ရန်ကုန်မြို့မှာ အများပြည်သူ အသုံးပြုနေကြတဲ့ ဘတ်စ်ကားလိုင်းစနစ်ကို ပြောင်းလဲခဲ့တာ တလပြည့်တဲ့ အချိန်မှာပဲ၊ စနစ်သစ်ကို အဆင့်မြင့်အောင် ထပ်မံမွမ်းမံသွားမယ်လို့ ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
နိုင်ငံသားတဦးချင်းစီရဲ့ လူ့အခွင့်အရေးနဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်တွေကို အာဏာပိုင်တွေဖက်က ဝင်ရောက်ထိပါးလို့မရအောင် အကာအကွယ်ပေးမယ့် နိုင်ငံသားများ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ မကြာခင် ပြည်ထောင်စုလွှတ်တော်မှာ အဆုံးအဖြတ်ရယူတော့မှာဖြစ်ပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှု ရဲက နောက်ကွယ်က ကွင်းဆက်တရားခံလို့ သံသယရှိသူတွေကို ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကရင်ပြည်နယ် ပြည်နယ်မှုး ရဲမှုးကြီး ကြည်လင်းက ပြောပါတယ်။
NLD ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရမှုကို စုံစမ်းစစ်ဆေးနေတာနဲ့ ပတ်သက်ပြီး ရဲစစ်ဆေးချက်တွေက အင်တာနက်ပေါ် ပေါက်ကြားလာတဲ့ အပေါ်မှာလည်း လုံခြုံရေးတာဝန်ရှိသူတွေရဲ့ စုံစမ်းဆောင်ရွက်ချက်တွေ အပေါ် မေးခွန်းထုတ်လာစရာဖြစ်လာပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကိုသေနတ်နဲ့ ပစ်ခဲ့သူဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စိုင်လျား ကျေးရွာမှာ နေထိုင် သူတဦးဖြစ်တယ်ဆိုတာကို စစ်ကိုင်းတိုင်းအစိုးရက အတည်ပြုလိုက်ပါတယ်။
NVC ကဒ်လို့ခေါ်တဲ့ နိုင်ငံသားစိစစ်ခံရမယ့်သူတွေအတွက် သက်သေခံကဒ်ပြားဟာ မြန်မာနိုင်ငံသားမဟုတ်သေးတဲ့သူတွေအတွက် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ပထမဆုံးနဲ့ နောက်ဆုံးအခွင့်အလမ်းဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်း စွမ်းဆောင်ရည် လေ့လာစီစစ်ရေး အဖွဲ့ဆိုပြီး ဖွဲ့စည်းခဲ့တာဟာ၊ ကိုယ်စားလှယ်တွေကို အပြစ်ရှာ ဖယ်ထုတ်ဖို့အဓိကမဟုတ်ပဲ အားနည်းချက်တွေရှိရင် ပါတီဖက်က ဖြည့်ဆည်း ပေးဖို့ဖြစ်တယ် လို့ အဲဒီအဖွဲ့ရဲ့ခေါင်းဆောင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump ဦးဆောင်မယ့် အမေရိကန်အစိုးရနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး ရှေ့အလားအလာတွေ အပေါ်မှာ မြန်မာနိုင်ငံသားတွေကြား သဘောထားအမြင် အမျိုးမျိုး ရှိနေကြပါတယ်။ အမေရိကန် အစိုးရသစ်လက်ထက် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအပေါ် သဘောထားအမြင် တချို့ကို စုစည်းတင်ပြချင်ပါတယ်။
Donald Trump ဦးဆောင်တဲ့ အမေရိကန် အစိုးရသစ် စတင်တာဝန် တာဝန်ယူချိန်မှာ နိုင်ငံတကာ ဆက်ဆံရေးမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်လာနိုင်တာကြောင့် အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
ရန်ကုန်မြို့ ခရီးသည် သယ်ယူပို့ဆောင်ရေးအတွက် နှစ်ပေါင်းများစွာအသုံးပြုခဲ့ကြတဲ့ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်း ရေးကော်မတီ မထသ ဘတ်စ်ကားစနစ် ဒီကနေ့မှာရပ်ဆိုင်းပြီး စနစ်သစ်တခုနဲ့ အစားထိုး စတင်လိုက်ပါပြီ။
