အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရတဲ့ ဝန်ကြီးများရုံးမှာ ခေါင်းဆောင်တွေ လုပ်ကြံခံရသည့်နေ့က အခန်းအတွင်း ကျန်ရှိခဲ့သော ပစ္စည်း ၂၈ မျိုးကို ပြသသွားဖို့ရှိနေသလို အာဇာနည်ဗိမာန်မှာလည်း ခေါင်းဆောင်ကြီးတွေရဲ့လွတ်လပ်ရေး သမိုင်းဖြစ်စဉ်တွေကို ပြသသွားမှာပါ။
မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms. Yanghee Lee မြန်မာစာနယ်ဇင်းကောင်စီက တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေကိစ္စနဲ့ အခြား သတင်းလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေတွေကို မေးမြန်းစုံစမ်းခဲ့ပါတယ်။
“စစ်တွေမှာတော့ဒေသခံ ပြည်နယ်အစိုးရနဲ့တွေ့တယ်။ နောက်မြို့မိမြို့ဖနဲ့တွေ့ပါတယ်၊ ပြီးတော့ကျနော်တို့ ဘူးသီးတောင်ရောက်ပါတယ်။ ခုဘူးသီးတောင် ထောင်ထဲဝင်ပြီးတော့ ဒီက အကျဉ်းသားတွေနဲ့တွေ့တယ်။ ဘူးသီးတောင်ထောင်က ထောင်မှူးကြီး နဲ့လည်းစကားပြောပါတယ်။ အားလုံးသက်ဆိုင်ရာအကုန်လုံး တွေ့တဲ့သူတွေနဲ့ အကုန်စကားပြောတယ် အားလုံး ပြေပြေပြစ်ပြစ် ပါပဲ။”
ရခိုင်ပြည်နယ်မောင်တောဒေသတွင်း လုံခြုံရေးတာဝန်ယူရသူတွေအတွက်ကတော့ အခက်အခဲတွေကြုံနေရတယ်လို့ မောင်တော ဒေသ လုံခြုံရေးတာဝန်ယူထားသူတွေက ပြောဆိုလိုက်ပါတယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရှေ့တန်းက ရပ်တည် လုပ်ဆောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ တကယ်တမ်း အာဏာရ လာတဲ့အခါ ၆၆ (ဃ) လို ဆက်သွယ်ရေးဥပဒေပုဒ်မကို ဖျက်သိမ်း ပြင်ဆင်ဖို့ ထိထိရောက်ရောက် မလုပ်သေးလို့ ဝေဖန်ခံနေရပါတယ်။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မမေခက တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဆက်နွယ်ပြီး သံသယရှိသူအဖြစ် မေးမြန်းစစ်ဆေးစဉ် အစ္စလာမ်ဘာသာရေးဆရာတဦး သေဆုံးမှုနဲ့ ပတ်သက်လို့ အဖြစ်မှန်ကို သိနိုင်အောင် စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း မြန်မာအစိုးရက ပြောဆိုလိုက်ပါတယ်။
The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှကိုကိုမောင်တို့ကို တပ်မတော်ဘက်က တိုင်ကြားတာမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့အမှုဖွင့် တိုင်ကြားခဲ့တာ မဟုတ်ကြောင်း သင့်လျှော်တဲ့ ဥပဒေနဲ့သာ အရေးယူဖို့တိုင်တာဖြစ်ပြီး ဒါကို ဗဟန်းမြို့မရဲစခန်းကဘဲ ပုဒ်မ တပ်ခဲ့တာဖြစ်ကြောင်း တပ်မတော်ဘက်က ဒီကနေ့တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံနဲ့ ကုန်သွယ်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ တရုတ်ဘဏ်တွေမှာ ထားရှိတဲ့ ဘဏ်စာရင်းတွေကို စိစစ်ဖို့အတွက် ၃ လကြာဆိုင်းငံ့ ထားမှာဖြစ်တယ်လို့ တရုတ် အစိုးရဘက်ကနေ တရားဝင်ညှိုနှိုင်းစဉ်မှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ The Voice နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေအတွက် ဒုတိယအကြိမ် အာမခံလေ ျှာက်ထားချက်ကို ဒီကနေ့ရုံးထုတ်မှာ ဒုတိယအကြိမ် ထပ်ပြီး ပယ်ချလိုက်ပေမဲ့ ဦးကျော်မင်းဆွေနဲ့ အတူ အမှုရင်ဆိုင်နေရတဲ့ စာရေးဆရာ ဗြိတိသ ျှကိုကိုမောင်ကိုတော့ ဒီကနေ့မှာပဲ တရားသေ လွှတ်ပေးလိုက်ပါတယ်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ The Voice နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော် မင်းဆွေအတွက် ဒုတိယအကြိမ် အာမခံလျှောက်ထားချက်ကို ဒီကနေ့ ရုံးထုတ်မှာ ထပ်ပြီးပယ်ချလိုက်ပါတယ်။ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ မိုးရွာသွန်းမှု ဆက်ရှိနိုင်ပြီး မြစ်ရေကြီးတာတွေ၊ ကမ်း ပါးပြိုတာတွေဖြစ်နိုင်တာမို့သတိထားဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးလိုက်ပါတယ်။
