ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆင်နဲ့ ယူကျုဗွီဒီယို လွှင့်ထုတ်သူကနေ လက်ဝှေ့သမား ဖြစ်လာတဲ့ ဂျိတ်ခ်ပေါလ်တို့ လာမယ့် နိုဝင်ဘာ ၁၅ ရက် သောကြာနေ့မှာ တက္ကဆက်ပြည်နယ် အာလင်တန်မြို့မှာ လက်ဝှေ့ထိုး ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့မှာ တနင်္ဂနွေနေ့ နိုဝင်ဘာ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ MTV ဥရောပဂီတ ဆုပေးပွဲမှာ ကမ္ဘာကျော် အမေရိကန်ပေါ့ပ်အဆိုတော် Taylor Swift တေလာဆွိဖ် ဆု ၄ ဆု ရရှိသွားပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump က အစိုးရအဖွဲ့ ဖွဲ့စည်းရေး လုပ်ဆောင်နေချိန်မှာ သူ့ရဲ့ မဲဆွယ်စဉ်က ကတိတွေကို ဘယ်လို အကောင်အထည်ဖော်မလဲ၊ ရန်ဘက်တွေကို လက်စားချေမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။ တိုးတက်ရေးသမားတွေကတော့ ဒီမိုကရက်တစ်ပါတီ ရှုံးနိမ့်မှုအပေါ် ပြန်လည်သုံးသပ်နေကြပါတယ်။
စစ်ဖြစ်နေတဲ့ အစ္စရေး နဲ့ ဟားမက်စ်အကြား အပစ်ရပ်ဆဲရေးအတွက် စိတ်ဆန္ဒမရှိသလို အလေးအနက်လည်း မထားဘူးလို့ ပြောဆိုပြီး အပစ်ရပ်ရေး စေ့စပ်ပေးနေတဲ့ ကာတာနိုင်ငံဟာ ညှိနှိုင်းပေးနေတာတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒီအကြောင်း Arash Arabasadi သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
စစ်မြေပြင်နဲ့ ဆက်စပ်နေရာတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့ စစ်ပြန်တွေကို စိတ်ဒဏ်ရာကုစားပေးဖို့ တာဝန်ထမ်းခွေးတွေနဲ့ အကူညီပေးနေတဲ့ အစီအစဉ်ကို အမေရိကန်နိုင်ငံ Kansas ပြည်နယ်အခြေစိုက် The Battle Within အဖွဲ့ က ဆောင်ရွက်နေပါတယ်။
အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေရှိနေတဲ့ ယီမင်နိုင်ငံဘက်က တနင်္လာနေ့က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစင်းကို အစ္စရေးက ကြားဖြတ်ပစ်ချနိုင်ခဲ့ပါတယ်။ ဂျေရုဆလင်မြို့နား ပျက်ကျခဲ့တဲ့ဒုံးကျည်ကြောင့် မီးလောင်ခဲ့သလို ဟူသီသူပုန်တွေကတော့ အစ္စရေးနိုင်ငံအလယ်ပိုင်း ကို တိုက်ခိုက်နိုင်ခဲ့ကြောင်းပြောခဲ့ပါတယ်။
“နိုဝင်ဘာ ၁ဝ ရက်နေ့က ပစ်တာ၊ အတည်ပြုလို့ရတယ်။ စစ်ရဟတ်ယာဉ်ကမနေ့က လာခဲ့တယ်။ အဲဒီမှာ ၄ စီးရောက်တယ်။ ပထမဆုံးဆင်းတဲ့တစီးကို ပြန်တက်တဲ့အချိန်မှာ အာရက္ခတပ်တော်က ပစ်လိုက်တာ။ ဘယ်နေရာကို သွားထိလဲ ဆိုတော့ တောင်ပံကိုထိတာ။ အဲဒီမှာလေယာဉ်က ပြေးပေါက်ရှာပြီးတော့ တောင်ပေါ်ဘက်ကိုထိုး တက်တာ။" (ရခိုင်အရေးစောင့်ကြည့်သူ)
တောင်တရုတ်ပင်လယ် ရေပိုက်နက်အရေး တရုတ်နဲ့အင်ဒိုနီးရှား နှစ်နိုင်ငံ သဘောတူညီချက်တွေကို အကောင်အထည်ဖေါ်နိုင်အောင် ပူးပေါင်းလုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဇာဘိုင်ဂျန်နိုင်ငံ Baku မြို့တော်မှာ သီတင်းနှစ်ပတ်ကြာကျင်းပမယ့် COP29 လို့ ခေါ်တဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး ဒီနေ့ တနင်္လာနေ့ စတင်ပါပြီ။
“ဆော့လော်၊ ချီဖွေ၊ ပန်ဝါဘက်က အခြေအနေကတော့ သိပ်ပြီးမှ အပြောင်းအလဲတွေ မရှိဘူး။ ဟိုးတရုတ်ပြည်နယ်စပ်အစွန်ဘက်က လန်ဆယ်ဆိုတဲ့ရွာတခုကိုတော့ ၁၀ ရက်နေ့မနက်ပိုင်းမှာ သိမ်းပြီးမှ အခုတော့ အဲဒီမှာ ကျနော်တို့နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်။ လုံခြုံရေးတွေ လုပ်နေတယ်။” (ဗိုလ်မှူးကြီးနော်ဘူ-KIA ပြန်ကြားရေးတာဝန်ခံ)
