၂၄ရက်နေ့မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို တရုတ်မြန်မာနယ်စပ်အခြေစိုက် အဖွဲ့ ၇ဖွဲ့က ပါဝင်တက်ရောက်ဖို့ရှိကြောင်း မိုင်းလားခေါ် NDAA အဖွဲ့က ခေါင်းဆောင်တဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးရတနာမြေမှာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ကွက် အတွင်း ရေမဆေးကျောက် ရှာဖွေသူတွေက ဝင်ရောက်ရှာဖွေရာမှာ နှစ်ဖက် တင်းမာမှုဖြစ်ပွား ခဲ့တဲ့နောက် လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်တာကြောင့် လူ ၄ဦးသေဆုံးပြီး အနည်းဆုံး ၅ဦးဦးဒဏ်ရာ ရခဲ့ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အချက်အခြာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ ဒီကနေ့ မနက်က ဗုံး ၂လုံးပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ဒေသခံတွေ အထိတ်တလန့်ဖြစ်ခဲ့ပေမဲ့ ထိခိုက်တာတော့ မရှိပါဘူး။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ၁၀၅မိုင်မှာ အင်္ဂါနေ့ ညနေပိုင်းက မိုင်းတလုံးပေါက်ကွဲခဲ့ပြီးနောက်ထပ်မိုင်းတလုံးကို လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းခဲ့ရပါတယ်။
ဒီရက်ပိုင်းတွေအတွင်းမှာ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးအတွက် အစိုးရနဲ့ ဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ပါဝင်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က အဖွဲ့ဝင်တချို့ နုတ်ထွက်မယ့် သတင်းတွေ ထွက်ပေါ်လာနေပါတယ်။
အများပြည်သူအသုံးပြုလမ်း၊ဈေး၊ ကျောင်းနေရာတွေကို မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ စတင်ဖို့ တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အကြားညှိနှိုင်းနေပြီး KNU ဘက်က အကြောင်းပြန်ကြား လာရင် လုပ်ငန်းစတင်မှာဖြစ်ပါတယ်။
အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ ရှမ်းနဲ့ရခိုင်လက်နက်ကိုင်အဖွဲ့၂ခုက လာမယ့် ၂၁ရာစုပင်လုံတက်ရောက်ရေးဟာ အခုချိန်ထိ မတင်မကျရှိနေပါတယ်။
၂၁ရာစုပင်လုံကျင်းပစဉ်ကာလမှာ တိုက်ခိုက်တာတွေ မရှိစေဖို့နဲ့ မကျေလည်တာတွေရှိရင် နှစ်ဖက် ညှိနှိုင်းဖြေရှင်းဖို့ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ဥက္ကဌ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့ မှူး၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ပြောလိုက်ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးရေးအတွက် နှစ်ဖက် ညှိနှိုင်းနေပြီး ၂၁ရာစုပင်လုံမတိုင်ခင်မှာ တွေ့ဆုံဖွယ်ရှိတယ်လို့ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင်တဦးက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ သင်္ကြန်ကာလ တိုက်ပွဲဖြစ်ပွားတာတွေ ငြိမ်သက်နေပြီး အစိုးရတပ်မတော်ဖက်က ဒီရက်ပိုင်း တွေအတွင်း စစ်ကား အစီး ၁၀၀ လောက် မူဆယ်ဘက်ကို ရောက်သွားတဲ့အပေါ်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သတိထားစောင့်ကြည့်နေပါတယ်။
မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်ဟာ အရင်နှစ်ကထက်စာရင် ၁၂ ဆင့်တက်လာပြီး ရမှတ်လည်း တိုးလာတာကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ဒီကနေ့ ထုတ်ပြန်တဲ့ ၂၀၁၇ ခုနှစ်အတွက် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ညွှန်းကိန်းမှာ တွေ့ရပါ တယ်။
လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးစီမံချက်ကို အကောင်အထည်ဖော်ခဲ့တဲ့ ၃နှစ်တာကာလမှာ ဘိန်းစိုက်ဧက ၉ထောင်ကျော်ဖျက်ဆီးပြီး၊ မူးယစ်ဆေးစွဲသူ ၁သောင်းကျော်ကို ဆေးဖြတ်ပေးနိုင်ခဲ့ တယ်လို့ မြစ်ကြီးနားဒေသဆိုင်ရာ မူးယစ်တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင်က ကချင်မူးယစ်ဆေး တိုက်ဖျက်ရေးနေ့ မှာပြောပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို လာမယ့် မေလ တတိယပတ်မှာ ကျင်းပဖို့အတွက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး( JICM) က ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ရဲ့ ပန်ခမ်း မျက်နှာစုံညီအစည်းအဝေးအပြီးမှာ ဖွဲ့စည်းလိုက်တဲ့ ကော်မတီဟာ လက်နက်ကိုင်တပ်ပေါင်းစုအသစ်တခု မဟုတ်သလို စစ်ရေးရည်ရွယ်ချက်အရ ဖွဲ့စည်းတာမဟုတ်ကြောင်း ပလောင်တပ်ဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးက ပြောဆိုပါတယ်။
ရခိုင်ပြည်နယ် က လူ့အခွင့်အရေးအခြေအနေ နဲ့ ပတ်သက်လို့ ဆက်ပြီး စောင့်ကြည့် သွားမယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ပြောခဲ့တဲ့အပေါ် မြန်မာ အစိုးရအနေ နဲ့တော့ လူ့အခွင့်အရေး ကောင်စီ မှာ ပြောထားတဲ့ သဘောထားအတိုင်း ရပ်တည်သွားမယ် လို့ တုံ့ပြန်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလကုန်မှာ ဥရောပ ၄နိုင်ငံခရီးစဉ်သွားရောက်ဖို့ ရှိသလို မေလအတွင်းမှာတော့ တရုတ်နိုင်ငံ ကိုသွားဖို့ရှိနေပါတယ်။ မေလဆန်းပိုင်းမှာတော့ ကာလအတန်ကြာကတည်းက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ရာစု ပင်လုံကို စတင်နိုင်ဖို့ ညှိနှိုင်းနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ်က ပြောပါတယ်။
၁၃၇၉ခုနှစ်ကို ကူးပြောင်းခဲ့တဲ့ ဒီကနေ့ နှစ်ဆန်းတရက်နေ့မှာ နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံအကြီးအကဲတွေက နှစ်သစ်ကူးနှုတ်ခွန်းဆက် စကား ပြောကြားခဲ့ရာမှာ အားလုံးနီးပါးက ငြိမ်းချမ်းရေးရရှိဖို့ မျှော်လင့်ကြောင်းနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးစားသွားမှာဖြစ်ကြောင်းတွေကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းမှာ ဘုရားဖူးစက်လှေတစင်း တိမ်းမှောက်ခဲ့တာ ကြောင့် အနည်းဆုံး လူ၇ယောက်သေဆုံးပြီး တယောက်ပျောက်ဆုံးနေပါတယ်။ စက်လှေပေါ်လိုက်ပါလာသူ ၆၀ကျော်ရှိပြီး သေဆုံးသူအများစုဟာ ကလေးငယ်တွေဖြစ်ပါတယ်။
သမ္မတဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ ထုတ်ပြန်လိုက်တဲ့ တရုတ်- မြန်မာ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်မှာ အငြင်းပွားဖွယ် ဖြစ်နေတဲ့ မြစ်ဆုံဆည် စီမံကိန်းနဲ့ပတ်သက်ပြီးပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ထည့်သွင်းဖော်ပြမထားတာဟာ မြစ်ဆုံအရေးနဲ့ ပတ်သက်ပြီး တိကျတဲ့ဆွေးနွေးမှုမရှိတာကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်တာမျိုးရှိပါတယ်။
အငြင်းပွားဖွယ်ဖြစ်နေပြီး ကန့်ကွက်တာတွေနဲ့ ရင်ဆိုင်ထားရတဲ့ ကချင်ပြည်နယ်၊ မြစ်ဆုံဆည်စီမံကိန်းကို တရုတ်ဘက်က ဖျက်သိမ်းမယ်ဆိုရင် အပြန်အလှန်အနေနဲ့ ရေနက်ဆိပ်ကမ်းနဲ့ စီးပွားရေးစင်္ကြန်တခု အစားထိုး တောင်းလာနိုင်ခြေရှိတယ်လို့ တရုတ်-မြန်မာဆက်ဆံရေး လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်