လူသိများတဲ့ သတင်းသမား ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီနဲ့ အဆိုတော် ရွှေရည်သိန်းတန်တို့ကိုတပ် မတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်လိုက်ပါတယ်။
ယူကရိန်းမှာ ရုရှား စတင် ကျူးကျော်ခဲ့တဲ့အချိန်ကတည်းက အမေရိကန်ပြည်ထောင်စုက အလှအပဆိုင်ရာ ခွဲစိတ်ကု ဆရာဝန်အဖွဲ့ တဖွဲ့ ယူကရိန်းကို သွားပြီး ဒဏ်ရာရ စစ်သည်တွေနဲ့ အရပ်သားတွေကို ကူညီကုသပေးနေပါတယ်။Omelyan Oshchudlyak သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
ကန့်ဘလူမြို့နယ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပိုမိုအလှမ်းဝေးသွားတဲ့ မြန်မာ့ပဋိပက္ခ ပြေလည်ရေးကို နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အင်ဒိုနီးရှားဦးဆောင်တဲ့ အာဆီယံက ကိုင်တွယ်နိုင်ပါအုံးမလား။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်မှာ မမြဇင်အောင်က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။
သဘာဝပတ်ဝန်းကျင်ကို ကြီးကြီးမားမား ပျက်စီးစေတဲ့ မြေရှားသတ္တု တူးဖော်မှုတွေကို ကန့်ကွက်တဲ့ လူထုလှုပ်ရှားမှုတွေ ပိုပြီး အားကောင်းလာတာကြောင့် အဲဒီ တူးဖော်မှုတွေကို တားဆီးပေးမယ်လို့ KIO အကြီးအကဲက ကတိပြုခဲ့ကြောင်း မြေရှားသတ္တုတူးဖော်မှု ကန့်ကွက်ရေးကော်မတီဦးဆောင်သူတချို့က ဗွီအိုအေကို ပြောပါတယ်
ယုံကြည်ကိုးကွယ်ရာကို မထိခိုက်စေဘဲ ဘက်စုံ ပြည့်စုံတဲ့ ပညာသင်ကြားပေးနိုင်ရေးဟာ အမေရိကန် စာသင်ကျောင်း တချို့မှာ အခက်အခဲ စိန်ခေါ်မှုတခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်နိုင်ငံမှာ အသိအမှတ်ပြု အစ္စလာမ်ဘာသာ အခြခံကျောင်း ၁၄၀ ရှိပါတယ်။ VOA သတင်းထောက် သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ပြပါမယ်။
စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်လာတာနဲ့အမျှ နက်ရှိုင်းတဲ့ အတိဒုက္ခ ကြုံနေလာရချိန်မှာ ပြည်သူတချို့က နိုင်ငံတကာ အကူအညီကို တောင့်တလာကြသလို တချို့ကလဲ အားမလိုအားမရ ဖြစ်နေကြပါတယ်။ မြန်မာ့ပဋိပက္ခ ပြေလည်ရေးအတွက် နိုင်ငံတကာက ဘာလုပ်ပေးနိုင်မလဲ။ ဦးကျော်ဇံသာ,ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
ကျွန်းလှမြို့နယ်၊ ကျောက်အိုင်ကျေးရွာအုပ်စုက ကျေးရွာ ၃ ရွာကို မြန်မာစစ်တပ်ကို ထောက်ခံအားပေးတဲ့ ပျူစောထီးတပ်ဖွဲ့တွေက အတင်းအကျပ် ပြည်သူ့စစ်သင်တန်းတက်ဖို့နဲ့ ပြည်သူ့စစ်သင်တန်းမတက်ရင် ကျေးရွာတွေကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့လည်း ကျွန်းလှဒေသခံတွေက ပြောပြပါတယ်။
ယူကရိန်းကို ရုရှား ကျုးကျော်စစ်အတွင်း အရပ်သားတွေအပေါ် ဖြစ်နိုင်ချေရှိတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ အထောက်အထား တွေကို စုဆောင်းထိန်းသိမ်းထားတဲ့ စင်တာတစ်ခုကို Pilecki Institute ကဖွဲ့စည်း တည်ထောင်လိုက်ပါတယ်။ မမြသဇင်အောင်ပြောပြပါမယ်။
