ARSA ခေါ် အကြမ်းဖက်အဖွဲ့အစည်း ရဲ့ ၁လကြာအပစ်အခတ်ရပ်စဲရေး ကြေညာချက် ရက်စေ့သွားချိန်မှာ နယ်စပ်ဒေသမှာ အကြမ်းဖက်သမားတွေ ရောက်ရှိနေတဲ့ သတင်းတွေထွက်ပေါ်နေသလို အာဏာပိုင် အဖွဲ့အစည်းတွေဖက်ကလည်း ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောမြို့မှာ ၂ရက်အတွင်းမီးလောင်မှု ၄ကြိမ်ဖြစ်ပွားခဲ့ပြီးဒီမီးလောင်မှုမှာ စုစုပေါင်းလူနေအိမ် နဲ့ မြေစိုက်တဲ၂၅လုံး ဆုံးရှုံးခဲ့ပါတယ်။
အကြမ်းဖက် တိုက်ခိုက်တာတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက အခြေအနေတွေကို လေ့လာဖို့တွက် နိုင်ငံတကာသံတမန်တွေ ဒီကနေ့ ရခိုင်ပြည်နယ်ကို ရောက်ရှိနေပြီး ဒေသခံတွေနဲ့ လွတ်လွတ်လပ်လပ်တွေ့ဆုံမေးမြန်းနိုင်ဖို့အတွက်လည်း အစိုးရတာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်ပေးထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မောင်တောမြို့နယ်ကို အစိုးရအစီအစဉ်နဲ့ ရောက်ရှိသွားတဲ့ သတင်းထောက်အဖွဲ့ဟာ အစုလိုက်သတ်ဖြတ်ခံရပြီး မြုပ်နှံထားတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ ရုပ်အလောင်းတွေ တွေ့ရှိရာကိုလည်း ရောက်သွားခဲ့ကြတာပါ။ ရခိုင်ဒေသရဲ့ နောက်ဆုံးအခြေအနေကို ကိုမိုးဇော်က တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်တွင်း ရဲဘော်ကျားကျေးရွာအနီးမှာ လူသေအလောင်းတွေ မြုပ်နှံထားတဲ့ကျင်းကြီးတွေကို တူးဖော်စစ်ဆေးရာမှာ ဟိန္ဒူလူမျိုး ရုပ်အလောင်း စုစုပေါင်း ၄၅ လောင်းကို ပြန်ဖော် တွေ့ရှိထားပြီဖြစ်ပါတယ်။ ရခိုင်ဒေသမှာ သြဂုတ်လ ၂၅ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက် အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ဟိန္ဒူလူမျိုး ၁၀၀နီးပါး ပျောက်ဆုံးနေတာကြောင့်၊ နောက်ထပ် အလောင်းတွေလည်း ထပ်တွေ့မယ်လို့ မျှော်လင့်နေရပါတယ်။ ရုပ်အလောင်းတွေ ဖော်တဲ့နေရာမှာ ကိုယ်တိုင်ရောက်ရှိခဲ့တဲ့ ဗွီအိုအေသတင်းထောက်များ ပေးပို့သည့် သတင်းဓါတ်ပုံများကို ကြည့်ရှုနိုင်ပါပြီ။
“တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေးနဲ့ သဟဇာတဖြစ်ရေးဆိုတဲ့နေရာမှာ သဟဇာတဖြစ်ရေးဆိုတာ ဒေသခံ တိုင်းရင်းသားတွေအနေနဲ့ ခံစားချက်ပြင်းထန်တဲ့ ကိစ္စတွေလည်း ရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့ ညှိနှိုင်း ဆောင်ရွက်ရမယ်။ " ကော်မတီဥက္ကဋ္ဌဒေါက်တာဝင်းမြတ်အေး
ရခိုင်ပြည်နယ် စစ်တွေ-အမ်းကားလမ်းမပေါ်မှာ အင်္ဂါနေ့ညနေပိုင်းက ဗုံးသုံးလုံးဆက်တိုက် ပေါက်ကွဲခဲ့တာ ကြောင့် မော်တော်ယာဉ်၂စီး ထိခိုက်ခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဖြစ်စဉ်ဟာ လူအသေအပျောက်မရှိပေမဲ့ စစ်တပ် ယာဉ်တန်းနဲ့ ကားချင်းရှောင်ချိန်မှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် စစ်ယာဉ်တန်းကို တိုက်ခိုက်တာ ဖြစ်နိုင် ကြောင်း သုံးသပ်တာတွေရှိ နေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မရှင်ဟာ မြေပြင်ကွင်းဆင်းလေ့လာမှုအစီအစဉ်တွေကို စတင်ဖို့အတွက် ဒီကနေ့ ရခိုင်ပြည်နယ်ကို ရောက်ရှိလာပြီး လုပ်ငန်းတွေစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီပထမဆုံးခရီးစဉ်မှာ လူထုအကျိုးကို ချက်ချင်းအကောင်အထည်ဖော်နိုင်မယ့်လုပ်ငန်းတွေကို လေ့လာမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေ အကောင်အထည်ဖော်ရေး ကော်မတီက ဒီရက်ပိုင်းတွေ အတွင်းမှာ လုပ်ငန်းတွေစတင်ဖို့ ရှိနေပြီး ဒီကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်တာတွေနဲ့ပတ်သက်ပြီး ရခိုင်နိုင်ငံရေးခေါင်းဆောင်နဲ့ ပညာရှင်တွေက လုံခြုံရေးကို အဓိကထားဖို့နဲ့ နိုင်ငံသားစိစစ်ဖို့ကို အလေးဂရုပြုဖို့ လိုလားနေကြပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ နယ်မြေအေးချမ်းတည်ငြိမ်လာပြီဆိုပေမဲ့ တိမ်းရှောင်နေတဲ့ ဒေသခံ တိုင်းရင်းသား အများစုကတော့ နေရပ်ရင်းပြန်ဖို့အတွက်ကို စိုးရိမ်နေဆဲရှိနေပါတယ်။ အစိုးရသတင်း ထုတ်ပြန် ရေး အဖွဲ့ကတော့ ကယ်ဆယ်ရေးစခန်းတွေကို တိမ်းရှောင်လာသူ ၁ထောင်၄ရာကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင် တွေက စောင့်ရှောက်ပြီး နေရပ်ရင်း ပြန်ပို့ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းမှာ အခြေအနေ တည်ငြိမ်စပြုလာပြီဖြစ်တာကြောင့် စာသင်ကျောင်းတွေကို ပြန်ဖွင့်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ လောလောဆည်မှာ မြို့ပေါ်ကျောင်းတချို့ကို စတင်ဖွင့်လှစ်ဖို့ ရှိနေပြီး နောက်ပိုင်းမှာပါ ကျေးလက်က ကျောင်းတွေဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက် တိုက်ခိုက်တာတွေဖြစ်ပွားပြီးနောက် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြတဲ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ မပါဝင်သူ မူဆလင်တွေကို နေရပ်ပြန်လာနိုင်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က သက်ဆိုင်ရာရပ်မိရပ်ဖတွေနဲ့ ဆွေးနွေးဆောင်ရွက်နေပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်ခံရတာ သီတင်း၂ပတ်နီးပါးကြာမြင့်လာချိန်မှာ လုံခြုံရေးအခြေအနေကို ထိန်းချုပ်နိုင်လာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ မောင်တောမြို့ခံတဦးကတော့ ဒေသခံတိုင်းရင်းသားတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြဆဲရှိတယ်လို့ ပြောပါတယ်။
တကျော့ပြန်ဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းက မတူညီတဲ့ လူမှုအဖွဲ့အစည်း ၂ခုအကြားမှာ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ဖို့ အတွက် အခက်အခဲတွေ ရှိလာနေပါတယ်။
မောင်တောဒေသပဋိပက္ခအခြေအနေ အသေးစိတ်ကို ကိုယ်တိုင်သတင်းယူဖို့ အဲဒီဒေသကို ရောက်ရှိနေတဲ့ ကိုမိုးဇော်ပေးပို့ထားတဲ့ သတင်းဓာတ်ပုံများ ဖြစ်ပါတယ်။
အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးကြရတဲ့ ရခိုင်ဒုက္ခသည်တွေဟာ စာသင်ကျောင်းအချို့မှာ ကျဉ်းကျဉ်းကြပ်ကြပ် စုပြုံနေရပြီး နေထိုင်ရေးမှာ အခက်အခဲရှိနေတယ်လို့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။ မောင်တောအနားမှာရှိတဲ့မွတ်ဆလင်ကျေးရွာကြီးဖြစ်တဲ့ မြို့သူကြီးရွာကတော့ မီးလောင်ပြင်ဖြစ်နေပြီး လူသူကင်းမဲ့နေတယ်လို့လည်း ပြောပါတယ်။
အကြမ်းဖက်ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည် မြောက်ပိုင်း မောင်တောနဲ့ ဘူးသီတောင်းမြို့နယ်တွေအတွင်းမှာ ဒီကနေ့အထိ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနယ်က ဒေသခံတွေဟာ နယ်မြေလုံခြုံရေး အခြေအနေကို စိတ်မချတာကြောင့် ဘူးသီးတောင် ကနေတဆင့် စစ်တွေကို တိမ်းရှောင် လာနေကြပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်အတွင်းက လုံခြုံရေး ရဲကင်း၊ ရဲစခန်းနဲ့ တပ်ရင်းဌာနချုပ် စတဲ့ စခန်းနေရာစုစုပေါင်း ၃၀လောက်ကို အကြမ်းဖက်သမားတွေက တပြိုင်နက်တည်းလို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နောက် အနီးအနားကျေးရွာက ဒေသခံတိုင်းရင်းသားတွေ မောင်တောနဲ့ ဘူးသီးတောင်မြို့တွေကို တိမ်းရှောင်လာသလို မြို့ပေါ်နေပြည်သူတွေဟာလည်း လုံခြုံရေးအတွက် စိုးရိမ်နေကြ ပါတယ်။
ပြီးခဲ့တဲ့အပတ်က ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ တဲ့ နမ္မတီးမြို့မှာ ခိုလှုံနေကြတဲ့ ကဆုန့်ရွာသားတွေဟာ အဲဒီဒေသမှာစစ်ကြောင်းတွေ ကင်းရှင်းသွားပြီလို့ ပြောပေမဲ့ မပြန်ရဲဘဲ ဖြစ်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်