မြန်မာ့အရေး အာဆီယံကိုပါ ထိခိုက်တဲ့အထိ ဖြစ်လာရတာ ဘာကြောင့်ပါလဲ။ ဘယ်လို ဖြေရှင်းနိုင်ပါမလဲဆိုတာကို ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးတင်မောင်သန်းကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်း အပြင်းအထန် တိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ အသေအပျောက်နဲ့ ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမား ကြုံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုန်တိုင်းသင့် ဒေသခံတွေ အရေးပေါ် အကူအညီတွေ လိုအပ်နေပြီး၊ ဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေတာပါ။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် Seattle မြို့ Woodinville မှာ ကျင်းပခဲ့တဲ့ Seattle Fashion သီတင်းပတ်မှာ ဘဘာဝပစ္စည်းတွေကိုသုံးပြီး လှပဆန်းသစ်ထားတဲ့ ဖက်ရှင်တွေအပြင် ကရိန်းလူမျိုးတို့ရဲ့ ရိုးရာဝတ်စုံစစ်စစ်တွေကို ပြသခဲ့ပါတယ်။ Natasha Mozgovaya သတင်း ပေးပို့ထားတာကို မြသဇင်အောင် တင်ပြပါမယ်။
အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ဟာ ဘင်္ဂလားဒေ့ရှ်−မြန်မာ ကမ်းရိုးတန်းဆီ ဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေရှိပြီး မိုးဇလက လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပါတယ်။ မုန်တိုင်းဟာ မြန်မာနိုင်ငံကို တနင်္ဂနွေနေ့မှာ ဖြတ်ကျော်ဝင်လာနိုင်လို့ ဘေးကင်းရာ ကြိုတင်ရှောင်ရှားကြဖို့ သတိပေးချက်ထုတ်ထားပါတယ်။
"မုန်တိုင်းအဆင့် သတ်မှတ်ချက်မှာ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ အညိုရောင်၊ အစိမ်းရောင်ပေါ့လေ။ အခုက မြန်မာကမ်းရိုးတန်းကို ချဉ်းကပ်နေတော့ လိမ္မော်ရောင်ပေါ့။ အနီရောင်အဆင့် ဆိုရင်တော့ မြန်မာ့ကမ်းရိုးတန်းကို မဖြတ်မီ ၁၂ နာရီပေါ့။ အနီရောင်လို့ သတ်မှတ်လိုက်ရင် မဖြစ်မနေရွှေ့ကို ရွှေ့ရတော့မယ်။ ..."
မေလ ၁၄ ရက် တူရကီနိုင်ငံ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရာမှာ မဲဆန္ဒရှင်တွေရဲ့ လုံခြုံရေး စိုးရိမ်နေကြပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အတိုက်အခံတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အရှိန်မြှင့်လုပ်ဆောင်ပါတယ်။ VOA သတင်းထောက် Dorian Jones သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ဆက်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ လာမယ့် မေလ ၁၄ ရက်နေ့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းဆီ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဝင်ရောက်လာနိုင်ပါတယ်။ မေလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ပြည်နယ်နဲ့တိုင်း ဒေသတချို့မှာလည်း လေပြင်းအန္တရာယ် ကျရောက်နိုင်ပါတယ်။
မြန်မာ့ပြဿနာမှာ တရုတ်က ဘယ်လောက်အရေးပါသလဲဆိုတာ အခုတပတ်အယ်ဒီတာနဲ့ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အတွင်း နိုင်ရေးအကျဉ်းသားတချို့ကို လွှတ်ပေးခဲ့တာဟာ ဘာသဘောပါလဲ။ မြန်မာ့ပြဿနာမှာ တရုတ်က ဘယ်လောက်အရေးပါသလဲဆိုတာ အခုတပတ်အယ်ဒီတာနဲ့ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
