မြန်မာနိုင်ငံဟာကိုဗစ် ကာကွယ်ဆေးထိုးတဲ့အစီအစဉ်ကို ဒေသတွင်းနိုင်ငံတွေထဲမှာအစောဆုံး စတင်အကောင်အထည်ဖေါ်နိုင်ခဲ့တဲ့ နိုင်ငံတခုဖြစ်ပေမဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်တွေပျက်ပြားခဲ့တဲ့တယ်လို့ ပြည်ပရောက်မြန်မာ ဆေးပညာရှင်တွေက ပြောပါတယ်။ မမြသဇင်အောင် ဆွေးနွေးတင်ပြထားပါတယ်။
စစ်ကောင်စီက ကိုဗစ်ကူးစက်မှုတွေ တိုးလာနေတာကြောင့် ဇူလိုင်လ ၁၇ ရက်၊ စနေနေ့ကစလို့ ရုံးပိတ်ရက်ရှည် ၉ ရက် ဆက်တိုက်ပိတ်ထားပြီး မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့နဲ့ မလိုက်နာရင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ထားတာရှိပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်လို့ သုတေသနပညာရှင်တွေ အတော်များများ လေ့လာခဲ့ကြပါတယ်။ ဒီရောဂါပိုးဟာ လူ့ခန္ဒာကိုယ် ခုခံအားစနစ်ကို အားနည်းသွားအောင် ဘယ်လို တိုက်ခိုက်တယ်ဆိုတာ သုတေသနပြုပညာရှင်တွေက ဆက်ပြီး လေ့လာနေကြပါတယ်။ VOA သတင်းထောက် Carol Pearson သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
အင်ဒိုနီးရှားကို ကိုဗစ်ကာကွယ်ဆေး ၄,၀၀၀,၀၀၀ ပေးလှူမယ်လို့ ကတိပြုထားတဲ့ သမ္မတ Biden အစိုးရက နောက်သီတင်းပတ်မှာ ဂွါတီမာလာနဲ့ ဗီယက်နမ်နိုင်ငံတွေကို Moderna ကိုဗစ်ကာကွယ်ဆေးတွေ သန်းနဲ့ချီပြီး ပေးပို့သွားမယ်လို့ ပြောပါတယ်။ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါမယ်။
ပုံမှန်အားဖြင့် နိုင်ငံခြားတက္ကသိုလ် ကောလိပ်တွေမှာ ကျောင်းဝင်ခွင့်ရဖို့ လျှောက်ထားတဲ့ ကျောင်းသားတွေအနေနဲ့ စံသတ်မှတ်ထားတဲ့ SAT နဲ့ ACT စာမေးပွဲတွေ ဖြေရပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ဒီလိုဖြေဆိုရတဲ့စနစ် အပြောင်းအလဲတချို့ ဖြစ်လာတာနဲ့ပတ်သက်လို့ Anush Avetisyan ပေးပို့တဲ့ သတင်းကို မမြသဇင်အောင် တင်ပြထားပါတယ်။
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်ကို ဒီနေ့ ဇွန် ၂၈ ရက်ကစပြီး မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay at Home သတ်မှတ်လိုက်ပါတယ်။ ၁၀ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်ရှိတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ခုလိုသတ်မှတ်ခဲ့တာဖြစ်ပါတယ်။
COVID-19 ရိုက်ခတ်မှု အဆိုးဝါးဆုံးခံခဲ့ရတဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကြီးဟာ အခုတော့ လမ်းပေါ်မှာ စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ပေးလိုက်ပြီမို့ ပြန်ပြီး သက်ဝင်လှုပ်ရှားလာနေပါပြီ။ Nina Vishneva သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ပြထားပါတယ်။
ဇူလိုင်လ ၄ ရက်နေ့ ကျရောက်မယ့် လွတ်လပ်ရေးနေ့ မတိုင်ခင် အမေရိကန်ပြည်ထောင်စုမှာ အရွယ်ရောက်သူ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး အပြည့်အဝ ဒါမှမဟုတ် တကြိမ်ထိုးပြီး ဖြစ်ရမယ်ဆိုတဲ့ သမ္မတ Joe Biden ရဲ့ ရည်မှန်းချက် မပြည့်မီနိုင်လောက်ဘူးလို့ အိမ်ဖြူတော်က အင်္ဂါနေ့က ပြောပါတယ်။ မမြသဇင်အောင် ပြောပြပါမယ်။
ဂျပန်နိုင်ငံမှာ ၂၀၂၀ အိုလံပစ် အားကစားပွဲတွေ ကျင်းပဖို့ ပြန်ပြီးပြင်ဆင်နေတဲ့ တချိန်တည်း ကပ်ရောဂါ ကူးစက်နိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်လို့ လူတွေကြား စိုးရိမ်မှုတွေ ရှိနေတာပါ။ ရိုက်တာသတင်းတပုဒ်ကို အခြေခံပြီး မမြသဇင်အောင် ပြောပြပေးပါမယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ကြည်ကျေးရွာနဲ့ ဒိုင်းနက်ကျေးရွာအုပ်စုထဲမှာရှိတဲ့ ကြည်ရွာကုန်းကျေးရွာတို့ကို စစ်တပ်က ဒီနေ့ ပိတ်ဆို့ ရှာဖွေခဲ့ပြီး ကြည်ရွာသား ၂ ယောက်ကို ဖမ်းဆီးသွားပါတယ်။ စစ်တပ်တွေ စီးနင်းရှာဖွေတာကြောင့် ရွာသားတွေ ကြောက်လန့်ပြီး ထွက်ပြေးနေကြပါတယ်။
