ကချင်ပြည်နယ် ကဆုန့်ကျေးရွာက တိုက်ပွဲဖြစ်ပွားစဉ် တပ်မတော်က ကချင်ဒေသခံတချို့ကို ထိန်းသိမ်းထားခဲ့မှာ တနင်္ဂနွေနေ့က ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေ သွားရောက်ညှိနှိုင်းခဲ့တဲ့နောက် အားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အထိန်းသိမ်းခံရသူ ၁၁ဦးကို တနင်္ဂနွေနေ့ ညနေပိုင်းက နမ္မတီးမြို့နယ် ခိုလှုံရေးစခန်းတွေကို ခေါ်ဆောင်နိုင်ခဲ့သလို တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ဇွပ်မိုင်ရွာသား ၃၀၀လောက်ကိုလည်း ခေါ်ဆောင်နိုင်ခဲ့တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ပြောပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ရဲ့ နိုင်ငံရေး ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့တို့ ၂ရက်ကြာဆွေးနွေးပြီးတဲ့နောက်မှာ အချက်၈ချက် အနက်မှာ ၄ချက် သဘောတူညီချက်ရခဲ့သလို အကျေအလည်ဆွေးနွေးနိုင်ခဲ့ကြောင်း UNFC ကိုယ်စားလှယ် အဖွဲ့က ခေါင်းဆောင်တဦးကပြောဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒေသခံ အရပ်သားတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး လုံခြုံရေးအစီအမံတွေ တိုးချပေးဖို့နဲ့ ဒေသခံတိုင်းရင်းသားတွေကို အထောက်အကူမပေးတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်က ထွက်ခွာဖို့ စစ်တွေမြို့ လူထုအစည်းအဝေးက ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။
တပ်မတော်က တရားစွဲဆိုထားတဲ့ သတင်းသမားတွေရဲ့ အမှုကို ဒီကနေ့ ကြားနာစစ်ဆေးပြီး ပုဒ်မ ၆၆(ဃ)နဲ့ စွဲဆိုခံထားရတဲ့ The Voice အယ်ဒီတာ ဦးကျော်မင်းဆွေကို ရန်ကုန်- ဗဟန်းမြို့နယ် တရားရုံးက အာမခံပေးခဲ့ ပေမဲ့ ပုဒ်မ၁၇(၁)နဲ့ စွဲဆိုခံထားတဲ့ သတင်းထောက် ၃ဦးကိုတော့ ရှမ်းပြည်နယ် သီပေါတရားရုံးက ပယ်ချခဲ့ ပါ တယ်။
အစိုးရနုတ်ထွက်ပေးဖို့အတွက် တောင်းဆိုနေတဲ့ သံဃာတော်နဲ့ အမျိုးသားရေးလှုပ်ရှားသူတွေဟာ အစိုးရပြုတ်ကျတဲ့အထိ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဥပဒေရေးရာကျွမ်းကျင်သူတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သပိတ်မှောက် ဆန္ဒပြတာနဲ့ အစိုးရတရပ်ပြုတ်ကျမှာ မဟုတ်ကြောင်း သုံးသပ်တာတွေလည်းရှိနေပါတယ်။
ဒီနှစ် မိုးရာသီမှာ ရေကြီးရေလျံမှု အဓိက ကြုံတွေ့ခဲ့ရတဲ့ဒေသတွေကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့ဖြစ်ပါတယ်။ ချင်းတွင်း၊ ဧရာဝတီနဲ့ သံလွင်မြစ်ရေကြီးတာကြောင့် ဇူလိုင်လဆန်းက ဒီနေ့အချိန်ထိ ရေဘေးသင့်ပြည်သူ ၉သောင်းလောက် ရှိပြီး မကွေးတိုင်းမှာ အဆိုးဝါးဆုံးခံစားရတယ်လို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆင့်နေရာနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး တပ်မတော်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က တောင်းပန်စာပေးပို့လိုက်တဲ့အပေါ်ဝေဖန်မှုတွေ အမျိုးမျိုးရှိနေပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆင့်နေရာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်အပေါ် နိုင်ငံတော်သမ္မတရုံးက ဝန်ကြီးချုပ် ဆောင်ရွက်ရမယ့်အပိုင်းကို ညွှန်ကြားထားပြီး ဒီကနေ့ ညနေပိုင်း အထိတော့ တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ ၈ရက်ကြာ အိန္ဒိယနိုင်ငံခရီးစဉ်မှာ နှစ်နိုင်ငံနယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့တွေအရေး အလေးထားဆွေးနွေးနိုင်ဖွယ်ရှိသလို အိန္ဒိယနိုင်ငံဖက်ကလည်း တရုတ်နိုင်ငံရဲ့ ပိုးလမ်းမ စီမံကိန်းအပေါ် တန်ပြန် ဆောင်ရွက်တာတွေ ရှိနိုင်ကြောင်း သုံးသပ်တာတွေရှိနေပါတယ်။
ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာအစိုးရက လက်မခံဘူးဆိုရင် နိုင်ငံတကာရဲ့ ယုံကြည်မှုကို လျော့ကျစေပြီး ဆန့်ကျင်ဝေဖန်တာတွေ ပိုမိုမြင့်တက်လာနိုင်ကြောင်း မြန်မာအရေးသုံးသပ်သူတွေက သုံးသပ်ပါတယ်။
TNLA ခေါ် တအာင်း(ပလောင်)တပ်ဖွဲ့ရဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို သွားရောက်သတင်းယူခဲ့တဲ့ DVB သတင်းထောက် ဦးအေးနိုင် အပါ ၆ဦးကို ရှမ်းပြည်နယ် သီပေါမြို့နယ်ရဲတပ်ဖွဲ့မှုရုံးမှာ မတရားအသင်းနဲ့ ဆက်သွယ်မှု နဲ့ အမှုဖွင့်ထားပါတယ်။
အစိုးရနဲ့ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်မရေးထိုးသေးအဖွဲ့တွေအကြား ဆွေးနွေးညှိနှိုင်းဖို့ ပြင်ဆင်နေချိန်မှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာနေပါတယ်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ဒုတိယအကြိမ်ညီလာခံကို အဖွဲ့ဝင် ၉ဖွဲ့အနက်က ၆ဖွဲ့ပါဝင်တက်ရောက်ပြီး နုတ်ထွက်စာတင်ထားတဲ့အဖွဲ့ ၄ဖွဲ့အနက်က ၃ဖွဲ့မတက်ရောက်ခဲ့ပါဘူး။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ညီလာခံကို မနက်ဖန်မှာစတင်မှာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနီးပါးကို ဖိတ်ကြားထားပါတယ်။ဒီညီလာခံမှာ အဖွဲ့ဝင်တွေက သီးခြား ပထမပိုင်းအနေနဲ့ ဆွေးနွေးပြီး ဒုတိယပိုင်းမှာတော့ အဖွဲ့ဝင် မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ ရှိနေပါတယ်
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ပြင်ပကနေ နိုင်ငံရေးတွေ့ဆုံဆွေးနွေး ရေးအတွက် တင်ပြထားတဲ့ တရုတ်မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့နဲ့ ဆွေးနွေးဖို့အတွက် မြန်မာအစိုးရဘက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန် ကတဆင့် ညှိနှိုင်းနေတာဖြစ်ပါတယ်။
" ခြောက်နှစ်ရှိလာပြီဆိုတော့ ယာယီပဲ လုပ်ထားပေးတဲ့ အဆောင်တွေ၊ shelter တွေဆိုတော့ အားလုံး ပျက်တာတွေလည်း ပျက် ပေါက်ပြဲတာတွေလည်း ပြဲ မိုးယိုတာကယို အဲ့တာတွေက အများကြီးရှိပါတယ်။ ကျနော်တို့က ကိုးပေ ဆယ့်နှစ်ပေမှာပဲ နေကြတာလေ။... ကျနော်တို့မှာ အလိုလားဆုံးကတော့ အိမ်ပြန်ချင်တာပဲရှိတာပါပဲ။"
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးပြီး တပတ်ကျော်အကြာမှာ ကချင်ပြည်နယ် တနိုင်းဖက်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ခိုက် တာတွေ ပြန်လည်ဖြစ်ပွားလာနေပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့အနီးက ကျေးရွာတွေမှာ ကြွက်ဝမ်းဖြူတွေ ထောင်နဲ့ချီဝင်ရောက်နေတာကြောင့် ဒေသခံတွေဟာ ဖမ်းဆီးသတ်ဖြတ်နှိပ်နင်းနေကြပြီး ရောဂါတမျိုးမျိုးကူးစက်မှာကို စိုးရိမ်နေကြသလို သဘာဝဘေးတခုခုဖြစ်ပွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။
နေပြည်တော်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး ကျင်းပနေချိန်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ နမ့်ဖတ်ကာနဲ့ လားရှိုးမြို့ တွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတချို့က တံတားမိုင်းခွဲတာ၊ အခွန်ကောက်ယူတာတွေ ရှိနေတယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာနေပါတယ်။
တရုတ်မြန်မာနယ်စပ်အခြေစိုက် အဖွဲ့ ၇ဖွဲ့ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို ပါဝင်တက်ရောက်ဖို့အတွက် နေပြည်တော်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်