ယာဉ်တန်းမှာ လိုက်ပါတဲ့ လုံခြုံရေးအဖွဲ့တွေက ပြန်ပစ်ခတ်ခဲ့တဲ့နောက် ဘယ်အဖွဲ့ကမှန်း မသိရတဲ့ လက်နက်ကိုင်တွေက ထွက်ပြေးသွားခဲ့သလို သံတမန်တွေဟာလည်း တောင်ကြီးမြို့ကို လှည့်ပြန်သွားခဲ့ရတာပါ။
ပိုလန်ရောက်ယူကရိန်း စီးပွါးရေးလုပ်ငန်းရှင်တွေ ရဲ့ အကူအညီနဲ့ ပိုလန်မှာ ယူကရိန်းကုမ္ပဏီ ၁၄၀၀၀ လောက်လည်ပတ်နိုင်ခဲ့တယ်လို့ ပိုလန် စီးပွါးရေးလုပ်ငန်းရှင်အဖွဲ့တဖွဲ့က ပြောပါတယ်။ ယူကရိန်း စွန့်ဦးတီထွင်သူတွေ အောင်မြင်မှုရနေကြသလို စစ်ပွဲအတွက် နိုင်သလောက် အကူအညီတွေပေးနေတဲ့ အကြောင်း မမြသဇင်အောင် ပြောပြပါမယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းလဲဖြစ် The Elders အဖွဲ့ ဒုတိယဥက္ကဌလည်းဖြစ်တဲ့ မစ္စတာဘန်ကီမွန်းရဲ့ နေပြည်တော်ခရီးစဉ်အပေါ် သုံးသပ်ချက်တွေအမျိုးမျိုး ရှိနေပါတယ်။ ဒီခရီးစဉ်ရဲ့အကျိုးဆက် တစုံတရာ ရှိလာနိုင်ပါသလား။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းလဲဖြစ် The Elders အဖွဲ့ ဒုတိယဥက္ကဌလဲဖြစ်တဲ့ မစ္စတာဘန်ကီမွန်းရဲ့ နေပြည်တော်ခရီးစဉ် အပေါ် သုံးသပ်ချက်တွေအမျိုး ရှိနေပါတယ်။ ဒီခရီးစဉ်ရဲ့အကျိုးဆက်တစုံတရာ ရှိလာနိုင်ပါသလား။
စစ်ရေးတင်းမာနေတဲ့ ရှမ်း−ကယားနယ်စပ်က ဖယ်ခုံ−ပင်လောင်းမြို့နယ်စပ်မှာ ဒီကနေ့ထိ ကြိုကြားကြိုကြား နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေဆဲပဲလို့ KNDF က VOA ကို ပြောပါတယ်။ ဒီးမော့ဆိုမြို့နယ်ထဲမှာတော့ တိုက်ပွဲမရှိပေမယ့် ဒေသခံရှိရာဘက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်တွေ ပြန်လည်လက်ခံနိုင်ဖို့ မကြာခင်မှာ ဘင်္ဂလားဒေရှ်ဘက်က အာဏာပိုင်တချို့ ရခိုင်ဒေသကို လာရောက် ကွင်းဆင်း လေ့လာဖို့ရှိနေတယ်လို့ ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရက ပြောပါတယ်။
မြန်မာပိုင် ကိုကိုကျွန်းမှာ တရုတ်ထောက်လှန်းရေးစခန်း တည်ဆောက်နေတယ်ဆိုတဲ့ ကိစ္စအပေါ် အိန္ဒိယက အထူးစိုးရိမ်နေပါတယ်။ ဒီကိစ္စဟာ မြန်မာအပါအဝင် ဒေသတွင်းမှာကော ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာနိိုင်ပါသလဲ။
အမေရိကန်ပြည်ထောင်စုတဝန်း စာသင်ကျောင်းတွေနဲ့ အစိုးရစာကြည့်တိုက်တွေမှာစာအုပ်တွေကို ပိတ်ပင်တားမြစ်တာတွေပိုများလာနေပါတယ်။လူမျိုးရေးခွဲခြားမှု၊ လိင်စိတ်ခံယူချက်ကွဲလွဲမှုနဲ့ LGBTQ နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေအပါအဝင် ခေါင်းစဉ်ပေါင်း ၁၆၀၀ ကျော်ကို ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့အကြောင်းမမြသဇင်အောင် ပြောပြပါမယ်။
မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်ဟာ စစ်ကောင်စီ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ရော သမ္မတဟောင်း ဦးသိန်းစိန်နဲ့ပါ ဒီကနေ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြောခွင့်ရက ပြောပါတယ်။
အာဖဂန် နစ္စတန်နိုင်ငံမှာ တာလီဘန်တွေ အာဏာရယူထားပြီးနောက်ပိုင်း နိုင်ငံအခြေအနေအဘက်ဘက်က ဆုတ်ယုတ်ကျဆင်းနေပါတယ်။ တချို့ဒေသတွေမှာ စာသင်ကျောင်းဆောင်တွေပျက်စီးနေသလို အခက်အခဲတွေကြား ကျောင်းဆရာတချို့ နေ့စဥ်ကျောင်းကို ရေထဲကနေဖြတ်ကူးပြီး ကျောင်းတက်နေကြရတဲ့ အကြောင်း မမြသဇင်အောင်က ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်