ဒီနှစ် ပင်လုံမြို့မှာကျင်းပမယ့်နှစ် ၇၀ ပြည့် ပြည်ထောင်စုပွဲကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့ရှိသလို ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုး ခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ ဆွေမျိုးသားချင်းတွေလည်း ဖိတ်ကြားထား ပါတယ်။
ချင်းနဲ့ ရခိုင်နိုင်ငံရေးအင်အားစုတွေက သူတို့ပြည်နယ်တွေမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပနိုင်သေးဘူးဆိုရင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ရက်ရွှေ့ဆိုင်းဖို့ တောင်းဆိုလိုက်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံမှာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကိုလက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းအတွေကို အထူးဖိတ်ကြားသူအနေနဲ့ ဖိတ်ခေါ်သွားဖို့ရှိကြောင်း UPDJC ဒုဥက္ကဌက ပြောပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ ဒုတိယအကြိမ်ကို ဒီလ ၂၈ ရက်နေ့မှာ စတင်ဖို့ လျာထားကြောင်း ဆွေးနွေးခဲ့ပါတယ်။
တရုတ်နိုင်ငံက လက်မခံဘဲ မောင်းနှင်ထုတ်ခံရတဲ့ ကချင်စစ်ရှောင်ဒုက္ခသည် ၂၀၀၀လောက်ဟာ အခုအခါမှာ မဂါယန်အနီးက စခန်းတခုမှာ ခိုလှုံနေကြပြီး ရာသီဥတုပြင်းထန်တာကြောင့် ကျန်းမာရေးအတွက် စိုးရိမ်ရသလို စားနပ်ရိက္ခာလည်း ပြတ်လပ်မယ်အခြေအနေရှိနေကြောင်း ဒုက္ခသည်အရေးကူညီသူတဦးက ပြောပါတယ်။
သမိုင်းဝင်ပင်လုံညီလာခံကို တက်ရောက်သတင်းယူခဲ့သူ ဖြစ်တာကြောင့် လေးစားသူတွေက သက်ရှိ ပင်လုံလို့ တင်စား ခေါ်ဝေါ်ခံရသူ မြန်မာအလင်းသတင်းစာရဲ့ သတင်းထောက်၊ စာရေးဆရာ၊ ပါလီမန်ဒီမိုကရေစီခေတ်က လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ ဦးစံအောင်ဟာ အင်္ဂါနေ့ ညပိုင်းက တောင်ကြီးမြို့ မှာ ကွယ်လွန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို ဒီလ ၃၁ရက်နေ့မှာ တင်ပြရမယ့်အစား ရက်အကန့်အသတ် မရှိ အချိန်တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံ တနိုင်ငံလုံးငြိမ်းချမ်းရေး၊ အားလုံးပါဝင်ရေးနဲ့ လက်ရှိ ဖြစ်ပွားခဲ့တဲ့ အမှုအခင်းကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက ကျေးရွာ ရှိ နေအိမ်တလုံးပေါ်မှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တဦး အပါအဝင် လူ၂ယောက်သေဆုံးပြီး ၈ယောက် ထိခိုက်ဒဏ်ရာရ ခဲ့ပါတယ်။
ဝိုင်းမော်မြို့နယ် အတွင်းမှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ရှောင်နေရတဲ့ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံရေးကို တရုတ်အစိုးရနဲ့ မြန်မာအစိုးရက အလေးထားစဉ်းစားစေလိုကြောင်း ဒုက္ခသည်အရေးကူညီသူတွေက တိုက်တွန်းထားပါတယ်။
ပြည်တွင်း ပြည်ပ အန္တရာယ်တွေနဲ့ ပတ်သက်လို့ မဟာဗျူဟာရှုဒေါင့်က လေ့လာသုံးသပ် ပြီး သမ္မတနဲ့ ပြည်ထောင်စုအစိုးရကို အကြံပြုနိုင်ဖို့အတွက် အငြိမ်းစားသံအမတ်ကြီး ဦးသောင်းထွန်းကို အစိုးရရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဒါက္ကာမြို့ကို မနက်ဖြန် ဆိုက်ရောက်မယ့် မြန်မာအစိုးရဖက်က ဒု-နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်တင့် ဦးဆောင်တဲ့ အထူးသံတမန်အဖွဲ့ ဟာ မြန်မာပြည်ကနေ ဘင်္ဂလားဒေ့်ရ်ှဖက်ကို ထွက်ပြေးလာတယ်ဆိုတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ အရေးကိစ္စကိုလည်း ဆွေးနွေးဖွယ် ရှိနေပါတယ်။
NCA ကို လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPSTရဲ့ အရေးပေါ်အစည်းအဝေးကို ဒီလ ၁၀ရက်နေ့ကစပြီး KNU ဌာနချုပ် လော်ခီးလာမှာ ၂ရက်ကြာ ကျင်းပမှာပါ။
De-mining ခေါ် မြေမြုပ်မိုင်းရှင်းလင်းရေးနဲ့ပတ်သက်ပြီး စီမံချက်ရေးဆွဲဖို့၊ ဘဏ္ဍာရေးအခြေအနေအရ နှစ်ဖက်အဖွဲ့တွေ ညှိနှိုင်းရေးတွေကို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ရဲ့ ၂ရက်ကြာအစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။
လက်ရှိဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အနေနဲ့ ရရှိတဲ့ ငြိမ်းချမ်းရေးအတွက် ရန်ပုံငွေသုံးစွဲရာမှာ ပွင့်လင်းမြင်သာမှုရှိရှိ နဲ့ ပြည်သူကို အသိပေးဖို့ လိုအပ်သလို ထွက်ပေါ်လာတဲ့ ရလဒ်တွေကလည်း ပြည်သူ့ဆန္ဒနဲ့ ထပ်တူကျဖို့ လိုအပ်ကြောင်း သုံးသပ်တွေရှိနေပါတယ်။
ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေချိန်မှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က ကမ်းလှမ်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို နိုင်ငံတကာ သတင်းမီဒီယာတွေ မှာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာရွာသားတွေက ငြင်းဆိုခဲ့တယ်လို့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တဦးက ထုတ်ဖော်ပြောဆိုပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတာနဲ့ ပြည်သူတွေကိုမတော်မတရားပြုကျင့်တဲ့သတင်းတွေအပေါ်မှာ စိုးရိမ်ကြောင်း၊ ဒုက္ခရောက်ရသူတွေ အားလုံးကို လူသားချင်းစာနာမှုဆိုင်ရာအထောက်အကူတွေပေးအပ်ဖို့အတွက် အမေရိကန်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ဆန္ဒပြခဲ့တဲ့ပေါ်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကို ခေါ်ယူပြီး အချက် ၄ချက်ပါတဲ့ သတိထောက်လွှာပေးအပ်ခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့ဟာ ဒီကနေ့ ရခိုင်ပြည်နယ်အရေးကူညီနေတဲ့ နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ INGO တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ကူညီထောက်ပံ့ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်