၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့ ဆွေးနွေးပွဲ နောက်ဆုံးရက်မှာ အပြန်အလှန်ညှိုနှိုင်းလို့မရတဲ့ အချက်အချို့ကို နောက်တကြိမ် ဆွေးနွေးပွဲမှာ ပြန်လည်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပြီး၊ မနက်ဖြန်တနင်္လာနေ့မှာတော့ ဒုတိယအကျော့ ငြိမ်းချမ်းရေးညီလာခံ ပိတ်ပွဲ ပြုလုပ်မှာဖြစ်ပါတယ်။
NCA လမ်းကြောင်းက ချဉ်းကပ်ခဲ့တယ်။ ၄ - ၅ နှစ် အ ချိန်ယူပြီး ချဉ်းကပ်ခဲ့တယ်။ NCA လမ်းကြောင်းက အလုပ်မဖြစ်တော့လို့ မအောင်မြင်တော့လို့ ကျနော်တို့ ဒီ လမ်းကြောင်းကို ချဉ်းကပ်ရတာ ဖြစ်တယ်။ NCA မှာ ကျနော်တို့ လက်ခံနိုင်တဲ့ ကောင်းမွန်တဲ့ အချက်အလက်တွေ အကုန်လုံး ပြန်ယူထားတာ ဖြစ်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုတွေ ဟာ ကျေနပ်အားရစရာ ကောင်းပေမဲ့၊ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA)ကို လက်မှတ်ရေးထိုးရေး မူ ကိုတော့ လက်ခံနိုင်မှာ မဟုတ်ဘူးလို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြောဆိုလိုက်ပါတယ်။
UWSA ဦးဆောင်တဲ့ မြောက်ပိုင်းစစ်ရေးမဟာမိတ်အဖွဲ့ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နဲ့ ငြိမ်းချမ်းရေးညီလာခံ အပြင်ပန်းမှာ ဒီကနေ့ သီးခြားတွေ့ဆုံခဲ့သလို၊ မနက်ဖြန်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။
The Voice နေ့စဉ် သတင်းစာမှာဖော်ပြခဲ့တဲ့“ကျည်ထောင်စုသစ္စာ” သရော်စာနဲ့ပတ် သက်လို့တပ်မတော်က The Voice အယ်ဒီတာချုပ်နဲ့ကလောင်ရှင်ကို ဒီကနေ့မှာ ဆက် သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃနဲ့တရားစွဲလိုက်ပါတယ်။
“အဲဒါကို ဥပဒေနဲ့အညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အသေးစိတ်ကတော့ ကျနေ်ာတို့ ရဲကိုမေးလိုက်ပါ။ ဥပဒေနဲ့အညီ အကုန်အရေးယူမှာဖြစ်ပါတယ်။”
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲမှာရှိတဲ့ တိုက်ခန်းတခုမှာ တရားမဝင်နေထိုင်သူတွေရှိတယ်ဆိုပြီး သံဃာတချို့ ပါဝင်တဲ့ မျိုးချစ်အင်အားစုဆိုသူ လူတစုက အတင်းဝင်ရောက်ရှာဖွေပြီးတော့ ရုန်းရင်းဆန်ခတ်လုပ်ခဲ့တဲ့အပေါ် အဲဒီမှာ နေထိုင်သူတွေက ရှုတ်ချကြပါတယ်။
မျိုးချစ်အင်အားစုအဖွဲ့နဲ့ ဥပဒေစိုးမိုးမှု
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို အစိုးရအဖွဲ့အစည်းတွေအပြင် ပြည်သူလူထုကို တရားဝင်ချပြသွားမယ်လို့ ကော်မရှင်အဖွဲ့ဝင်တဦးက ပြောလိုက် ပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင်း တချို့နယ်မြေတွေမှာ အစိုးရနဲ့ပူးပေါင်းဆောင်ရွက်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်တာ တွေ ဆက်ဖြစ်နေဆဲရှိတာကြောင့် အဲဒီနယ်မြေဒေသတွေဘက်ကနေ မြေပြင် သတင်းအချက်အလက်တွေရဖို့ ခက်လာတယ် လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ဗွီအိုအေကို ပြောပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့တွေက နယ်စပ်ကင်းစခန်းတွေ တိုက်ခိုက်မှုကစလို့ ဒေသမတည်ငြိမ်မှုတွေဖြစ်ခဲ့တာ ၆ လ လောက်ကြာခဲ့တဲ့ အခုအချိန်မှာ နယ်မြေ ဒေသအခြေအနေ ဘယ်လိုရှိပါလဲ။ မတူညီတဲ့လူ့ဘောင်အသိုင်းအဝန်းတွေကြား ယုံကြည်မှု ပြန်တည်ဆောက်နိုင်ပါပြီလား။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မမေခ တင်ပြပေးထားပါတယ်။
