အင်ဒိုနီးရှားနိုင်ငံမှာ စစ်တပ်ကြီးစိုးမှုကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ ပုံစံမျိုး မြန်မာနိုင်ငံမှာ ဘာကြောင့် မဖြစ်လာခဲ့သလဲဆိုတာကို မမြသဇင်အောင်က ဦးကျော်ဇံသာအား မေးမြန်းတင်ဆက်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ နေ့ရော ညပါ ပစ်ခတ်နေလို့ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆက်လက်ပြီး သတင်းဆောင်းပါးတွေနဲ့ အပတ်စဉ် အစီအစဉ်တွေကို ထုတ်လွှင့်ပါ့မယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တရုတ်တန်းမှာ ကိုဗစ်အလွန်ကာလ စီးပွါးရေးလုပ်ငန်းငယ်တချို့ ပြန်လည်ပတ်နိုင်ဖို့ မျိုးဆက်သစ်လူငယ်တွေ ကြိုးပမ်းနေကြတဲ့ အကြောင်း VOA သတင်းထောက် Tina Trinh သတင်းပေးပို့ထားတာကို တင်ပြပေးချင်ပါတယ်။
ရုရှား သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ပြန်ပြီးသိမ်းနိုင်ဖို့ ယူကရိန်းကတန်ပြန်ထိုးစစ်ဆင်နေတဲ့အချိန် စစ်ဒဏ်ခံခဲ့ရတဲ့ ယူကရိန်းကျေးလက်ဒေသတွေမှာ ဖောက်ခွဲရေးပစ္စည်း အကြွင်းအကျန်တွေကို ပြန်ပြီးရှင်းလင်းဖို့က ဆယ်စုနှစ်တခု ဒါမှမဟုတ် နှစ်နဲ့ချီကြာနိုင်ပါတယ်။ မမြသဇင်အောင် တင်ပြပေးပါလိမ့်မယ်။
Pact Myanmar လို့ လူသိများတဲ့ အမေရိကန်အခြေစိုက် Pact Global Microfinance Fund – PGMF အသေးစား ချေးငွေလုပ်ငန်းက မြန်မာနိုင်ငံတွင်း ထုတ်ချေးထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၁၅၀ကျော် အကြွေးတွေကို ဆုံးရှုံးခံပြီး ရပ်နားတော့မယ့် အကြောင်း ဒီသီတင်းပတ်ထဲမှာ ကြေညာလိုက်ပါတယ်။
စစ်ကိုင်းမြို့ ဧရာဝတီမြစ်ဘေးက ကင်းတော်ရွာအနီးမှာရှိတဲ့ ဒေသခံကာကွယ်ရေး တပ်စခန်းတခုကို စစ်တပ်က ဝင်ရောက်စီးနင်း တိုက်ခိုက်တာကြောင့် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး အရပ်သား ၃ ဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူအထိအခိုက်မရှိပေမယ့် နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဒီးမော့ဆိုမြို့နဲ့ ကုန်းသာကျေးရွာတဝိုက်မှာ တိုက်ပွဲ တည်ငြိမ်အစပြုပေမယ့် မြေမြုပ်မိုင်းနဲ့ စစ်လက်ကျန်ပစ္စည်းတွေ ရှိနေတာမို့ ဒေသခံတွေ နေရပ် မပြန်နိုင်ကြသေးပါဘူး။
တောင်ငူထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကျန်းမာရေးမကောင်းတာကြောင့် ဆီးပိုက်တပ်ထားရသလို ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သူနဲ့နီးစပ် သူတွေက ပြောပါတယ်။ ဒီရက်ပိုင်း ပြန်လည်သက်သာ လာပေမယ့် ဆီးပိုက်တော့တပ်ထားရ ဆဲဖြစ်တယ်လို့ ပြောပါတယ်။
၁၉၉၈ ခုနှစ်ကတည်းက အမေရိကန်-မက္ကဆီကို နယ်စပ်တလျှောက် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာတဲ့သူတွေ လမ်းခရီးမှာ ၈၀၀၀ ကျော် သေဆုံးခဲ့တဲ့ အကြောင်း အမေရိကန် နယ်ခြားစောင့်တပ်က မှတ်တမ်းပြုစုထားပါတယ်။ VOA သတင်းထောက် တောင်ပိုင်းတက္ကဆက်ပြည်နယ်ကို သွားရောက် သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
နိုင်ငံတာ အကူအညီတွေမှာ နိုင်ငံရေးပါဝင်နေပါသလား။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးတင်မောင်သန်းကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေဟာ ဇွန်လ ၃ ရက်နေ့မှာ ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာက နေအိမ် ၆၀ကျော်ကို မီးရှို့ခဲ့သလို ဒေသခံတချို့ကို သတ်ဖြတ်ခဲ့ပြီး တချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ယူကရိန်း ကျုးကျော်စစ် အဆုံးသတ်ဖို့ ရုရှားအပေါ် တရုတ်ရဲ့ သြဇာကို အသုံးပြုမယ့် ဆန္ဒရှိတဲ့ အရိပ်အယောင် သိပ် များများစားစား မတွေ့ရဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်း အရာရှိတဦးကပြောသလို ချက်သမ္မတနိုင်ငံ လွှတ်တော် အမတ်တယောက်ကလည်း ဝေဖန်ပါတယ်။ ပြောပါတယ်။ မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
အညွှန်းကိန်း အဆင့်သတ်မှတ်ချက်တွေ ထုတ်နေတာက လက်တွေ့ အကျိုးရှိနိုင်ပါသလား။ အညွှန်းကိန်းတွေကို ပြုပြင်ပြောင်းလဲရေးမှာ ဘယ်လို အသုံးချနိုင်ပါသလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးတင်မောင်သန်းကို မမြသဇင်အောင် ဆွေးနွေးမေးမြန်းထားပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာကို ဒီကနေ့မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောကြတာပါ။
ဒီအခြေအနေတွေ လက်တွေ့အကောင်အထည်ဖော်ဖို့ နှစ်ဘက်ယုံကြည်မှု ဘယ်လို တည်ဆောက်နိုင်ပါမလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးတင်မောင်သန်း ကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။
ယူကရိန်း ပြန်လည်တည်ဆောက်ရေး ပျက်စီးသွားတဲ့ ယူကရိန်းအဆောက်အအုံတွေနဲ့ အတိတ်ကရှိခဲ့တဲ့ မြင်ကွင်းတွေကို အမှတ်ရစေဖို့ ကုမ္ပဏီတခုက ရုပ်ပုံအပိုင်းအစတွေကို ဆက်ပြီးကစားရတဲ့ ရုပ်ပုံဆက်ဉာဏ်စမ်း jigsaw puzzle တွေပြုလုပ် ရောင်းချပေးနေပါတယ်။ မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
ဘယ်လို ဖြေရှင်းနိုင်ပါမလဲဆိုတာကို ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးတင်မောင်သန်းကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်