တချိန်တုန်းက အာဏာရ ပါတီကြီးဖြစ်ခဲ့ပြီး လက်ရှိ အတိုက်အခံနိုင်ငံရေး ပါတီတရပ်ဖြစ်လာတဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီအနေနဲ့ လာမယ့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ထိုက်သင့်တဲ့ အောင်မြင်မှု ပြန်ရလိမ့်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း ကြံခိုင်ရေးပါတီ ဥက္ကဋ္ဌက ပြောပါတယ်။
NLD ပါတီ အစိုးရတာဝန်ယူလာတာ တနှစ်ကျော်ကာလအတွင်း နိုင်ငံအပေါ် မူဝါဒနဲ့ စီမံခန့်ခွဲမှုအားနည်းမှုတွေ ရှိနေသလို၊ စီးပွားရေးနဲ့ ကုန်သွယ်ရေးပိုင်းမှာ တိုးတက်လာမှုမရှိဘူးလို့ တချိန်က အာဏာကိုင်ခဲ့တဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက ဝေဖန်နေပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပြီးခဲ့တဲ့အစိုးရ တာဝန်ယူထားချိန်တုန်းက ငွေကြေးဆိုင်ရာ အရှုပ်အရှင်းတွေနဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ကြံခိုင်ရေးပါတီဥက္ကဌကပြောဆိုလိုက်ပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်ရဲ့ပါဝင်မှုဟာ လေ့လာသူအဆင့်ထက် ပိုနေတာတွေကြောင့် မေးခွန်းထုတ်စရာတွေရှိနေပါတယ်။ တရုတ်နိုင်ငံက အစိုးရအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေ သြဇာသက်ရောက်မှုရှိတာမို့ ပိုပြီးသတိထားသင့်တယ်လို့ ထောက်ပြတာလဲရှိပါတယ်။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မမေခတင်ပြထားပါတယ်။
မြန်မာ့ငြိမ်းချမ်းရေး အလားအလာနဲ့ အကြပ်အတည်း
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို လုပ်ကြံသတ်ဖြတ်သူအဖြစ် စွပ်စွဲခံထားရသူနဲ့ သံသယရှိသူတွေကို ရုံးတင်စစ်ဆေးနေတဲ့ မြောက်ပိုင်းခရိုင်တရားရုံးရဲ့လုံခြုံရေးပိုင်းမှာ အားနည်းနေတာမို့ တရားရုံးပြောင်းလဲ စစ်ဆေးဖို့ စာတင်ဖို့ရှိတယ် လို့ တရားလိုရှေ့နေ အကျိုးဆောင်တဦးဖြစ်တဲ့ ဦးရောဘတ်စန်းအောင် ကပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံပဋိပက္ခတွေအတွင်း တဖက်တဖက်ရှိနေတဲ့ အဃာတ တရားတွေကို စွန့့်ပစ်ပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီကနေ့လုပ်တဲ့ ဒုတိယအကျော့ပည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပိတ်ပွဲမှာ ပြောသွားပါတယ်။
ဒုတိယအကြိမ်၂၁ ရာစု ပင်လုံ အစည်းအဝေးအတွင်း ကဏ္ဍအလိုက် အချက် ၃၀ ကျော် သဘောတူညီမှု ရခဲ့ပြီး ညီလာခံပိတ်ပွဲအခမ်းအနားမှာ သက်ဆိုင်ရာ အစုအဖွဲ့ခေါင်းဆောင်တွေက သဘောတူ လက်မှတ်ထိုးခဲ့ပါတယ်။ ညီလာခံအတွင်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တက်ရောက်လာသူတချို့ရဲ့ သဘောထားအမြင်တွေကို စုစည်းတင်ပြလိုက်ပါတယ်။
ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်ချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးအတွင်း ကဏ္ဍအလိုက် ဆွေးနွေးမှုမှာ အချက် ၃၀ ကျော် သဘောတူညီမှု ရခဲ့ပြီး ညီလာခံပိတ်ပွဲ အခမ်းအနားမှာ ဒီအချက်တွေကို သက်ဆိုင်ရာ အစုအဖွဲ့ခေါင်းဆောင်တွေက သဘောတူ လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။ဒီညီလာခံမှာ ခွဲထွက်မှု ဆိုင်ရာနဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေနဲ့ ပါတ်သက်ပြီး အတည်ပြု သဘောတူနိုင်ခြင်း မရှိပါဘူး။
နောက်ထပ်ကြည့်ရှုရန်