ရုရှားဟာ သူ့အိမ်နီးနားချင်းနိုင်ငံတွေအပေါ် ရန်လိုတိုက်ခိုက်လို စိတ်ရှိတယ်ဆိုတာ ရုရှားရဲ့တိုက်ရိုက်ခြိမ်းခြောက်မှုကိုခံရတဲ့ လစ်သူယေးနီးယားနိုင်ငံက ဆယ်စုနှစ်တွေချီကြာကတည်းက သတိပေးနေတာပါ။ အခုယူကရိန်းကြုံနေရတဲ့အခြေအနေမျိုး လစ်သူယေးနီးယားမှာ ကြုံလာမှာကိုလည်း သူတို့ကစိုးရိမ်ကြပါတယ်။မမြသဇင်အောင် ပြောပြပါမယ်။
ယူကရိန်းပဋိပက္ခ ပြေလည်ရေးအတွက် လောလောဆယ်မှာ ထိရောက်မှု မတွေ့ရသေးတဲ့ တရုတ်သမ္မတရဲ့ အကြံပြုချက်တွေဟာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းအပေါ် ရိုက်ခတ်မှု တစုံတရာ ရှိနိုင်ပါသလား။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
NCA အပစ်ရပ်စာချုပ်ကို လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ စစ်ကောင်စီရဲ့ အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ နေပြည်တော်မှာ ပထမဆုံးအကြိမ်အဖြစ် ၂ ရက်ကြာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားသိမ်းပိုက်ခဲ့တာ မတ်လအတွင်းမှာပဲ ၉ နှစ်ပြည့်သွားပါပြီ။ ဒီထဲက ပိုလန်နိုင်ငံကို ထွက်ပြေးခဲ့တဲ့ မိသားတစုကတော့ ပိုလန်နိုင်ငံ ရုရှားသံရုံးရှေ့မှာ "Crimea" လို့အဓိပ္ပါယ်ရတဲ့ နာမည်နဲ့ စားသောက်ဆိုင်တဆိုင်ဖွင့်ထားတဲ့ အကြောင်း မြသဇင်အောင်က တင်ပြထားပါတယ်။
ယူကရိန်း-ရုရှား စစ်ပွဲအတွင်း မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရခဲ့ရတဲ့ ယူကရိန်းနိုင်ငံသားတွေအတွက် ဗြိတိန်စက်ရုပ်ကုမ္ပဏီတခုက Hero Arm စက်ရုပ်လက်တွေ ထုတ်လုပ်ပေးနေပါတယ်။ မိုင်းထိမှန် ဒဏ်ရာရ လက်အောက်ပိုင်း ဖြတ်ထားရတဲ့သူတွေအတွက် စက်ရုပ်လက်တုတွေ ပံ့ပိုးပေးဖို့လည်း ကုမ္ပဏီက စီစဉ်ထားပါတယ်။ မမြသဇင်အောင် တင်ပြပါမယ်။
ဒီဖမ်းဝရမ်း လက်တွေ့ အလုပ်ဖြစ်လာနိုင်တဲ့ အလားအလာ ဘယ်လောက်ရှိပါသလဲ။ အခုတပတ် "အယ်ဒီတာရဲ့ သုံးသပ်ချက်" အစီအစဉ်မှာ ဦးကျော်ဇံသာ ကိုမမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မုံရွာ-မန္တလေး အမြန်လမ်းဘေးမှာရှိတဲ့ ထနောင်းတော တောင်ရွာကို မြန်မာစစ်တပ်က မတ်လ ၁၅ ရက် မနေ့က ဝင်ရောက် မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၀ ဝန်းကျင်မီးလောင်ခဲ့ပြီး သက်ကြီးရွယ်အို ၃ ဦး သေဆုံးခဲ့ပါတယ်။
လူထုရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းလို့ ဖြစ်လာခဲ့တဲ့ မြန်မာအကျပ်အတည်းအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစူးစိုက်မှု သိပ်မရှိလှပါဘူး။ ယူကရိန်းကိုသာ ပိုမိုဦးစားပေးနေကြတယ်လို့ ယူဆသူတချို့လည်း ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်