အကြမ်းဖက်ဖို့ သင်တန်းတွေ ပေးနေတယ်လို့ အာဏာပိုင်တို့ စွပ်စွဲပြီး ဒေသခံ တချို့ကို ဖမ်းဆီး ထားတဲ့ မောင်တောဒေသ တောင်ဘစားနယ်မြေ ၊တင်းမေ ကျေးရွာကို ဗွီအိုအေ သတင်းထောက် မမေခ ကိုယ်တိုင် ရောက်ရှိနေပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ မေးမြန်းခွင့် ရခဲ့သလို ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။
ရခိုင်ပြည်နယ်ထဲက အခြေအနေတွေကို လေ့လာဖို့ ရောက်နေကြတဲ့ သတင်းမီဒီယာ အဖွဲ့ဟာ ဒီကနေ့ မတ်လ ၂၉ ရက်နေ့မှာ ဘူးသီးတောင်မြို့မှာ လေ့လာကြမှာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်၊ မိုင်းရှုးမြို့နယ်က ကျေးရွာကြီး ၃ခုကို လုံခြုံရေးအရ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပဖို့ လက်ရှိအာဏာရပါတီ NLD ရဲ့ ရွေးကောက်ပွဲဝင် လွှတ်တော် ကိုယ်စားလှယ်လောင်း ၂ ဦးက စာတင်ထားတာကို ရွေးကောက်ပွဲကော်မရှင်ဘက်က ပယ်ချလိုက်ပါတယ်။
NLD ပါတီ ဗဟို ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ဆက်စပ်ပြီး စွပ်စွဲဖမ်းဆီးခံထားရသူတွေကို ဒီကနေ့ ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးပြီး ဒီကနေ့တရားခွင်မှာတော့ တရားမဝင် လက်နက်ကိုင်ဆောင်မှုစွဲချက်ကို စပြီး စစ်ဆေးပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုရလာဖို့ဆိုရင် ဥပဒေတွေကို ပြောင်းလဲပြင်ဆင်ပေးရုံနဲ့ မလုံလောက်ဘဲ အကောင်အထည်ဖော်မှုပိုင်းကို အခိုင်အမာဆက်လုပ်သွားရဦးမယ်လို့ မြန်မာနိုင်ငံ ပြည်ပရင်းနှီးမြှုပ်နှံမှုအခြေအနေနဲ့ နီးစပ်သူတွေ က ပြောကြပါတယ်။
ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်က ကျေးရွာကြီး ၃ခုကိုလုံခြုံရေးအရရွေးကောက်ပွဲမကျင်းပဖို့ လက်ရှိအာဏာရပါတီ NLD ရဲ့ ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးက စာတင်ထားပါတယ်။
တိုင်းပြည်မှာ ငြိမ်းချမ်းရေး မခိုင်မာတာကြောင့် နိုင်ငံ့စီးပွားရေးနဲ့ တိုးတက်မှုပိုင်းမှာ အားနည်းစေတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် ကုန်သွယ်ရေးမှာ လိုငွေပြနေတာကြောင့်လဲ တိုင်းပြည်ဖွံ့ဖြိုးဖို့ အဟန့်အတား ဖြစ်နေတယ်လို့ဆိုပါတယ်။
“ပြည်တွင်းက ပုဂ္ဂိုလ်တွေကို ပံ့ပိုးပေးသလိုပဲ ပြည်ပက လုပ်ငန်းရှင်တွေ ကိုလည်း ကျနော်တို့ ပံ့ပိုးပြီးတော့ ကူညီ ဆောင်ရွက် ပေးပါ့မယ်။ မြန်မာနိုင်ငံဟာ အရင်နဲ့ မတူတဲ့ စီးပွားရေး အခင်းအကျင်း၊ စီးပွားရေး နယ်ပယ်ကို ခင်းကျင်း ထားပြီး ဖြစ်တယ်ဆိုတဲ့ အကြောင်းလည်း ပြောလိုပါတယ်။”
NLD ဗဟို ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုကို အဓိက ကျုးလွန်သူအဖြစ် စွပ်စွဲခံထားရတဲ့ ကြည်လင်း အပြင်၊ အမှုမှာ ပူးပေါင်းကြံစည်သူတွေအဖြစ် အာဏာပိုင်တွေက သံသယရှိနေတဲ့ အောင်ဝင်းဇော်၊ အောင်ဇော်ထွန်းနဲ့ဇေယျာဖြိုးတို့ကို ဒီကနေ့မနက်မှာပဲ ရန်ကုန်မြို့၊ မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
ကုလအတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ဖွဲ့စည်းထားတဲ့ ရခိုင်ကော်မရှင်က ရခိုင်ပြည်နယ်တွင်းမှာဖြစ်ခဲ့တဲ့ ရာဇဝတ်မှုစွပ်စွဲချက်တွေအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်သွားဖို့ အစိုးရကို အကြံပြုထားသလို၊ နိုင်ငံသားစစ်ဆေးရေးပုံစံတွေကို ပြန်လည်ဆန်းစစ်ပြုပြင်ဖို့ တိုက်တွန်းထားပါတယ်။
မွန်ပြည်နယ်ရှိ မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ် ဆက်သွယ်ထားတဲ့ မကြာခင်ပြီးစီးတော့မယ့် သံလွင်မြစ်ပေါ်ရှိ တံတား ကို “ဗိုလ်ချုပ်အောင်ဆန်း တံတား” လို့အမည်ပေးဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်တဲ့အပေါ် ဝေဖန်မှုတွေမြင့် တက်နေပါတယ်။
အများပြည်သူလုံခြုံရေး အာဏာပိုင်တွေ တိုးမြှင့်ဖို့လို
လျှပ်စစ်မီတာခတွေကို ၃ ဆ တိုးကောက်ဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ရာက၊အင်တာနက် လူမှုကွန်ယက်တွေမှာ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ဒီသတင်းတွေ မမှန်တဲ့အကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောဆိုပါတယ်။
တောင်သူလယ်သမားတွေရဲ့ဘဝမြင့်လာဖို့ အစိုးရအဆက်ဆက်က ဂတိပြုပြောဆိုခဲ့ကြပေမယ့်၊ အခုအချိန်အထိ ဒီဂတိကဝတ်တွေကို ထိထိရောက်ရောက်မလုပ်နိုင်ကြဘူးလို့ တောင်သူလယ်သမားအရေးလှုပ်ရှားသေူတွက ဝေဖန်ပါတယ်
ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း ဦးဆောင်နေတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်ဟာ ဖွဲ့စည်းပုံ နှင့် ညီညွှတ်မှုမရှိတာမို့ သက်တမ်းတိုးမှုမလုပ်သင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်တွေထောက်ပြပြီး ကန့်ကွက်လိုက်ကြပါတယ်။
လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ရှေ့နေ ဦးကိုနီနဲ့ ဦးနေဝင်းတို့ဟာ NLD ပါတီရဲ့ သူရဲကောင်းတွေဖြစ်ကြတယ်လို့ လုပ်ကြံခံရမှု တလပြည့် အခမ်းအနားကို တက်ရာက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးမှု၊ လက်နက်ခဲယမ်းတွေ လုယက်ခံခဲ့ရမှု ဖြစ်စဉ်တွေမှာ တာဝန်ပျက်ကွက်ခဲ့သူတွေအဖြစ် ရဲဘက်ဆိုင်ရာ ခုံရုံးကနေ အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်မှူး ရဲမှူးချုပ် မောင်မောင်ခိုင်ကို ထောင်ဒဏ် ၂ နှစ်၊ ရဲမှူးကြီး ဇေယျဟန်ကို ထောင်ဒဏ် ၁နှစ်၊ နယ်ခြားစောင့် ရဲတပ်ရင်းမှူး ဒုရဲမှူးကြီး ကျော်တေဇ ကို ထောင်ဒဏ် ၃နှစ် အသီးသီးချမှတ်လိုက်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်က ရခိုင်ဒေသနဲ့ပတ်သတ်တဲ့ စုံစမ်းမှု ဆိုင်ရာ အစီရင်ခံ စာမှာ ဘက်လိုက်မှုမရှိ၊ အရှိကိုအရှိအတိုင်းအမှန်အကန်ဆုံးထုတ်ဖော်ပြောသွားမယ်လို့ အမေရိကန်သံအမတ်ကြီး နဲ့တွေ့ချိန်မှာ ဂတိပြုပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်က ၂ ဘက်အသိုင်းအဝိုင်းအတွက် မလေးရှားနိုင်ငံကလှူဒါန်းတဲ့ အစားအသောက် နဲ့ ဆေးဝါးတွေ ဟာ မနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိလာပါပြီ။
ချင်းပြည်နယ်မှာ သဘာဝခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ ဦးစားပေးလုပ်ဆောင်ရန်ပြည်နယ်အစိုးရကို သမ္မတကတိုက်တွန်း လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်