နှစ်ပေါင်းများစွာ ရန်ကုန်မြို့တွင်းပြေးဆွဲနေခဲ့တဲ့ ယာဉ်လိုင်းစံနစ်တွေကို တိုင်းဒေသကြီးအစိုးရကိုယ်တိုင် ကြီးကြပ်မယ့်စနစ်သစ်နဲ့ဒီကနေ့စတင်ပြောင်းလဲပါတယ်။ရန်ကုန်ယဉ်လိုင်းစနစ်သစ်အပြောင်းအလဲနဲ့ရန်ကုန်ဒေသခံတွေဘယ်လိုအခက်အခဲတွေရင်ဆိုင်နေရသလဲဆိုတာဗွီအိုအေမြန်မာပိုင်းသတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင် တံတားအနီး သေနတ် ထိမှန် သေဆုံးခဲ့တဲ့ ဂွန်ဆိုင်းအောင် အမှုနဲ့ပတ်သတ်ပြီး တရားစီရင်လိုက်မှုအပေါ် ကချင်ဒေသခံတွေက ကျေနပ်လက်ခံခြင်းမရှိတာကြောင့် ကာကွယ်ရေးဦးစီးချုပ်ဆီကို စာတင်သွားမယ်လို့ ပြောပါတယ်။
မောင်တောဒေသ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဥပဒေစိုးမိုးရေးဟာ စိုးရိမ်စရာအခြေအနေမှာ ရှိနေဆဲဖြစ်တယ် လို့ မြန်မာ အစိုးရရဲ့ မောင်တော ဒေသစုံစမ်းရေးကော်မရှင် က ထုတ်ပြန်ပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရတဲ့ နိုင်ငံရေးပါတီ ၂၄ ပါတီက ကိုယ်စား လှယ်လောင်း တွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလောင်း အယောက် ၉၀ကျော်ရဲ့ အမည်စာရင်းတွေ ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
ပျောက်ဆုံးနေဆဲ မောင်တောမြို့နယ် ဂွဆုံကျေးရွာမှ ဘင်္ဂါလီရာအိမ်မှူး ကိုတရွာထဲနေသူတွေက ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ လက်ရှိချိန်မှာ ကောက်ချက်ချထားပေမယ့် ခုချိန်ထိတော့ သေချာတိကျတဲ့အဖြေမရသေးဘူးလို့ မောင်တောနယ်ခြားစောင့်တပ်ကပြောပါ တယ်။
သွင်းကုန်လိုင်စင် လျှောက်ထားမှု တွေလိုအပ်တဲ့ ကုန်စည်လိုင်း ၄၀၀၀ကျော်ရှိတဲ့ အနက်ထဲကနေ ကုန်စည်လိုင်း ၁၅ဝ ကို သွင်းကုန်လိုင်စင် လျှောက်ထားဖို့ မလိုဘဲ သွင်းနိုင်ဖို့ အစိုးရဘက်ကဖြေလျှော့လိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသကို ပထမဆုံးအကြိမ် သွားရောက်ခွင့်ရခဲ့တဲ့ သတင်းမီဒီယာတွေ ရဲ့ မေးမြန်းမှုတွေ ကို ဖြေကြားပေးခဲ့ပြီး ပျောက်ဆုံးနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ မူဆလင် အမျိုးသားတဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ကြတာ ဖြစ်လို့ လူသတ်မှုနဲ့အမှုဖွင့်ပြီး စတင်စစ်ဆေးနေပါတယ်။
မောင်တောဒေသမှာ ဘင်္ဂါလီကျေးရွာ အဆမတန်များပြားနေတာမို့ တိုင်းရင်းသား ကျေးရွာ တွေတိုးချဲ့မယ် ဆိုတဲ့အစိုးရလုပ်ဆောင်မှုပေါ် အမြင်အမျိုးမျိုးနဲ့တုံပြန်မှုတွေရှိနေပါတယ်။
အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေအပြင် မသန်စွမ်းနဲ့ အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှု လိင်ပိုင်းဆိုင်ရာ အလွဲ သုံးစားမှုတွေ ကိုထိရောက်စွာကာကွယ်ဖို့ ဥပဒေတွေ အသစ်တွေရေးဆွဲနေသလို အရေးယူမှုပိုင်းမှာလည်း ပြစ်မှု ပြစ်ဒဏ်မျှတမှု မရှိတာ တွေ့ရရင် ပြန်လည်အရေးယူ နိုင်ဖို့ လုပ်ဆောင် နေတယ်လို့ ပြည်တဲရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အခြေစိုက် သတင်းသမားတဦး အသတ်ခံခဲ့ရတာကြောင့် နယ်သတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်