ဒီနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်ကို လုံခြုံရေးတပ်ဖွဲ့တွေ ဝန်းရံပိတ်ဆို့ခဲ့ပြီး ရှာဖွေမှုတွေ လုပ်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ ပါတီဌာနချုပ်ကို ဝိုင်းထားတဲ့ နေရာကို ရန်ကုန်မြို့ထဲမှာ ဆန္ဒပြသူတွေ ရောက်လာတဲ့အတွက်လည်း တင်းမာမှုတွေ ကြုံခဲ့ရပါတယ်
နေပြည်တော်မှာ ဒီသီတင်းပတ် အစောပိုင်းတုန်းက စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လူစုခွဲဖို့ ပစ်ခတ်ခဲ့ရာက ဦးခေါင်းမှာ သေနတ်ထိမှန်ခဲ့သူ မိန်းကလေးဟာ ဦးနှောက် သေဆုံးသွားပြီဖြစ်ကြောင်း ဆရာဝန်တွေက သတ်မှတ်လိုက်ပါတယ်။
အာဏာသိမ်း စစ်တပ်အပေါ် အမေရိကန် ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်ဖို့ ကြေညာလိုက်တာကြောင့် ကြီးမားတဲ့ သက်ရောက်မှုတွေရှိလာနိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေနဲ့ အကဲခတ်တွေ ခန့်မှန်းနေကြပါတယ်။ နိုင်ငံတကာ ဖိအားတွေ နောက်ထပ် တိုးလာနိုင်တဲ့အပေါ် အမြင်တွေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက စုစည်းတင်ပြထားပါတယ်။
ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်က မနေ့က တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တချို့ကို ထပ်မံ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ဖမ်းသွားတဲ့သတင်းနဲ့ ပတ်သက်လို့ တင်္သာရီတိုင်း မဲဆန္ဒနယ်မြေ အမှတ် (၂) ကိုယ်စားလှယ် ဦးရဲမြင့်ဆွေကို မေးမြန်းထားပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အားကောင်းလာနေပေမဲ့ အာဏာပိုင်တွေက ဖြိုခွဲနိုင်တဲ့ အန္တရာယ်ကို သတိထားဖို့ လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်သူတွေ သတိပေးနေပါတယ်။
ဆန္ဒပြပွဲတွေမှာ ဆူပူအောင် တမင်သွေးထိုးလှုံ့ဆော်တာတွေရှိရင်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ကိုပဲ အဓိက ဆက်ပြီး အာရုံစိုက်လုပ်ဆောင်သင့်တယ်လို့ လူထုလှုပ်ရှားမှု အတွေ့အကြုံရှိသလို ပါဝင်နေသူ တချို့က သတိပေးပါတယ်။
နေပြည်တော်ဆန္ဒပြပွဲမှာ လုံခြုံရေးတပ်ဖွဲ့တွေဘက်က ပစ်ခတ်နှိမ်နင်းတာကြောင့် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတဦးနဲ့ ၂၃ နှစ်အရွယ် အမျိုးသားတဦးတို့ ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်လို့သိရပါတယ်။ ထိခိုက်ဒဏ်ရရသူပေါင်း ၂၀ လောက် ရှိတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက် ဒုတိယအကြိမ်အဖြစ် ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့က ဝန်ကြီးချုပ်တွေကို အာဏာပိုင်တွေကထိန်းသိမ်းလိုက်ပါတယ်။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပေါ်ပေါက်နေချိန်မှာပဲ တိုင်းနဲ့ပြည်နယ် အစိုးရအကြီးအကဲတွေကို နောက်တကြိမ် ထိန်းသိမ်းလိုက်တာပါ။
NLD ပါတီ ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ဒေါက်တာမြင့်နိုင်ကို စစ်ကိုင်းတိုင်း ဝန်ကြီးအိမ်ယာမှာပဲ အကျယ်ချုပ်ချထားဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို မကျေနပ်တာကြောင့် လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြသူတွေ ရှိနေပါတယ်။ ရန်ကုန်မြို့မှာ ဆိုရင်လည်း ဒီရက်ထဲမှာပဲ တက်ကြွလှုပ်ရှားသူ လူငယ်တချို့ ဆန္ဒပြခဲ့ကြတာပါ။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ဆက်လက် ထွက်ပေါ်လာနေပါတယ်။ တက်ကြွလှုပ်ရှားသူတွေသာမက အစိုးရဝန်ထမ်းတွေ၊ လူမှုအဖွဲ့အစည်းတွေလည်း ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်လာနေကြတာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို တရားစွဲဆိုလိုက်ကြောင်း လုပ်ဖော်ကိုင်ဖက်နီးစပ်သူတွေက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ထိန်းသိမ်းထားတဲ့ အစိုးရအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးလိုက်ပေမဲ့ ဆက်လက် ထိန်းသိမ်းခံထားရသူ တချို့လည်း ရှိနေဆဲဖြစ်တဲ့အကြောင်း ပြောပြပါမယ်။
စစ်တပ်အာဏာသိမ်းတဲ့နေ့ မနက်ပိုင်းက ထိန်းသိမ်းခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ဖြစ်စဉ်နဲ့ ပတ်သက်လို့ရော၊ စစ်တပ်အာဏာသိမ်းတဲ့ သူ့ သဘောထားကိုပါ ဗွီအိုအေ သတင်းထောက် မမေခက ဆက်သွယ်မေးမြန်းထားပါတယ်။
ဒီကနေ့ မနက် ၃ နာရီခွဲ ကတည်းက စည်ပင် အပြင်ဝန်းကို ပိတ်ထားလိုက်တယ်။ ရဲရော တပ်ရော လာချထားတယ်။
ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရနဲ့ တပ်မတော်ကြား တင်းမာမှုတွေ ထွက်ပေါ်နေချိန်မှာပဲ လုံခြုံရေး တင်းကြပ်တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ကင်းလှည့်တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့က ကားတစင်းကို မသင်္ကာလို့ စစ်ဆေးရာမှာ အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၁ ဦး စုစုပေါင်း ရိုဟင်ဂျာ ၁၃ ယောက်ကို တွေ့ရှိပြီး ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလဆန်းမှာ လွှတ်တော် အစည်းအဝေး တက်ရောက်မယ့် ကိုယ်စားလှယ်တွေကို ကိုဗစ်ရောဂါ စစ်ဆေးဖို့ နေပြည်တော်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကြိုတင်လာရောက်ကြဖို့ ကြေညာထားပြီး ရောက်ရှိလာသူတွေကို စစ်ဆေးရာမှာ အနည်းဆုံး ၄ ဦးနဲ့ မိသားစုဝင် ၂ ဦးမှာ ရောဂါပိုးကူးစက်နေတာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် အမျိုးသားညီညွှတ်ရေးကို ဦးတည်မယ့် အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုပြီး NLD က ပြောဆိုထားတဲ့အတွက် အစိုးရအဖွဲ့သစ်မှာ တိုင်းရင်းသားတွေ ပိုမိုပါဝင်လာနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
အသက် ၇၈ နှစ် အရွယ်ရှိပြီး အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတဖြစ်လာသူ Joe Biden လက်ထက်မှာ အမေရိကန်နဲ့ မြန်မာဆက်ဆံရေးဟာ အတော်လေးတိုးတက်လာမယ်လို့ ပြည်တွင်းလေ့လာ သုံးသပ်သူတွေက မှတ်ချက်ပြုခဲ့ကြတာပါ။
နောက်ထပ်ကြည့်ရှုရန်