ဒီကနေ့ဟာဖြင့် မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် မဟာသင်္ကြန်ပွဲတော်အဖွင့် အကြိုနေ့ပါ။ မြန်မာနိုင်ငံတဝန်း၊ အထူး သဖြင့် မြို့ကြီးတွေမှာ သင်္ကြန်မဏ္ဍပ်တွေကိုဖွင့်လှစ်ပြီး စပြီးတော့ ရေကစား ပျော်ရွှင်ကြတဲ့နေ့လဲဖြစ်ပါတယ်။
ရန်ကုန်တိုင်းတွင်း ခရိုင်လေးခုမှာရှိတဲ့ မဏ္ဍပ်လေးခုထဲက အရှေ့ပိုင်းခရိုင်ဖွင့်ပွဲ အခမ်းအနားနဲ့အတူ ရန်ကုန်သင်္ကြန် အခြေအနေတချို့ကို အရှေ့ပိုင်းခရိုင်ဖွင့်ပွဲအခမ်းအနားကို သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမေခက တင်ပြထားပါတယ်။
ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ဆက်စပ်ပြီးတော့ မြန်မာတာဝန်ရှိသူတွေက အလိုရှိနေတဲ့ ဦးအောင်ဝင်းခိုင်ကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ INTERPOL က အလိုရှိသူများအဖြစ် ထုတ်ပြန်ထားတဲ့ စာရင်းထဲမှာ ဧပြီလ ၁၀ ရက်၊ တနင်္လာနေ့က ပဲ ထည့်သွင်းဖော်ပြလိုက်ပါပြီ။
မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက အရင်နှစ်တွေကထက်တိုးတက်လာနိုင်မယ်လို့ အာရှဖွံ့ဖြိုးဘဏ် ADB က သုံးသပ်လိုက်သလို စီးပွားရေးပညာရှင်တွေ ဘက်ကလည်း မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက တိုးတက်လာဖို့ မျှော်လင့်ထားကြပါတယ်။
ရခိုင်ပြည်နယ် မောင်တောခရိုင်မှာ နိုင်ငံသား စိစစ်ခံရမည့်သူ၏ အစိမ်းရောင် သက်သေခံကဒ်ပြား NVC ထုတ်ယူလိုတဲ့ မွတ်စလင်အချို့မှာ ဒီကဒ်ထုတ်ဖို့လုပ်လို့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရ တာတွေရှိပြီး မထုတ်ယူရဲတာ၊ ထုတ်ပြီး ခိုးကြောင်ခိုးဝှက်နေရတာတွေ ရှိနေတယ်လို့ ပြည်နယ်ရဲမှူး သူရဦးစန်းလွင်က ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာက ကျေးရွာအုပ်စုတာဝန်ခံ ဟာမိတ်တူလာ ခေါ် ဘာဆာကို သောကြာနေ့ည သန်းခေါင်အချိန်မှာ လူတစုက သူ့နေအိမ်မှာ လာရောက်သတ်ဖြတ်သွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
ရခိုင်ပြည်နယ်မောင်တောဒေသတွင်း မဟုတ်မမှန်လုပ်ကြံတိုင်တန်းပေးမယ်ဆိုရင် အထောက်အပံ့တွေပေးမယ် ဆိုတဲ့ သိမ်းသွင်း ခံနေရတာရှိနေပြီး ဒီလိုသိမ်းသွင်းမှုကြောင့် လိမ်ညာလီဆယ်ပြီး တိုင်တန်းမှုတွေ ရှိနေတယ်လို့ ရခိုင်ပြည်နယ်ရဲချုပ်က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
ပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသကို VOA အနေနဲ့ ပဋိပက္ခတွေဖြစ်ပြီနောက်ပိုင်းမှာ ပထမဦးဆုံးအကြိမ် တခြားသတင်းထောက်တွေနဲ့အတူ မြေပြင်အခြေအနေတွေကို လေ့လာခွင့်ရခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်