အိန္ဒိယနိုင်ငံမှာ တရားမဝင်ရောက်နေတဲ့ ရိုဟင်ဂျာတွေကို ဖမ်းဆီးပြီး မြန်မာပြည် ကိုပြန်ပို့ဖို့ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး ဌာန အစည်းအဝေး မှာ ဆွေးနွေးနေကြောင်းနဲ့ လောလောဆယ် အိန္ဒိယ မှာ ဝင်ရောက်နေသူ ၄ သောင်းလောက်ရှိကြောင်းအိန္ဒိယ သတင်းတွေမှာ ဖော်ပြကြတာပါ။
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ၂၀၁၆ခုနှစ် အောက်တိုဘာလ က ဖြစ်ပွားတဲ့အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်းမှာ အကြမ်းဖက် သတ်ဖြတ်တာကြောင့် အရပ်သား ၂၃ယောက်သေဆုံးပြီး ၁၀ယောက်ပျောက်ဆုံးနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး က သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ပြီးဆုံးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေထက် အနိုင်ရကိုယ်စားလှယ်အရေအတွက် အချိုးအစားနည်းခဲ့ပြီး ဒါဟာ NLD အပေါ် လူထုထောက်ခံမှု ကျဆင်းလာတာကြောင့်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားကို သွားရောက် ခဲ့ပြီး ကချင်လူထုခေါင်းဆောင်တွေ နဲ့ တွေ့ဆုံရာမှာ NCAလက်မှတ်ရေးထိုးပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံမှာ ပါဝင်ဖို့ အလေးထားဆွေးနွေး ခဲ့ပါတယ်။
ကိုးကန့်တပ်ဖွဲ့ရဲ့ ဘဏ်စာရင်းကို တရုတ်အစိုးရဘဏ်တခုက ပိတ်လိုက်တာနဲ့ပတ်သက်ပြီး ဒါဟာ တရုတ်နဲ့ မြန်မာအစိုးရတို့အကြား နယ်စပ်ဒေသ တည်ငြိမ်းအေးချမ်းရေး အတွက် ဆွေးနွေးဆောင်ရွက် တာတွေရဲ့ ရလဒ်အဖြစ် မြန်မာအစိုးရဘက်က သုံးသပ်ပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာ တိုက်ပွဲတွေဖြစ်တာကြောင့် ပျက်ဆီးဆုံးရှုံး သွားတာတွေကို ပြန်လည် ထူထောင်မယ်ဆိုရင် အနည်းဆုံးကျပ်ငွေ သန်း၅ထောင်ကျော်လောက် လိုအပ်မယ်လို့ လောက်ကိုင်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ မူဆယ်- လားရှိုးလမ်းမှာ ဒီကနေ့ မနက်အစောပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တွေက ကုန်တင်ကား အနည်းဆုံး ၆စီးကို ရပ်တန့်စေပြီး ငွေကြေးကောက်ယူသွားတယ်လို့ ဒေသခံ အာဏာပိုင်အဖွဲ့အစည်းတွေက ပြောပါတယ်။
တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ မူဆယ်- လားရှိုးလမ်းမှာ ဒီကနေ့ မနက် တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ယာဉ်အသွားအလာတွေ ၃နာရီလောက်ရပ်ဆိုင်းသွားခဲ့ပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တဝိုက်မှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်မြန်မာနယ်စပ်က ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှာ ကုန်သွယ်မှု ပမာဏဟာ သုံးပုံတပုံအထိကျဆင်းခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ဝန်းကျင်မှာ ဒီကနေ့ထိ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေဆဲရှိပြီး လက်နက်ကြီးကျည်တချို့ဟာ တရုတ်နိုင်ငံဘက်ကို ကျရောက် ပေါက်ကွဲတာတွေ ရှိနေပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ကိုအစိုးရတပ်မတော်က လုံခြုံရေး အပြည့်ချထားလိုက်ပြီး တိုက်ပွဲဟာ ဒီကနေ့တော့ ငြိမ်သက်သွားခဲ့ပြီလို့ မြို့ခံတွေက ပြောပါတယ်။
လောက်ကိုင်မြို့အနီး တကျော့ပြန်ပြန်လည်ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ပွဲအတွင်းမှာ အရပ်သားသေဆုံးတာတွေလည်း ရှိသလို လောက်ကိုင်မြို့အနီး နယ်စပ်ဒေသတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
"လက်နက်ကိုင် ပဋိပက္ခ္ခတွေ ချုပ်ငြိမ်းပြီးတော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံဆိုတာဟာ တခုတည်းသော လမ်းကြောင်းဖြစ်တယ် လို့ ကျနော့်အနေနဲ့ ခံယူထားပါတယ်။”
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုဟာ ဖမ်းဆီးရမိထားတဲ့ ဇေယျာဖြိုးနဲ့ လွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်တို့ရဲ့ လူငယ်ဘာ၀ ပုဂ္ဂိုလ်ရေး မကျေနပ်မှုမှာ အခြေခံတယ်လို့ ယူဆကြောင်း ဒီကနေ့ ကျင်းပတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ဇော်ဝင်းက ပြောဆိုပါတယ်။
ကလေးစစ်သားအသုံးပြုမှုကို တင်တင်းကြပ်ကြပ်တားမြစ်ထားတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပဲရစ်ကတိကဝတ်နဲ့ကျင့်ဝတ်သဘောတူညီချက်ကို မြန်မာနိုင်ငံက လက်မှတ်ထိုးလိုက်ပါပြီ။
၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ဆန်းမှာ NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို ဒီလ၂၂ ရက်နေ့မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ ကျင်းပမယ့် ကချင်အမျိုးသားညီလာခံကို ကျင်းပခွင့်ပိတ်ပင်လိုက်ပြီး ကချင်နိုင်ငံရေးဆွေးနွေးပွဲအဖြစ် ကျင်းပဖို့ အာဏာပိုင်တွေက သတ်မှတ်လိုက်ပါတယ်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့နယ်အတွင်းမှာ ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့ သလို မော်ထိုက်ဒေသမှာ အစိုးရတပ်ဘက်က လူသူလက်နက် အင်အားတွေဖြည့် နေကြောင်း ကိုးကန့် တပ်ဖွဲ့ဖက်က ပြောပါတယ်။
ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သူ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ ဆွေမျိုးသားချင်းတွေ က နှစ်၇၀ပြည့် ပြည်ထောင်စုနေ့ အခမ်းအနား အပြီး ကြေညာချက် တစောင်ကို ပူးပေါင်း ထုတ်ပြန် လိုက်ပြီး ဒီအချက်တွေမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ကို ထောက်ခံကြောင်း နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်တွေကို ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။
"ပင်လုံစာချုပ်ရဲ့ အချက်အလက်တွေကို လေ့လာမယ်ဆိုရင် တိုင်ပင်ခြင်း၊ ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်း၊ သဘောတူညီမှုယူခြင်း ဆိုတဲ့မူတွေအပေါ်မှာ အခြေခံပြီးတော့ ပြည်ထောင်စုကို စတင် ထူထောင်ခဲ့တာဖြစ်ပါ တယ်။”
နောက်ထပ်ကြည့်ရှုရန်