"ကျနော်တို့ ဥပဒေကြောင်းအရ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ စိစစ်နေပါတယ်။ ဦးစားပေး လုပ်ကိုင်ရတာတွေ များနေတဲ့အတွက်ကြောင့် စဉ်းစားမယ် လို့ ပြောတာပါ။ ဘာအလုပ်မှ မရှိရင်တော့ ချက်ခြင်း အရေးယူရမှာပေါ့ဗျာ။" ဦးဝင်းထိန်
မြန်မာနိုင်ငံအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းကို တကယ်သွားနေတယ်ဆိုရင် ကျောင်းသားတွေကို လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကတိုက်တွန်းသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားမှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ ဖားကန့်ဒေသကို သွားရောက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းရေး ပညာပေး လုပ်ငန်းတွေ စတင် လုပ်ဆောင်နေပါတယ်။
အနိုင်ရ NLD ပါတီရဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ ပထမဆုံး ပါဝင်တက်ရောက်မယ့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို ဖေဖော်ဝါရီ ၁ရက်နေ့မှာ စတင်ကျင်းပမည်။
နိုင်ငံတော် လုံခြုံရေးနဲ့ ပတ်သက်လာရင် သမ္မတရဲ့ ဆုံးဖြတ်ခွင့် အာဏာကို ကန့်သတ်တယ်ဆိုပြီး ဝေဖန်မှု တွေထွက်ပေါ်နေတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဥပဒေကြမ်းကို လက်ရှိ လွှတ်တော်သက် တမ်းမှာ မတင်သွင်းတော့ဘူးလို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပြောဆိုလိုက်ပါတယ်။
“နောက်တက်လာမယ့် အစိုးရရဲ့ ပထမဦးဆုံးတာဝန်က ငြိမ်းချမ်းရေး တည်ဆောက်ဖို့ပဲ ဖြစ်တယ်။ တကယ့်ထိရောက်တဲ့ ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပပြီး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အားလုံးပါဝင်လာနိုင်အောင် လုပ်ရမယ်။"
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အဖွဲ့နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေ ဒီကနေ့ တွေ့ဆုံခဲ့ကြပြီး၊ ရှေ့လထဲ ကျင်းပမယ့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် ဆွေးနွေးခဲ့။
အစိုးရလက်ရှိသက်တမ်းတွင်းဖားကန့်ကျောက်စိမ်းတူးဖော်နေတဲ့အရေး ဖြေရှင်းဖို့ ဆောင်ရွက်နေတဲ့ အစီအစဉ်တွေကို အမြန်ဆုံး တင်ပြဖို့ ဦးရွှေမန်းက သမ္မတကို တိုက်တွန်း။
မြန်မာနိုင်ငံက အထည်ချုပ်အလုပ်သမား ထက်ဝက်လောက်ဟာ လုပ်ခလစာ မလုံလောက်မှုကြောင့် ကြွေးမြီ ပြ ဿနာနဲ့ ရင်ဆိုင်နေကြရတယ်လို့ နိုင်ငံတကာလူမှုကူညီရေးအဖွဲ့ Oxfam နဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။
"ပြည်သူတွေရဲ့ အကျိုးစီးပွားထက်စာရင်တော့ ဒီ အမေရိကန် သူတို့နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးစဉ်းစားတာလို့ပဲ မြင်ပါတယ်"
မြန်မာနိုင်ငံဟာ ကျောက်မျက်ကဏ္ဍကို EITI အစီရင်ခံစာမှာ ထည့်သွင်းတဲ့ ပထမ ဆုံး နိုင်ငံဖြစ်ပေမယ့်လည်း အစီရင်ခံစာမှာ ပါဝင်မယ့် ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ သတ္တု ကဏ္ဍသုံးမျိုးအတွက်ဖော်ပြထားတဲ့ ငွေကြေးတန်ဖိုးက မကြာသေးခင်က လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကြီးက ထုတ်ပြန်
"လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တပ်မတော်က ရည်ရွယ်ချက်ရှိရှိ လုပ်နေ တယ် လို့ ကျနော်တို့ ပြောလို့မရပါဘူး။ အရင်တုန်းက မသိခဲ့လို့လဲ ဖြစ်တယ်။"
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ တတိယမြောက် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးဖြစ်ပါတယ်။
ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲမဟုတ်ပေမဲ့ မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေးဖြစ်စဉ်တိုးတက်ဖို့ ပထမခြေလှမ်းအဖြစ် မျှော်လင့်။
ရွေးကောက်ပွဲ မကျင်းပမီ နှစ်ရက်အလို နိုဝင်ဘာ ၆ရက်နေ့မှာ မဲရုံအဖွဲ့ဝင်တွေ နဲ့ ရွေးကောက်ပွဲနေ့မှာ မိမိ မဲဆန္ဒနယ်ပြင်ပရောက်နေမယ့်သူတွေ ကြိုတင်မဲတွေ ပေးနေကြပြီး ရွးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်မှု အားနည်းချက် တချို့ရှိတာကြောင့် ကြိုတင်မဲလာပေးသူတွေ အခက်အခဲတချို့ ကြုံတွေ့နေရတာတွေလည်း ရှိပါတယ်။
“ကျနော်တို့လုပ်နေတာ လွတ်လပ်သော ရွေးကောက်ပွဲပါခင်ဗျာ။ လွတ်လွတ်လပ်လပ်ဖြစ်မယ်လို့ ယူဆပါတယ်။ ဒါ ပြည်သူလူထုပေါ်မှာမူတည်ပါမယ်။ ပြည်သူလူထု မဲဆန္ဒပြုတဲ့အပေါ်မှာပေါ့။” (ဦးဇော်ဝင်း)
“ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ ကျနော်တို့သမ္မတကြီးပေးတဲ့ message အတိုင်း ဟုတ်လား။ လက်ရှိပေးတဲ့အတိုင်း ကျနော်တို့က နိုင်ကိုနိုင်ရမယ်။ နိုင်အောင် လုပ်ပါ။ နိုင်ပြီးမှကျနော်တို့ရှင်းလို့ရပါတယ်။" (ဦးမြညိမ်း-ပြည်ခိုင်ဖြိုး)
"ကျနော်တို့ဘက်ကတော့ ဒီရွေးကောက်ပွဲတခုတည်းဟာ ကျနော်တို့ရဲ့ တခုတည်းသော နည်းလမ်းအဖြစ် မမြင်ဘူး။ ကျနော်တို့လုပ်ရမယ့်အလုပ်ဟာ ဖွဲ့စည်းပုံပြင်တဲ့အထိကို သွားကြရမှာ။"
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အနေနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ မဘသ (ဗဟို)ရဲ့ငါးကျမ်းပြန်ဆရာတော် ဒေါက်တာ အရှင် ဓမ္မပီယက မိန့်ပါတယ်။