ရက် ၁၀၀ ကာလအတွင်းမှာ NLD အစိုးရအပေါ် လူထုထောက်ခံမှု ခိုင်ခိုင်မာမာ ရှိနေဆဲဖြစ်ပေမယ့်၊ နိုင်ငံရေး စီးပွားရေးပိုင်းဆောင်ရွက်ချက်တွေမှာ အားရစရာ သိပ်မတွေ့ရဘူးလို့ မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။
မတူကွဲပြားတဲ့ လူမျိုး၊ ဘာသာ တခုနဲ့ တခုကြားမှာ ပဋိပက္ခတွေဖြစ်စေတဲ့ အမုန်းစကား ဖြန့်ဝေမှုတွေ ကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မယ့် ဥပဒေကြမ်းတရပ်ကို ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ က ဒီလမကုန်မီ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို ပေးပို့သွားမှာဖြစ်ပါတယ်။
"အပြောင်းအလဲကာလမှာ နိုင်ငံသားတိုင်းရဲ့ လူ့အခွင့်အရေးကို လေးစားပေးရမှာဖြစ်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ကို သုံးပြီး အစိုးရရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အသီးသီးရဲ့ လုပ် ကိုင်မှုတွေ အပေါ် ဝေဖန်ထောက်ပြမှုတွေကို လက်ခံပေးရမှာပါ။"
"ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအဝိုင်းကို သုံးနှုန်းလိုက်တာနဲ့ တပြိုင်တည်း သူတို့ရဲ့ ပင်ရင်းဒေသဟာ ရခိုင်ပြည်နယ် ဖြစ်နေစေအောင် ပုံမှားရိုက်လိုက်တဲ့သဘောလို့ ကျမတို့က ခံစားရတယ်။"
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီပေးဖို့ အဆင်သင့်ရှိတယ် လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး Jean- Marc Ayrault က နေပြည်တော် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
NCA လက်မှတ်မထိုးရသေးတဲ့ မဟာမိတ်လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ဖြစ်တဲ့ တအာင်း-ပလောင် တပ်ဖွဲ့ (TNLA)၊ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့ နဲ့ ၂၁ရာစု ပင်လုံ ညီလာခံ အကြိုပြင် ဆင်ရေးကော်မတီက တွေ့ဆုံဆွေးနွေးမယ့် အပေါ် တပ်မတော်ဘက်ကလည်း သဘောတူလိုက်ပါတယ်။
ရုရှားနိုင်ငံ၊ ဆိုချီမှာ ကျင်းပမယ့် အာဆီယံ- ရုရှား ထိပ်သီးဆွေးနွေးပွဲကို သမ္မတ ဦးထင်ကျော် တက်ရောက်မှာ ဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် တော့ လိုက်ပါမှာ မဟုတ်ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြု အခမ်းအနားတွေကို ရန်ကုန် မန္တလေးနဲ့ မြန်မာနိုင်ငံ မြို့အချို့မှာ နိုင်ငံရေး လှုပ်ရှားသူတွေ စာရေးဆရာ ကဗျာဆရာတွေ ဦးဆောင် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
နိုင်ငံရေးနဲ့ဆက်နွယ်ပြီး တရာစွဲဆိုခံထားရတဲ့ အမှုတွေအားလုံး အပြီးသတ် ရုပ်သိမ်းနိုင်ရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ လုပ်ဆောင်နေတယ်လို့ သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။
ရခိုင် ပြည်နယ် လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးညီပုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ကြေညာချိန်မှာ ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော် အမတ် တွေအားလုံး လွှတ်တော်ထဲက ထွက်ခွာခဲ့ကြပါတယ်။
