လစ်လပ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ရာထူးအတွက် မြန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှမိုးအောင်ကို ဝန်ကြီးချုပ်အနေနဲ့ ခန့်အပ်တာဝန်ပေးအပ်လိုက်ပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဖြစ်ခဲ့တဲ့ အဓိကရုဏ်းမှာ ရဲတပ်ဖွဲ့က လူစုခွဲပစ်ခတ်နှိမ်နင်းတာကြောင့် လူ ၇ ဦး သေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖက်က အင်အားသုံး ကိုင်တွယ်ခဲ့တယ်လို့ ယူဆမှုတွေရှိသလို၊ ဒီကိစ္စတခုလုံးအပေါ်မှာ အစိုးရဖက်က စနစ်တကျ တာဝန်ယူဖြေရှင်းဖို့လိုတယ်လို့ လေ့လာသူတွေက သုံးသပ်နေပါတယ်။
အရပ်သားအစိုးရ NLD လက် ထက်မှာ နိုင်ငံတော်လျို့ဝှက်ချက်ဥပဒေနဲ့ Reuters သတင်းထောက်တွေကို တရားစွဲဖို့ပြင်ဆင်နေတာဟာ တရားဥပဒေ စိုးမိုးဖို့နဲ့ ဒီမိုကရေစီစံနှုန်းတွေတိုးတက်လာဖို့ လုပ်ဆောင်မယ်ဆိုတဲ့ နိုင်ငံတနိုင်ငံရဲ့ အသွင်အပြင်နဲ့ ကိုက်ညီပါရဲ့လား။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မမေခ တင်ပြထားပါတယ်။
သတင်းတွေမှန်မှန်ကန်ကန် မထုတ်ဖော်နိုင်အောင် မမှန်မကန်နည်းတွေသုံးကာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဖမ်းဆီး ခံ ရိုက်တာ သတင်းထောက်တွေ ကဆိုလိုက်ပါတယ်၊အစိုးရဘက်ကတော့ဖမ်းဆီးခံသတင်းထောက်တွေကို နိုင်ငံတော် လျို့ဝှက်အက်နဲ့တရားစွဲဖို့ တရားရုံးကို တင်ခဲ့ပေမယ့် သတင်းထောက်တွေနဲ့ အတူဖမ်းထားတယ်လို့ ထုတ်ပြန်ထားတဲ့ ရဲတွေကိုတော့ တရားစွဲဆိုဖို့တင်ပြလာတာမရှိပါဘူး။
မြန်မာနိုင်ငံမှာဖမ်းဆီးထားတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ကို မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီနေ့ ဒုတိယအကြိမ်ရုံးထုတ်ပြီး နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေနဲ့ ဆက်လက်တရားစွဲဆိုဖို့ ဆုံးဖြတ်လိုက်ပါတယ်။တရားရုံးကို ကိုယ်တိုင်သွားပြီး သတင်းယူတဲ့ မမေခက သတင်းပေးပို့ထားပါတယ်။
ရခိုင်မောင်တော ဖြစ်စဉ်ကြောင့် လာမည့် ၂၀၁၈ခုနှစ်မှာ မြန်မာနိုင်ငံကို အနောက်နိုင်ငံဘက်က ရင်းနှီး မြုပ်နှံမှုတွေ လာနိုင်ဖို့ ခက်ခဲနိုင်တယ်လို့ ရင်းနှီးမြုပ်နှံမှုကော်မရှင်ဘက်က သုံးသပ်လိုက်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လက်နက်ကိုင်တချို့ရဲ့ မိုင်းဖောက်ခွဲမှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိသွားပါတယ်။ မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်တွင်းက အခုနောက်ဆုံး တိုက်ခိုက်မှုကိုတော့ ARSA အစ္စလာမ်အစွန်းရောက်အဖွဲ့က တိုက်ခိုက်ခဲ့တာလို့လည်း မြန်မာစစ်တပ်က သတင်းထုတ်ပြန်ခဲ့တာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာ အရေးဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာအပေါ် စိန်ခေါ်မှု ဖြစ်တယ် လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွတ်လပ်ရေးနေ့ကြေညာချက်မှာ ထည့်သွင်း ကြေညာလိုက်သလို ကုလနဲ့ နိုင်ငံကြီးအချို့က မြန်မာနိုင်ငံအပေါ် ရန်ငြိုးထားတိုက်ခိုက်မှု ပိတ်ဆို့ မှုတွေကို အမှန်တရား နဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေနဲ့သာ တုံြ့ပန်သွားမယ်လို့လည်းပြောဆို လိုက်ပါတယ်
အဓိကက ကုန်ထုတ်စွမ်းအားက မွတ်စလင်တွေဗျ။ အရင်တုန်းက သူတို့က အများစုအနေနဲ့ ၉၀% နေထိုင် စားသောက်ကြတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြတယ်။ အဲဒီလူတွေက မရှိကြတော့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကနေ ဟင်သီးဟင်ရွက် စိုက်ပျိုးတာ အကုန်လုံး နီးပါးရပ်ဆိုင်းတဲ့ သဘောဖြစ်နေတယ်။
Reuters သတင်းထောက် ၂ ဦးကို တမင် အကွက်ဆင် ဖမ်းဆီးခဲ့သလား