အမေရိကန်အစိုးရအဖွဲ့အတွင်း လူသစ်ခန့်အပ်မှုတွေမှာ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်ရယူရတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းလဲပြီး အထက်လွှတ်တော်ရဲ့ အတည်ပြုချက်မလိုဘဲ သမ္မတရဲ့ သဘောနဲ့ခန့်ထားခွင့်ရဖို့ ရွေးကောက်ခံသမ္မတ Donald Trump က ရီပတ်ဘလစ်ကန် ပါတီဝင်အမတ်တွေကို ဖိအားပေးနေပါတယ်။
ရှမ်း ကယားနယ်စပ် ဖယ်ခုံမြို့နယ်နဲ့ လွိုင်ကော်မြို့နယ် နှစ်နေရာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်ခတ် ဗုံးကြဲတိုက်ခိုက်လို့ နိုဝင်ဘာလ (၈) ရက်တရက်တည်းမှာပဲ အရပ်သား(၆)ဦးသေဆုံးပြီး တချို့ဒဏ်ရာပြင်းထန်ရခဲ့ကြတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဗွီအိုအေကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ပလင်ကန်သမ္မတ Donald Trump က မဲအကြိတ်အနယ်ဖြစ်နေတဲ့ ပြည်နယ် ၇ ခုလုံးမှာ အနိုင်ရပြီး၊ တနိုင်ငံလုံး စုစုပေါင်း မဲအရေအတွက်မှာလည်း အသာရခဲ့ပါတယ်။
အီရန်ခြိမ်းခြောက်မှုနဲ့ပတ်သက်လို့ အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump နဲ့ အပြန်အလှန်အမြင်တွေ ဆွေးနွေးဖလှယ်ပြီး၊ သဘောတူညီမှုရခဲ့ကြတယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က တနင်္ဂနွေနေ့က ပြောပါတယ်။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန် အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ဆီက အဆိုပြုချက်ကို ရုရှားအစိုးရက နားထောင်ကြည့်မှာ ဖြစ်ကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ပြောပါတယ်။
အီရန်အပေါ် အကြီးမားဆုံး ဖိအားပေးနေတဲ့ မူဝါဒကို ပြောင်းလဲပေးဖို့ အမေရိကန် အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ကို အီရန်က တိုက်တွန်းလိုက်ပါတယ်။
နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်ပါတီက အပြတ်အသတ် အနိုင်ရခဲ့တဲ့နောက် စနစ်တကျ အာဏာလွှဲပြောင်း ပေးမယ်လို့ ကတိပြုထားတဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတဂျိုးဘိုင်ဒန်ဟာ အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ကို ဗုဒ္ဓဟူးနေ့မှာ အိမ်ဖြူတော်မှာ တွေ့ဆုံမှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူက စနေနေ့မှာ ပြောပါတယ်။
ရွေးကောက်ခံ သမ္မတ Donald Trump ရဲ့ မဲဆွယ်အစီအစဉ်တွေမှာ နယ်စပ်လုံခြုံရေး၊ စီးပွားရေး ခိုင်မာကောင်းမွန်ရေးနဲ့ အမေရိကန် နိုင်ငံကို ပထမဦးစားပေး အဖြစ်ထားရှိရေးတွေ ပါဝင်ပါတယ်။ သူ့ရဲ့ ကတိစကားတွေက ထင်ရှားပေမဲ့လည်း ဒါတွေကို ဘယ်လိုလုပ်ဆောင်မလဲ ဆိုတဲ့ အသေးစိတ်ကတော့ တင်ပြထားတာနည်းပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ အကူအညီနဲ့ ယူကရိန်းက တင်ပို့တဲ့ ပြောင်းဆန် တန်ချိန် ၁၉,၀၀၀ ကျော်ဟာ ပထမ အသုတ် အနေနဲ့ မာလာဝီ နိုင်ငံကို ရောက်ရှိသွားပါပြီ။ အခု စားနပ်ရိက္ခာ အကူအညီဟာဆိုရင် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ သန်းနဲ့ချီတဲ့ မာလာဝီ ပြည်သူတွေ အတွက် အထောက်အပံ့ ဖြစ်စေမှာပါ။
စစ်ကောင်စီနဲ့ မဟာမိတ်နိုင်ငံရေး အင်အားစုတွေကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲ တခုကို ဒီသီတင်းပတ်ထဲ ဖိတ်ကြားခဲ့ကြောင်း နီးစပ်သူတွေကို ကိုးကားပြီး အိန္ဒိယလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်