ဒီကနေ့ အစုရှယ်ယာဈေးကွက် စတင်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ အများကြီးအားရသလို အစိုးရသစ် လက်ထက်မှာလည်း စတော့အိတ်ချိန်းဈေးကွက်ကတော့ ဆက်ပြီး လည်ပတ်နေမှာဖြစ်ပြီး ရှေ့လျှောက် မြန်မာနိုင်ငံရေး အပြောင်းအလဲကြောင့် စတော့အိတ်ချိန်းဈေးကွက် တိုးတက်ဖို့ အလားအလာရှိတယ်လို့ ဘဏ္ဍာရေး ဒု ဝန်ကြီးက ပြောဆို။
မြန်မာနိုင်ငံမှာ တိုင်းပြည် ရဲ့ ငွေမဲခဝါချမှု စနစ် ထိရောက်ကြောင်းပြသဖို့ လာမယ့် အစိုးရသစ် အနေနဲ့ လုပ်စရာတွေ အများကြီးရှိတယ် လို့ ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။
“ဒီလောက်ထိုးစစ်ကတော့ ကျနော်တို့ဘယ်လိုမှ ရှောင်လို့ရမှာမဟုတ်ဘူး။ ဒီကြားကာလမှာ အစိုးရက အင်အားသုံးပြီးတော့ဖြေရှင်းတာဟာ မှန်ကန်တဲ့နည်းလမ်းတော့မဟုတ်ဘူး။ အစိုးရအကူးအပြောင်းမှာ တိုက်ပွဲမဖြစ်ဖြစ်အောင် ဖန်တီးနေတယ်လို့ မြင်တယ်ပေါ့။”
နိုဝင်ဘာ ရွေးကောက်ပွဲ အလွန်ကာလ ရွေးကောက်ပွဲ အငြင်းပွားမှုဆိုင်ရာ ဖြေရှင်းခြင်းနဲ့ ပတ်သက်လို့ နိုင်ငံရေး ပါတီ ကိုယ်စားလှယ်တွေအနေနဲ့ ကန့်ကွက်လွှာ တင်သွင်းရာမှာ အဟန့်အတားတွေ ရှိနေတယ်လို့ မြန်မာ့ရွေး ကောက်ပွဲ စောင့်ကြည့်အကဲခတ်ခဲ့တဲ့ ကာတာစင်တာက ပြောဆိုလိုက်ပါတယ်။
တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်ကြိုးပမ်းခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် နှစ် ၁၀၀ပြည့် အထိမ်းအမှတ် အခမ်းအနားကို သူ့ရဲ့ မွေးရပ်မြေ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမှာ ဖေဖော်ဝါရီ ၂၆ရက်နဲ့ ၂၇ရက် ၂ရက် ကျင်းပသွားမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို သွယ်ဝိုက်တဲ့နည်းနဲ့ အထောက်အကူ ပြုနိုင်ဖို့အတွက် NLD အစိုးရသစ်အနေနဲ့ ပြည်သူတွေရဲ့ သတင်းသိရှိပိုင်ခွင့်ကို မထိန်းချုပ်ဘဲ ပြည်နယ်နဲ့ တိုင်းလွှတ်တော်အားလုံးမှာ မီဒီယာတွေကို လွတ်လပ်စွာ သတင်းရယူခွင့်ပြုဖို့ တိုင်းရင်းမီဒီယာညီလာခံကနေ တောင်းနေဆိုလိုက်ပါတယ်။
“တိုင်းရင်းမီဒီယာများမှ တဆင့် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆီသို့”ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်တွင်း၊ ပြည်ပနဲ့ တိုင်းရင်း သတင်းမီဒီယာအဖွဲ့အစည်းတွေ တက် ရောက် ဆွေးနွေးကြတဲ့ စတုတ္ထအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို ဒီကနေ့ ရခိုင် ပြည်နယ် မြောက်ဦးမြို့မှာ စတင် ကျင်းပနေပါပြီ။
ပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေး ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး သိသိသာသာ ကျဆင်း လာတာမို့ ပြည်တွင်း ဘဏ်တချို့ရဲ့ ငွေလဲကောင်တာတွေ အခုရက်ပိုင်း ဒေါ်လာဝယ်ယူမှု ပိတ်ထားကြပါ တယ်။
လွှတ်တော်မှာ သတင်းမီဒီယာတွေကို သတင်းရယူခွင့် အရင်ထက်ပိုပြီး ကန့်သတ်ပိတ်ပင်လိုက်တာနဲ့ ပတ်သက် လို့ သတင်းမီဒီယာအဖွဲ့အစည်းတွေက ကန့်ကွက်လိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၄ ခု မှာရှိတဲ့ ဒုတိယအကြိမ် တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်အစည်းအဝေးတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ စတင်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်