပွဲတရပ်ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းရာက အသက် ၇ နှစ်အရွယ် ကလေးတဦး အပါအဝင် ထိခိုက်သေဆုံးမှုတွေ တိုးလာနေတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ထပ်မံသတိပေး နေပါတယ်။
နှလုံးနဲ့ သွေးတိုးရောဂါအခံရှိသူတွေမှာ COVID-19 ကူးစက်မှုကြောင့် နောက်ဆက်တွဲရောဂါတွေပိုပြီး ဖြစ်လာနိုင်တဲ့အကြောင်း လူအတော်များများက သတိမပြုမိကြပါဘူး။ ဒီအကြောင်း VOA သတင်းထောက် Carol Pearson သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာ ရက်ပေါင်း ၄၀ ကျော်ရှိလာနေပေမဲ့ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေက ပုံစံမျိုးစုံနဲ့ ဆက်ပြီးရှိနေဆဲဖြစ်ပါတယ်။ ဒီအထဲ ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုမှာ ပြည်တွင်းက ဝန်ထမ်းတွေ ပူးပေါင်းပါဝင်နေသလို ပြည်ပ မြန်မာသံရုံးဝန်ထမ်းတွေလည်း ဆက်ပြီးတော့ ပူးပေါင်းပါဝင်နေကြပါတယ်။
ရန်ကုန်တိုင်းအတွင်း လှိုင်သာယာနဲ့ အနီးတဝိုက်မြို့နယ်တွေမှာ စစ်အာဏာသိမ်းဆန္ဒပြပွဲတွေရှိနေသေးသလို ရပ်ကွက်အလိုက် အတားအဆီးတွေ ပိတ်ဆို့ထားတာကြောင့် ဒီလို အတားအဆီးတွေကို ဖယ်ရှားရှင်းလင်းပေးဖို့ စစ်တပ်က အခုလို လိုက်လံသတိပေးနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းစစ်တပ်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ထားတဲ့ ဦးဝဏ္ဏမောင်လွင်ကို ဒေသတွင်း ညီလာခံမှာ ပါဝင်ဖို့ ဖိတ်ကြားခဲ့တဲ့ သိရီလင်္ကာနိုင်ငံကို ကန့်ကွက်တဲ့ အနေနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေ ဝါရှင်တန်ဒီစီမှာ ဆန္ဒပြစုဝေးကြပါတယ်။
COVID ရောဂါကို တိုက်ဖျက်နေတာမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး ပဋိပစ္စည်း ကုထုံးကို တချို့စင်တာတွေမှာ အသုံးပြုလာကြပါတယ်။ ဒီကုထုံးက COVID ကူးစက်ခံရပြီး ရောဂါလက္ခဏာသိပ်မပြင်းထန်တဲ့သူတွေကို အခြေအနေပိုမဆိုးလာအောင်လို့ ပေးတဲ့ ကုထုံးလည်း ဖြစ်ပါတယ်။ မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
နိုင်ငံတကာ အမျိုးသမီးများနေ့မှာ တကမ္ဘာလုံး အမျိုးသမီးတွေအလုပ်လက်မဲ့နှုန်းမြင့်တက်နေတာနဲ့ အထူးသဖြင့် အသားရောင်ကွဲအမျိုးသမီးတွေ အလုပ်လက်မဲ့နှုန်း မြင့်တက်လာနေတာကို ကုလသမဂ္ဂက အဓိကထားထောက်ပြခဲ့ပါတယ်။ မမြသဇင်အောင် တင်ပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့အနေနဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သံရုံးဝန်ထမ်း ၃ ဦးဟာလည်း CDM အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပူးပေါင်းလိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ASEAN နိုင်ငံခြားရေးဝန်ကြီးအထူးစည်းဝေးပွဲ အင်္ဂါနေ့က ပြီးသွားခဲ့ပြီးတဲ့နောက်မှာ ဒီအစည်းအဝေးကနေ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တစုံတရာ ရှိနိုင်ပါသလား။
မြန်မာနိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေ ပစ်ခတ်နှိမ်နှင်းမှုကြောင့် တနိုင်ငံလုံးမှာဆိုရင်လူ ၂၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။ မမြသဇင်အောင် စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်လာစေဖို့ အာဏာသိမ်းစစ်တပ် ဦးဆောင်တဲ့ အုပ်ချုပ်သူတွေကို ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုလုပ်ပေးဖို့ အမေရိကန်ရောက် မြန်မာတွေက သက်ဆိုင်ရာပြည်နယ် အထက်လွှတ်တော် အမတ်တွေဆီ တရက်ထဲမှာ ဖုန်းခေါ်ဆိုမေတ္တာရပ်ခံတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတာကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေက ပြည်နယ်တချို့မှာ ဆန္ဒကြတဲ့ တချိန်ထဲမှာပဲ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံကြောင်း ဒီကနေ့မြို့တော်ဝါရှင်တန် နဲ့ ဝါရှင်တန်ပြည်နယ် Seattle မြို့တွေမှာ ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။
၄၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးအတွင်းမှာ COVID-19 ကပ်ရောဂါရဲ့ သက်ရောက်မှုကြောင့် ကျယ်ကျယ့်ပြန့်ပြန့် ပေါ်ပေါက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကိစ္စတွေကို အဓိက ဆွေးနွေးကြမှာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ဆန္ဒပြပွဲတွေထဲ လူငယ်၊ လူကြီး အရွယ်စုံပါဝင်သလို တချို့နေရာတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ အစိုးရရုံးဝန်ထမ်းတွေလည်း ပါဝင်လာတာပါ။ မျိုးဆက်သစ်လူငယ်တွေကတော့ ဆန်းသစ်တဲ့ အမြင်တွေနဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်လာတာကို တွေ့ရပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရရှိထားတဲ့ အရပ်သား အစိုးရအဖွဲ့ကို ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာစစ်တပ်က အာဏာသိမ်းယူခဲ့ပြီး နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှား သူတချို့ကို ထိန်းသိမ်းထားလိုက်တဲ့ အပေါ် ပုပ်ရဟန်းမင်းကြီး အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်မှုတွေရှိနေကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလ ဂျာမန် ဒီဇိုင်နာတဦးရဲ့ ကပ်ရောဂါကြောင့် ဖက်ရှင်အမြင်ပြောင်းလဲခဲ့ပုံအကြောင်း ရိုက်တာသတင်းတပုဒ်ကို အခြေခံပြီး တင်ပြပေးပါမယ်။ ကျွန်မ မြသဇင်အောင်ပါ။
နောက်ထပ်ကြည့်ရှုရန်