“အခု ကျနော်တို့ စိတ်ပူမိတာကတော့ ဒါဟာ ရခိုင်ပြည်နယ်တခုတည်းရဲ့ ပြဿနာ မဟုတ်တော့ဘဲနဲ့ မြန်မာပြည်ရဲ့ နေရာအတော်များများမှာ ပျံ့နှံ့လာနေတဲ့ ကိစ္စ ဖြစ်လာနေရုံတင်မက၊ မလေးရှားနဲ့ အင်ဒိုနီးရှားအထိ ရောက်လာတာပါ။"
“နံပါတ်တစ်က ကျနော်တို့ တောင်းဆိုတာက တိုင်းရင်းသားလူမျိုးစုတွေနဲ့ အပစ်အခတ် ရပ်စဲရုံသာမကဘဲနဲ့ ပြည်လုံးကျွတ် ထာဝရငြိမ်းချမ်းရေး အမြန်ဆုံး ရရှိဖို့အတွက် ဥပဒေတွေ ပြုပေးရန်ပေါ့နော်။"
ရန်ကုန် လှိုင်သာယာစက်မှုဇုန်မှာ လုပ်အားခတိုးမြင့်ရေး၊ အလုပ်သမားရပိုင်ခွင့်နဲ့ အလုပ်ရှင်နဲ့အလုပ်သမား ဥပဒေတန်းတူရေး အပါအဝင် အချက် ၁၄ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ကေအိုင်အေ ဌာနချုပ်အနီးမှာ မြန်မာစစ်တပ်ဘက်က မြေပြင်ကနေရော၊ ဝေဟင်ကနေပါ ထိုးစစ်ဆင်မှုတွေ ရှိနေသလို ကချင်ဒေသက တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။
ကေအိုင်အေကလည်း အခုလိုအစိုးရတပ်ဘက်က ရာဇသံဆန်တဲ့ အကြောင်းကြားစာဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ် ထိခိုက် ပျက်ပြားနိုင်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ ဝန်ကြီးဦးအောင်မင်းဆီ စာပြန်ပို့လိုက်ပါတယ်။
မြန်မာနိုင်ငံထဲကို ပြင်းပြင်းထန်ထန် ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်း ဂီရိကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။
နာဂစ်မုန်တိုင်း နောက်ပိုင်း မိဘမဲ့ ကျန်ရစ်ခဲ့တဲ့ ကလေးတွေအကြောင်း ရိုက်ကူးထားတဲ့ ဗွီဒီယို မှတ်တမ်းတိုလေး တခုကို ဆုချီးမြှင့်ခံရပါတယ်။