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းရတဲ့အဖွဲ့တွေ များပြားတာကြောင့် ငြိမ်းချမ်းရေး မအောင်မြင်သေးတာဖြစ်တယ်လို့ နိုင်ငံ တော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။ တရားဥပဒေစိုးမိုးမှုရှိမှသာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုဆက်လက်လုပ်ဆောင် နိုင်မယ်လို့လည်း ကယားပြည်နယ် လွိုင်ကော်မြို့မှာ လူငယ်တွေနဲ့ပြုလုပ်တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်လှို့ဝှက်ချက် ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ Reuters သတင်းထောက်နှစ်ဦးဟာ သူတို့ကိုချိန်းဆိုတဲ့ ရဲနှစ်ဦးက ပေးတဲ့ စာရွက်စာတမ်းတွေကို ယူဆောင်ပြီး ဆိုင်က အထွက် အသင့်စောင့်ဆိုင်းနေတဲ့ ရဲတွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်တယ်လို့ ဖမ်းဆီးခံသတင်းထောက် မိသားစုဝင်တွေက ပြောလိုက်ပါတယ်။
နိုင်ငံတော်လျို့ဝှက်ချက်ဥပဒေနဲ့ဖမ်းဆီးခံထားရတဲ့ Reuters သတင်းဌာနကသတင်းထောက်တွေကသူတို့အနေနဲ့သတင်းသမားကျင့်ဝတ်ကို ဖောက်ဖျက်ခဲ့တာမရှိဘူးလို့ ဒီကနေ့တရားရုံးထုတ်ချိန်မှာပြောဆိုပါတယ်။ဒီအမှုကိုဇန်နဝါရီ် ၁၀ရက်ရုံးချိန်း ထပ်မံဆင့်ခေါ်ထားပါတယ်။ဒီသတင်းကိုကိုယ်တိုင်သွားရောက်ရိုက်ကူးခဲ့တဲ့မေခကသတင်းပေးပို့ထားပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ Reuters သတင်းဌာနက သတင်းထောက်တွေက သူတို့အနေနဲ့ သတင်းသမားကျင့်ဝတ်ကို ဖောက်ဖျက်ခဲ့တာ မရှိဘူးလို့ ပြောလိုက်ကြပါတယ်။ သူတို့ဖမ်းဆီးခံထားရတာ ၂ ပတ်အကြာ ဗုဒ္ဓဟူးနေ့က တရားရုံးထုတ်စဉ်မှာ သတင်းထောက်တွေက ခုလို ပြောခဲ့ကြတာဖြစ်ပါတယ်။
မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်မှာ တွေ့တဲ့ ရုပ်အလောင်းတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကြောင့် သေဆုံးခဲ့ခြင်းရှိမရှိ ကို စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စတင် စစ်ဆေးမှု လုပ်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြန်ကြားရေး တာဝန်ခံက ပြောဆိုလိုက်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်တွေ ကျန်းကျန်းမာမာရှိနေပြီး ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သမ္မတရုံး ပြောခွင့်ရက ပြောပါတယ်။ သတင်းထောက် ၂ ယောက်ဖမ်းဆီခံထားရတာ သီတင်တပတ်နီးပါးကြာလာပြီဖြစ်ပေမဲ့ ခုချိန်ထိ မိသားစုဝင်တွေဖက်က သတင်းတစုံတရာ မသိရသေးပါဘူး။
မြန်မာ နိုင်ငံတွင်း စီးပွားရေးလုပ်ဖို့ ယုံကြည်စိတ်ချမှု လျော့ကျလာတာမို့ ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်လာကြတယ်လို့ ဂျာမနီ နိုင်ငံက ထုတ်ပြန်တဲ့ စီးပွားရေး စစ်တမ်းတခု က ထုတ်ပြန်လိုက်ပါတယ်။
NLD အစိုးရလက်ထက်မှာ မြန်မာမီဒီယာတွေရဲ့ သတင်းရယူနိုင်မှု လွတ်လပ်ခွင့်နှုန်းဟာ အရင်ဦးသိန်းစိန် အစိုးရလက်ထက်ကထက်ပိုပြီးခက်ခဲမှုတွေရှိလာ တယ်လို့ သတင်းသမားတွေက ထောက်ပြ လာတာတွေရှိပါတယ်။
NLD အစိုးရလက်ထက်မှာ မြန်မာမီဒီယာတွေရဲ့ သတင်းရယူနိုင်မှု လွတ်လပ်ခွင့်နှုန်းက အရင်ဦးသိန်းစိန် အစိုးရလက်ထက်ကထက်ပိုပြီးခက်ခဲမှုတွေရှိလာတယ်လို့ သတင်းသမားတွေက ထောက်ပြလာတာတွေရှိပါတယ်။ ဒီနေ့ကျင်းပတဲ့ ၆ကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲမှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ မေခက တင်ပြထားပါတယ်။
စီးပွားရေးနဲ့ ဒေသဖွံ့ဖြိုးဖို့ရည်ရွယ်ပြီး မောင်တောစီးပွားရေးဇုန်ကို အစိုးရကစတင်ဆောင်ရွက်နေပါတယ်။ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ဒေသထဲမှာ ခုလိုစီးပွားရေးဇုန် လုပ်တဲ့အတွက် ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုး တိုးတက်လာဖို့ အပြင် ဖွံ့ဖြိုးမှုအားနည်းနေတဲ့ လူမှုဘဝတွေပါ တိုးတက်လာနိုင်မယ်လို့ အစိုးရဘက်က မေ ျှာ်လင့်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်