ဒီဂျစ်တယ်နည်းပညာနဲ့ ဖန်တီးထားပြီး အစစ်လို့ တကယ်ထင်ရတဲ့ လူမျက်နှာပုံအတုတွေ ထောင်နဲ့ ချီပြီး အွန်လိုင်းမှာ ရောင်းချနေပါတယ်။ Deana Mitchell သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါမယ်။
ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် ILO နဲ့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF တို့က ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်အရ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ကလေးအလုပ်သမား အရေအတွက် ၈.၄ သန်းပိုတိုးလာပြီး ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် ကလေးလုပ်သားတွေပိုများလာနိုင်တယ်လို့ သတိပေးထားပါတယ်။ အပြည့်အစုံကို မမြသဇင်အောင်က ပြောပြပေးပါမယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ Facebook အကောင့်ကို အနည်းဆုံး ၂ နှစ် ပိတ်ထားမယ့်အကြောင်း ကြေညာလိုက်တာဟာ Facebook အနေနဲ့ သူ့စာမျက်နှာပေါ် ရေးသားဖော်ပြချက်တွေကို အရှိန်မြှင့် လုပ်ဆောင်လာတယ်ဆိုတာ ကမ္ဘာ့ခေါင်းဆောင်တွေကို သတင်းစကားပေးလိုက်တာဖြစ်ပါတယ်။ မမြသဇင်အောင်က ပြောပြပါလိမ့်မယ်။
မွန်ညီညွတ်ရေးပါတီ MUP က လွတ်တော်ကိုယ်စားလှယ်လောင်း မိဝေသီဖြိုးဟာ ဘုရားသုံးဆူမြို့နားမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စကို သူတို့အနေနဲ့ ပြစ်တင် ရှုတ်ချကြောင်း ပါတီ ပြောခွင့်ရက ပြောပါတယ်။ ဒါ့အပြင် ဒီလုပ်ကြံ သတ်ဖြတ်မှုပေါ်ပေါက်ရေးအတွက် သူတို့အနေနဲ့ စုံစမ်း ဖော်ထုတ်သွားမယ်လို့ မွန်ပြည်သစ်ပါတီကလည်း ပြော
ကမ္ဘာတလွှားနိုင်ငံ တချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းကျဆင်းလာတာကြောင့် အသွားအလာ ကန့်သတ်ပိတ်ပင်ထားတာတွေကို ဖြေလျှော့ပေးလာနေပြီး လူတွေပုံမှန်သွားလာနေကြပါတယ်။ VOA သတင်းထောက် Mariama Diallo သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား သတင်းထောက် ၄ ယောက်ရှိသွားပါပြီ။ တချိန်ထဲမှာပဲ ဖမ်းဆီးခံထားရဆဲ ပြည်တွင်း သတင်းထောက်တွေနဲ့ပါတ်သက်တဲ့ အခြေအနေကလည်း စိုးရိမ်စရာဖြစ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မမြဇင်အောင် ကတင်ပြပါမယ်။
ကိုဗစ် ဒုတိယလှိုင်းနဲ့ ကြုံနေရတဲ့ အိန္ဒိယနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံပေးရေး အစီအစဉ်တွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ လူဦးရေ ၁.၄ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံတွင်း ကာကွယ်ဆေး အလုံအလောက်မရှိတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အကြောင်း Anjana Pasricha သတင်းပေးပို့ထားတာကို ဒေါ်မြသဇင်အောင် တင်ပြပါ့မယ်။
ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ အိန္ဒိယအတွက် အကူအညီတွေပေးဖို့ အမေရိကန်ရဲ့ တုံ့ပြန်မှုတွေက နှေးကွေးနေတယ်ဆိုပြီး ဝေဖန်မှုတွေရှိနေပါတယ်။ VOA သံတမန်ရေးရာ သတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို မမြသဇင်အောင်က ပြောပြပါလိမ့်မယ်။
တရားမဝင် ရွှေ့ပြောင်းလာသူတွေနဲ့ လူဝင်မှုကြီးကြပ်ရေးပြဿနာတွေကြား အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်က Donna မြို့လေးကို လူအများ စိတ်ဝင်စားလာကြတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Elizabeth Lee သတင်းပေးပို့ထားပါတယ်။ မမြသဇင်အောင်က ပြောပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စုမှာ အာရှနွယ်ဖွားတွေအပေါ် အမုန်းတရား အခြေခံတိုက်ခိုက်မှုတွေ တိုးလာပေမဲ့ တကယ်တမ်း တိုင်ကြားတာ အမှုဖွင့်တာတွေဟာ အမှန်တကယ် ဖြစ်ပျက်နေတာတွေထက် အများကြီး လျော့နည်းတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ VOA သတင်းထောက် Virginia Gunawan ရဲ့ သတင်းလွှာကို မမြသဇင်အောင်က သတင်းပေးပို့ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်